
၁၈ရက်၊ သြဂုတ်လ၊ ၂၀၁၄ခုနှစ် ရှမ်းပြည်နယ်မြောက်ပိုင်း
နမ့်ခမ်းမြို့နယ် ကောင်းဝိုင်းကျေးရွာနှင့် မန်စပ်ကျေးရွာကြားတွင်
မြန်မာအစိုးရ စစ်တပ် တပ်မ (၈၈)နှင့် တအာင်းတပ်မတော် တပ်မဟာ (၁) လက်အောက်ခံ
တပ်ရင်း (၁၁၂) တို့သည် နံနက် ၉း ၄၅မှ ၁၀း ၀၀ နာရီ အထိ နှစ်ဖက်တိုက်ပွဲ
ဖြစ်ပွားခဲ့ရာ အွမ်လောအုပ်စု မန်ကောင်းကျေးရွာနေ(ဂေါင်းတ၀ါး) ရွာသား
(၂)ဦးနှင့် ဟိုနားကျေးရွာနေ ရွာသားတဦးတို့မှ လက်နက်ကြီးထိမှန်ပြီး
တစ်ဦးမှာ ဤနေ့တွင် နမ့်ခမ်းဆေးရုံသို့ သေဆုံးခြင်းနှင့် နောက်ထပ်
(၂)ဦးမှာ ဒဏ်ရာ ပြင်းထန်စွာရရှိသဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။
အွယ်လောအုပ်စု
မန်ကောင်းကျေးရွာနေ ရွာသားနှစ်ဦးသည် နမ့်ခမ်းမြို့ပေါ်သို့
အလည်သွားသည့်အခါ မန်ကောင်းကျေးရွာ အဆင်းလမ်းတွင် မြန်မာစစ်တပ်မှ
ပစ်လိုက်သည့် လက်နက်ကြီးကြောင့် မိုင်းညီနိုင်ဇား အသက် (၂၂)နှစ် နှင့်
မိုင်းယိုင်ထွန်းသန်း အသက် (၂၃)နှစ်တို့အား ထိမှန်ခဲ့ပါသည်။ လက်နက်ကြီး
ထိမှန်မှုကြောင့် အစိုးရတပ်ရင်းမှာ သူတို့နှစ်ဦးကို တအာင်းစစ်တပ်ထင်ကာ
ဖမ်းဆီး လက်ထိပ်ခတ်ထားပြီး စစ်ဆေးမေးမြန်းပါသည်။ မိုင်းညီနိုင်ဇားသည်
နမ့်ခမ်းဆေးရုံသို့ရောက်သည့်အခါတွင် သေဆုံးပြီး မိုင်းယိုင်ထွန်းသန်းသည်
ဘယ်ဖက်ခေါင်း၊ ၀ဲပျံမျက်လုံး၊ ဗိုက်တည့်တည့်၊ ဘယ်ဖက်ပေါင်စသည့်တို့
ဒဏ်ရာပြင်းထန်စွာဖြင့် ထိမှန်ထားသည်။
‘’ ကျနော်တို့
နှစ်ယောက်က မြို့ကို သွားမလို့ ဆင်းလာတယ်။ နိုင်ဇားက ဆိုင်ကယ်မောင်းတယ်။
ကျနော်က နောက်ကနေ လိုက်စီးတယ်။ အစိုးရ စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့်
ကျနော်တို့ နှစ်ယောက်ကို ထိတယ်။ ကျနော်တို့ နှစ်ယောက်လဲ တကိုယ်လုံး
သွေးတွေနဲ့၊ ဗမာစစ်တပ်က ကျနော်တို့ နှစ်ယောက်ကို မြင်တယ်။
ကျနော်တို့နှစ်ယောက်ကို တအာင်းတပ်မတော်ဆိုပြီး ဖမ်းဆီး လက်ထိပ်ခတ်လိုက်တယ်။
