Sunday, August 3, 2014

ကပ်ရောဂါဆိုးတွေ ကမ္ဘာကြီးမှာ တဖြည်းဖြည်းဆိုက်လာပြီ ....

ီဘိုလာရောဂါ ကူးစက်ပျံ့နှံ့မှု မြန်ဆန်လာ
********************************************

အနောက်အာဖရိကနိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါဟာ ရောဂါထိန်းချုပ်ရေး လုပ်ဆောင်မှုတွေထက် ပျံ့နှံ့ကူးစက်မှုက ပိုမြန်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌ မာဂရက်ချမ်း က သြဂုတ်လ ၁ ရက် နေ့ ပြောဆိုပါတယ်။
 
ကူးစက်ခံရသူတွေ သေဆုံးမှုတွေ ဆက်လက်ဖြစ်ပွားနေပြီး ရောဂါထိန်းချုပ်ရေးလည်း မအောင်မမြင် ဖြစ်နေတယ်လို့လည်း က ဆိုပါတယ်။

ဒီနှစ်အတွင်း အနောက်အာဖရိကနိုင်ငံတွေမှာ သေဆုံးသူ ၇၂၈ ဦးရှိသွားပြီဖြစ်ပေမယ့် စနစ်တကျသာတကယ်လုပ်နိုင်မယ်ဆိုရင် ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်တယ်လို့လည်း ဆိုပါတယ်။ ရောဂါကူးစက်ခံရရင် ရောဂါကူးစက်ခံရသူရဲ့ ၁၀ ယောက်မှာ ၉ ယောက်အထိ သေဆုံးနိုင်တာလည်း ဖြစ်ပါတယ်။

အီဘိုလာရောဂါဟာ ရောဂါရှင်ရဲ့ ခန္ဓာကိုယ်ကထွက်တဲ့ ချွေး၊ သွေး၊ တံတွေးစတဲ့ အရည်တွေကနေတဆင့် ကူးစက်တာဖြစ်ပြီး စောစောစီးစီး သိရှိပြီး ကုသမှုခံယူရင် အသက်ရှင်ဖို့ အခွင့်အရေးရှိတယ်လို့ ဆိုပါတယ်။

လိုင်ဘေးရီးယားနိုင်ငံမှာ အီဘိုလာရောဂါကုသပေးရင် ကူးစက်ခံခဲ့ရတဲ့ အမေရိကန် ဆေးဝန်ထမ်း ၂ ဦးကိုတော့ အမေရိကန်နိုင်ငံကို ပြန်ခေါ်ပြီး ဆေးကုသမှာဖြစ်ပြီး အမေရိကန်နိုင်ငံမှာ ပထမဆုံးကုသမယ့် အီဘိုလာရောဂါသည်တွေပဲဖြစ်ပါတယ်။
 
ရောဂါစတင်ဖြစ်ပွားခဲ့တာ ၁၉၇၆ ခုနှစ်ကတည်းကဆိုတော့ အီဘိုလာရောဂါ ကာကွယ်ကုသရေး အခြေခံနည်းစနစ်တွေက ရှိပြီးဖြစ်ပါတယ်။ အခုဖြစ်နေတဲ့ ပြဿ နာက အဲ့ဒီ ကာကွယ်ကုသနည်း တွေကို လက်တွေ့အသုံးချရေးမှာ ပြဿ နာဖြစ်နေတယ်လို့ ဆိုပါတယ်။

၁၉၇၅ ကတည်းက စတင်တွေ့ရှိခဲ့တဲ့ အီဘိုလာရောဂါဟာ အခုနှစ်အထိ တောက်လျောက် ဖြစ်ပွားလာခဲ့တာဖြစ်ပြီး တချို့နှစ်တွေမှာဆိုရင် လုံးဝသေဆုံးသူမရှိအောင် အောင်အောင်မြင်မြင် ကုသနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်ကျမှ သေဆုံးသူဦးရေ သိသိသာသာများပြားလာခဲ့တာလည်းဖြစ်ပါတယ်။ အခု ရောဂါအပြင်းထန်ဆုံးဖြစ်ပွားနေတဲ့ အနောက်အာဖရိကဒေသဟာ ကမ္ဘာ့အဆင်းရဲဆုံး ဒေသ တွေဖြစ်ပြီး တချို့ဒေသတွေမှာဆိုရင် လက်နက်ကိုင်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ ဒေသတွေလည်းဖြစ်ပါတယ်။

ရောဂါကုသရေးပစ္စည်းတွေ တကယ်ကျွမ်းကျင်သူတွေလက်ထဲရောက်အောင် ပေးပို့ဖို့တောင် အခက်အခဲဖြစ်နေတဲ့ဒေသတွေဖြစ်ပါတယ်။ ဒါကြောင့်လည်း ကြီးက အနောက်အာဖရိကနိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ရောဂါတိုက်ဖျက်ရေး အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထုတ်ပေးခဲ့ပါတယ်။

ထောက်ပံ့ငွေနဲ့ ရောဂါဖြစ်ပွားရာနိုင်ငံတွေမှာ ကျန်းမာရေးဝန်ထမ်းတွေ ပိုမိုခန့်ထားမှာလည်း ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲနဲ့ ရဲ့ထောက်ပံ့မှုအစီအစဉ်ဟာ ရောဂါတိုက်ဖျက်ရေး အချိုးအကွေ့တခုဖြစ်မယ်လို့လည်း က ဆိုပါတယ်။

အီဘိုလာရောဂါဟာ ထိထိရောက်ရောက် မကုသနိုင်ရင် ကူးစက်ခံရပြီး ၂ ရက်ကနေ ၂၁ ရက်အတွင်း သေဆုံးပြီး ကုသဆေး၊ ကာကွယ်ဆေး မရှိသေးပါဘူး။

Credit : DVB

0 comments: