Sunday, August 24, 2014

အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို ဆီရီးယားနယ်ထဲအထိ တိုက်ခိုက်သွားမည်ဟု အမေရိကန် ပြော

3961390020

အီရတ်မှာ အမေရိကန် သတင်းထောက်တယောက် ခေါင်းဖြတ်ခံရပြီးနောက် အိုင်အက်စ် အစ္စလာမ္မစ်သူပုန်တွေကို ဆီရီးယာနယ်မြေထဲအထိ တိုက်ခိုက်သွားဖို့ စဉ်းစားနေတယ်လို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က သြဂုတ်လ ၂၂ ရက်နေ့မှာ ပြောပါတယ်။

အမေရိကန်တွေကို ကာကွယ်ဖို့၊ အစ္စလာမ္မစ်သူပုန်တွေရဲ့ တိုက်ခိုက်မှုကို ခြိမ်းခြောက်မှုကို ရင်ဆိုင်ရာမှာ လိုအပ်တဲ့ တုံ့ပြန်မှုတွေလုပ်သွားဖို့ စဉ်းစားနေတယ်လို့ ပြောပါတယ်၊ ဒီအတွက် နယ်မြေ အကန့်အသတ် ထားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

အိုအက်စ် သူပုန်တွေဟာ လွန်ခဲ့တဲ့ ၆ နှစ်ကထက် စာရင် အန္တရာယ် ပိုများလာတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

အမျိုးသားလုံခြုံရေး လက်ထောက် အကြံပေး ဘန်း ရိုဒီစ်က အစ္စလာမ္မစ်သူပုန်တွေ ဖမ်းထားတဲ့ တန်ဆာခံတွေကို ကယ်နိုင်ဖို့ စစ်ရေး၊ ထောက်လှမ်းရေးနည်း၊ သံတမန်နည်းလမ်းတွေကို အသုံးပြုသွားမယ်လို့ ပြောပါတယ်။

အခုအထိ အမေရိကန်ဟာ အီရတ်မြေပေါ်မှာ ယာဇီဒီ ဘာသာဝင် လူနည်းစုတွေကို ကာကွယ်ဖို့နဲ့ မိုဆိုလ်ရေကာတာကို သူပုန်တွေ လက်ကနေ ပြန်သိမ်းဖို့ တိုက်ပွဲတွေအတွက် အစ္စလာမ္မစ်သူပုန်တွေကို လေကြောင်းတိုက်ခိုက်မှု အကြိမ် ၉၀ ကျော် ပြုလုပ်ခဲ့ပါတယ်။

ဒီရက်ပိုင်းတွေအတွင်း အမေရိကန်က အီရတ်မြေပေါ်မှာ အစ္စလာမ္မစ်သူပုန်တွေကို လေကြောင်းကနေ တိုက်ခိုက်နေတာပါ၊

သတင်းရင်းမြစ် - ဒီဗွီိဘီ

0 comments: