
19 August 2014
အပစ်ရပ်မူကြမ်းအချောသတ်ပြီး စီးပါက
တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်ရပ်ရေးသဘောတူညီမှု လက်မှတ်ရေးထိုးရာတွင်
အသိသက်သေအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ရန် တိုင်းရင်းသားများက
လိုလားကြသည်ဟု NCCTအဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။
အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ UPWC နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့၏ တစ်နိုင်ငံလုံးအပစ်ရပ်မူကြမ်းကို
ဆွေးနွေးရန်နှင့် အပစ်ရပ်မူကြမ်း အချောသတ်ပြီးစီးပါက အသိသက်သေအဖြစ်
ဒေါ်အောင်ဆန်းစုကြည် ပါဝင်လက်မှတ်ရေးထိုးရန် တိုင်းရင်းသားများက အစိုးရကို
တင်ပြထားသည်ဟု သြဂုတ် ၁၈ ရက် မြန်မာငြိမ်းချမ်းရေးစင်တာတွင် သတင်းမီဒီယာများကို ပြောကြားလိုက်ခြင်းဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည်ကို ပါတီအနေနဲ့ မဟုတ်ဘူး။ သူ့ရဲ့ နိုင်ငံတကာ လက်ခံမှု အခြေအနေအရကို ပုဂ်္ဂိုလ်ရေးအရ ဖိတ်ကြားဖို့ လိုပါတယ်။ လက်မှတ်ရေးထိုးတဲ့အချိန်မှာ သူက အသိသက်သေအဖြစ်နဲ့ အတိအကျပါဝင်ဖို့ လိုပါတယ်”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
တစ်နိုင်ငံလုံး အပစ်ရပ်မူကြမ်းအတွက် ဆွေးနွေးရာတွင်လည်း ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ရေးအတွက် NCCT အဖွဲ့က အစိုးရကို တင်ပြထားသော်လည်း အစိုးရက အကြောင်းပြန်ကြားခြင်း မရှိခဲ့သဖြင့်ဆွေးနွေးပွဲများတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခဲ့ခြင်း မရှိဟုလည်း ပြောသည်။
“ကျွန်တော်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ကြားနေအဖြစ် ပါဝင်ဖို့ ဖိတ်တယ်၊ အစိုးရကိုလည်း တင်ပြတယ်၊ အကြောင်းမပြန်ဘူး။ ခက်တာက ကြားနေသူဆိုတာ နှစ်ဖက်စလုံး ဖိတ်မှ လာလို့ရတာ”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်ပြောသည်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တို့၏
သုံးရက်ကြာ ဆွေးနွေးမှု၌ ပါဝင်သည့် ၃၁ ချက်တွင် လေးချက် ဆွေးနွေးရန်
ကျန်ရှိသေးသည်။ ဆွေးနွေးပွဲတွင် ပါဝင်မည့် ပုဂ်္ဂိုလ်၊ အဖွဲ့အစည်းများနှင့်
ပတ်သက်၍ မြန်မာငြိမ်းချမ်းရေးစင်တာ၏
အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက “ဆွေးနွေးပွဲမှာ ပါမယ့်သူကို
တိုင်းရင်းသားတွေ တင်ပြတာ မှန်သမျှ ဦးအောင်မင်းတို့ဘက်က ဘယ်သူ့ကိုမှ
ကန့်ကွက်ခြင်း မရှိခဲ့ဘူး”ဟု မဇ္ဈိမကို ပြောသည်။
UPWC နှင့် NCCT တို့၏ တတိယနေ့ဆွေးနွေးပွဲအပြီးတွင် နိုင်ငံရေးပါတီ ၃၄ ပါတီကို ဖိတ်ကြားခဲ့ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် စပ်လျဉ်း၍ အကြံပြုချက်များ ရယူခဲ့သည်။
“သူ(ဒေါ်အောင်ဆန်းစုကြည်)ပါမှ
ဖြစ်မယ့် ကိစ္စဆိုရင်တော့ သူပါမှပေါ့၊ ပါတီအနေနဲ့ဆိုရင်တော့
သူ့ကိုယ်စားလှယ်သူ လွှတ်လိမ့်မယ်၊ သူ့ကို ဘယ်သူမှ တရားဝင်မဖိတ်သေးတဲ့အတွက်
သူမလာတာပါ”ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ဗဟိုကော်မတီဝင်
ဦးဉဏ်ဝင်းက ဆိုသည်။
နိုင်ငံရေး ဆောင်းပါးများရေးသားနေသူ ဆရာဝင်းထွဋ်ဇော်ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် ၂၀၁၅ အထိ ဆက်လက်လုပ်ဆောင်ရန် ရှိနေသေးခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လက်မှတ်ထိုးရန် လိုအပ်သည်ဟု ဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီအရေးတော်ပုံရဲ့ ခေါင်းဆောင်ဖြစ်တယ် ၂၀၁၅ မှာလည်း နိုင်ငံရေးထဲမှာ ပါဝင်ပတ်သက်နေဦးမှာ ဖြစ်တယ်။ သူ့ပါတီက အစိုးရသစ်ဖြစ်ချင်လည်း ဖြစ်လာမယ်။ ဒါ့ကြောင့် လူထုခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင်က တိုင်းရင်းသားအရေး တန်းတူညီမျှရေးမှာ ပါဝင်သင့်တယ်၊ လက်မှတ်ထိုးသင့်တယ်” ဟု သုံးသပ်သည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်ပါဝင်ရန်