ပြီးတော့ ကျနော်တို့ နှစ်ယောက်ကို စစ်ဆေးတယ်။ ကျနော်တို့ နှစ်ယောက်လည်း
စစ်သားပစ္စည်းမရှိတော့ ပြန်လွတ်လိုက်တယ်။ ညီဇားလည်း အခြေအနေ မကောင်းဘူး။
တရုတ် ကောင်လေးတယောက်နဲ့တွေ့တော့ ကျနော်တို့ နှစ်ယောက်ကို
ဆေးရုံခေါ်သွားတယ်’’ ဟု မိုင်းယိုင်ထွန်းသန်းမှ ပြောပြခဲ့သည်။
မှတ်တမ်းနှင့်သုတေသနဌာန
တအာင်းအမျိုးသမီးအဖွဲ့အစည်း
မိုင်းညီနိုင်ဇားအား
ဆရာဝန်စစ်ဆေးချက်ကို နယ်ထိန်း လုံခြုံရေးမှ ဖျောက်ဖျက်ပြီး
မည်သည့်တပ်မတော် လက်နက်ကြီးကြောင့် ထိမှန်ထားခြင်း မသိဘဲ အသုဘကို
ချလိုက်ရသည်။
‘’သူတို့ နှစ်ယောက်က မန်ကောင်းရွာကနေ
နမ့်ခမ်းမြို့ကို ဆင်းလာတယ်။ တိုက်ပွဲဖြစ်မှန်း မသိဘူး။ လမ်းအဆင်းမှာပဲ
နှစ်ယောက်လုံးကို လက်နက်က ထိတယ်။ ညီနိုင်ဇားက တကိုယ်လုံးလိုလို ဒဏ်ရာတွေပဲ
ဒါကြောင့် နမ့်ခမ်းဆေးရုံရောက်တော့ ဆုံးသွားတယ်။ သူက
ဆိုင်ကယ်မောင်းတဲ့သူဆိုတော့ သေနတ်ကျည်ဆံထိတာ များတယ်။ နမ့်ခမ်းဆေးရုံကို
ပို့တဲ့အချိန် သူ မိဘတွေ၊ ဆွေမျိုးတွေ ရပ်မိရပ်ဖ၊ သတင်းမီဒီယာ
လာရောက်ကြည့်ရှုတယ်။ ဒါပေမယ့် နယ်ထိန်း လုံခြုံရေးတွေက မပေးကြည့်ဘူး။
ခွဲစိတ်ပြီးတော့လည်း လက်နက်ကြီးလား၊ လက်နက်ငယ်လားဆိုတာ မပြောပြဘူး။
ခွဲစိတ်ထားတဲ့ သက်သေတွေကို နယ်ထိန်းလုံခြုံရေးတွေက ဖျောက်ပစ်လိုက်တယ်။
သူရဲ့ အသုဘကို ၁၉ရက်နေ့ နေ့လည် ၁၂နာရီလောက် နမ့်ခမ်းမှာပဲ
မီးသဂြိုလ်လိုက်တယ်’’ ဟု နီးစပ်သော အသိုင်းအ၀ိုင်းမှ ပြောပြခဲ့သည်။
မိုင်းယိုင်ထွန်းသန်းသည် ခေါင်းကို ဒဏ်ရာပြင်းထန်စွာဖြင့် ထိမှန်ထားခြင်းကြောင့် မူဆယ်မှ လားရှိုးသို့ လွဲပြောင်း ကုသနေရသည်။
‘’
မိုင်းယိုင်ထွန်းသန်းကတော့ အာရုံကြောကို ထိထားတယ်။ ခွဲစိတ်ကုသမှု
ပြုလုပ်ရမယ်။ မူဆယ်ဆေးရုံက မနိုင်ဘူး။ မန္တလေးကို ဆင်းခိုင်းပါတယ်။
ဒါပေမယ့် မန္တလေးဆင်းရင် လူနာကားမစီးနိုင်သလို လမ်းခရီးမှာလဲ တခုခု
ဖြစ်သွားမှာ အရမ်းစိုးရိမ်လို့ လားရှိုးဆေးရုံကိုပဲ ပို့ဆောင်ထားတယ်။