တိုင်းရင်းသားများက လိုလားလျက်ရှိနေရာ ကရင်အမျိုးသားအစည်းအရုံး KNU နှင့်
ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ကလည်း ၂၀၁၃ ခုနှစ် ဇူလိုင်လ
၁၇ ရက်က ပူးတွဲကြေညာချက်ထုတ်ပြန်ရာတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရန် တိုက်တွန်းခဲ့သည်။
အဆိုပါ ပူးတွဲကြေညာချက်ကို ပြည်ထောင်စုငြိမ်းချမ်းရေးေ ဖ်ာဆောင်ရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်းက တုံ့ပြန်ရာတွင် “မူလကတည်းက အစီအစဉ်ရှိပြီးသား”ဟု ဒေါ်အောင်ဆန်းစုကြည်ပါဝင်နို င်မည့်
လမ်းကြောင်းကို လမ်းဖွင့်ပေးထားသည်ဟု ဆိုသည်။ အလားတူပင်
တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကလည်း
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဒေါ်အောင်ဆန်းစုကြည်ပါဝင်ရန် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်ကပင် တောင်းဆိုခဲ့သေးသည်။
၂၀၁၁ ခုနှစ် စက်တင်ဘာလအတွင်း လွှတ်တော်အစည်းအဝေးများတွင်လ ည်း
အမျိုးသားလွှတ်တော် အမတ် ဒေါက်တာအေးမောင်က မြန်မာ့ငြိမ်းချမ်းရေး
ထာဝရတည်မြဲရန် အများကြည်ညိုလေးစားသည့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်
အခြားတတ်သိပညာရှင်များကိုလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ခွင့်ပေးရန် အဆိုတင်သွင်းခဲ့သည်။
သို့သော် “ထာဝရငြိမ်းချမ်းရေး အမြဲတမ်းကော်မတီ”ကို လွှတ်တော်တွင် ဖွဲ့စည်းပြီးဖြစ်သည်ဟူသည့် အကြောင်းပြချက်ဖြင့် ဒေါက်တာအေးမောင်၏ အဆိုမှာ ပျက်ပြယ်ခဲ့သည်။
အပစ်ရပ်မူကြမ်းအချောသတ်ပြီး
အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ UPWC နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စ
“ဒေါ်အောင်ဆန်းစုကြည်ကို ပါတီအနေနဲ့ မဟုတ်ဘူး။ သူ့ရဲ့ နိုင်ငံတကာ လက်ခံမှု အခြေအနေအရကို ပုဂ်္ဂိုလ်ရေးအရ ဖိတ်ကြားဖို့ လိုပါတယ်။ လက်မှတ်ရေးထိုးတဲ့အချိန်မှာ
တစ်နိုင်ငံလုံး အပစ်ရပ်မူကြမ်းအတွက် ဆွေးနွေးရာတွင်လည်း ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ရေးအတွက် NCCT အဖွဲ့က အစိုးရကို တင်ပြထားသော်လည်း အစိုးရက အကြောင်းပြန်ကြားခြင်း မရှိခဲ့သဖြင့်ဆွေးနွေးပွဲမျ
“ကျွန်တော်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ကြားနေအဖြစ် ပါဝင်ဖို့ ဖိတ်တယ်၊ အစိုးရကိုလည်း တင်ပြတယ်၊ အကြောင်းမပြန်ဘူး။ ခက်တာက ကြားနေသူဆိုတာ နှစ်ဖက်စလုံး ဖိတ်မှ လာလို့ရတာ”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်ပြောသည်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တိ
UPWC နှင့် NCCT တို့၏ တတိယနေ့ဆွေးနွေးပွဲအပြီးတွင
“သူ(ဒေါ်အောင်ဆန်းစုကြည်)ပါမ
နိုင်ငံရေး ဆောင်းပါးများရေးသားနေသူ ဆရာဝင်းထွဋ်ဇော်ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မ
“ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီအရေးတော်ပုံရဲ့ ခေါင်းဆောင်ဖြစ်တယ် ၂၀၁၅ မှာလည်း နိုင်ငံရေးထဲမှာ ပါဝင်ပတ်သက်နေဦးမှာ ဖြစ်တယ်။ သူ့ပါတီက အစိုးရသစ်ဖြစ်ချင်လည်း ဖြစ်လာမယ်။ ဒါ့ကြောင့် လူထုခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင်က တိုင်းရင်းသားအရေး တန်းတူညီမျှရေးမှာ ပါဝင်သင့်တယ်၊ လက်မှတ်ထိုးသင့်တယ်” ဟု သုံးသပ်သည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲမ
အဆိုပါ ပူးတွဲကြေညာချက်ကို ပြည်ထောင်စုငြိမ်းချမ်းရေးေ
၂၀၁၁ ခုနှစ် စက်တင်ဘာလအတွင်း လွှတ်တော်အစည်းအဝေးများတွင်လ
သို့သော် “ထာဝရငြိမ်းချမ်းရေး အမြဲတမ်းကော်မတီ”ကို လွှတ်တော်တွင် ဖွဲ့စည်းပြီးဖြစ်သည်ဟူသည့် အကြောင်းပြချက်ဖြင့် ဒေါက်တာအေးမောင်၏ အဆိုမှာ ပျက်ပြယ်ခဲ့သည်။
post by Mizzima
0 comments:
Post a Comment