လားရှိုးဆေးရုံမှာ မန္တလေးက သီသဂူဆရာဝန်ကိုယ်တိုင် ရောက်လာပြီး
ခွဲစိတ်မယ်လို့ ဆရာဝန်က ပြောတယ်။’’ ဟု မိုင်းယိုင်ထွန်းသန်း၏ အစ်မ ပြောပြခဲ့သည်။
သေဆုံးသူနှင့်
ဒဏ်ရာရရှိထားသူသည် နားရေးနှင့် ဆေးဖိုးကုသမှုစရိတ်ကိုလည်း တစ်ပြားတစ်ကျပ်မှ
ကူညီဆောင်ရွက်ခြင်း မရှိသေးဟု နီးစပ်သော ဆွေမျိုးများမှ ပြောပြခဲ့သည်။
ထို့အပြင်
နမ့်ခမ်းမြို့နယ် ဟိုနားကျေးရွာနေ မိုင်းလုမ်အေ၀်း အသက် (၂၁)နှစ် နှင့်
မိုင်းလေမ်သန်းနိုင်တို့ကို တပ်မ(၈၈)မှ ၁၈ရက်နေ့တွင်
လမ်းပြအဖြစ်ခေါ်ဆောင်သွားရာမှာ တိုက်ပွဲအတွင်းတွင် မိုင်းလုမ်းအေ၀်းသည်
ဗိုက်အလယ်တည့်တည့်တနေရာ ညာဖက်ခြမ်းဗိုက်၊ ညာဖက်လက်မောင်း၊ ညာဖက်ပေါင် ၂နေရာ
ဒဏ်ရာပြင်းထန်စွာ ရရှိပြီး မူဆယ်ဆေးရုံသို့ ဆေးကုသနေဆဲဖြစ်ပါသည်။
မိုင်းလေမ်သန်းနိုင်သည် ဘာမှ ထိမှန်ထားခြင်းမရှိပါ။
‘’ ဗမာ
စစ်တပ်က ရွာလူကြီး အိမ်ကို ၀င်လာပြီးတော့ သူတို့ နှစ်ယောက်ကို တွေ့သွားတယ်။
မိုင်းလေမ် သန်းနိုင်က ဗိုလ်ကြီးနှင့်အတူ အလယ်လတ်မှာ လိုက်ရတယ်။
လုမ်အေ၀်းက ရှေ့ဆုံး လမ်းပြပေးနေရတယ်။ လက်နက်ကြီးပစ်တဲ့အချိန်မှာ
လုမ်အေ၀်းတို့ကို ထိတယ်။ လေမ်သန်းနိုင်က အလယ်လတ်မှာ နေတော့ ထိမှန်တာ
မရှိတော့ လွတ်မြောက်အောင် ပြေးသွားတယ်။ လုမ်အေ၀်းကမှာ ဒဏ်ရာပြင်းတော့
ဗမာစစ်တပ်တွေကိုယ်တိုင် မူဆယ်ဆေးရုံကို ပို့ဆောင်ပေးတယ်။ လုမ်အေ၀်း
လက်နက်ကြီးထိပြီး မူဆယ်ဆေးရုံကို ခေါ်သွားတာ မိဘတွေကိုယ်တိုင်လည်း မသိဘူး။
အကြောင်းလည်း မကြားအား ဘူးဖြစ်နေတယ်’’ ဟု ဆွေမျိုးများမှ ပြောပြခဲ့သည်။
မိုင်းလုမ်အေ၀်းအတွက်
အစိုးရတပ်ရင်းမှ ဆေးဖိုးဝါးခ ကူညီမှု မရှိသေးဟု သိရှိရပြီး သူတို့အတွက်
ဆေးဖိုးဝါးခကို ဟိုနားကျေးရွာမှ ရပ်မိရပ်ဖ ပိုက်ဆံ စုပြီး ဆေးဖိုး
ဝါးခပေးထားသည်။ အဘယ်ကြောင့်ဆိုသော် ရွာလူကြီးမှ သူတို့နှစ်ဦးကို
လမ်းပြအဖြစ် စေလွတ်ခဲ့သည်။
တအာင်းအမျိုးသမီးအဖွဲ့အစည်း
0 comments:
Post a Comment