
ပြင်ဦးလွင်ခရိုင်၊ စဥ့်ကူးဒေသ၊ ညောင်ဝန်းရာမှ တောင်သူများအား အကြမ်းဖက်သမား ရဲများသည် ခရိုနီမြေသိမ်းသမားတို့၏ အလိုကျအတိုင်း၊ မည်သည့် တရားရုံးရုံးခွင့်ပြုချက်၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာမှု၊ ရယူမှုမရှိပဲ ယနေ့မနက် ၁၀း၃၀ မိနစ်တွင် တောင်သူများအား သေနတ်ဖြင့် ပစ်ခတ်၊ ရဲအင်အား၂၀၀ ကျော် ပါဝင်သည်၊၊
တောင်သူ ဒေါ်စန်းကြည်နု သေနတ်ထိမှန်၊ ရွာသားခုနှစ်ဦး အကြမ်းဖက် ရိုက်နှက်ခံရသည်၊အထက်ပါ အကြမ်းဖက် ပစ်ခတ်မှုအား အနီးကပ်၍ဖြစ်စဉ် နေရာရှိ ပစ်ခတ်မိန့်ပေးသူသည်၊ စဥ့်ကူးမြို့နယ် ရဲတပ်ဖွဲ့ မှုး၊အောင်စိုး(ကိုပိုင်နံပါတ်-၆၈၃၄၂)ဖြစ်သည်၊၊ ပစ်ခတ်သူ ရဲတပ်ဖွဲ့ဝင်များမှာ အောက်ခြေ ရဲတပ်ဖွဲ့ဝင်များဖြစ်ပြီး၊ တိကျသော အရေးယူမှုများနှင့် အတူ ၁၄၊၅၊၂၀၁၄ သုခိတ္တာရုံ ဘုန်းကြီးကျောင်း၌ လူထုနှင့်ရဲတပ်ဖွဲ့ဝင်များ သဘောတူညီချက်များအား၊ မန္တလေးတိုင်း၊ ဒုရဲမှုးကြီး၊ မြင့်ဦး(ကိုယ်ပိုင်နံပါတ်၁၇၆၃)မှ တာဝန်ခံဆောင်ရွက် အရေးယူပေးမည်ဖြစ်ကြောင်း ဒုရဲမှုးကြီးမြင့်ဦးမှ လူထုရှေ့ မှောက်၌ ကတိပြု လက်မှတ်ထိုးခဲ့သည်၊၊ ဒေသခံများမှယ ခုအကြမ်းဖက်လုပ်ရပ်ကို ကျူးလွန်ခဲ့သော ရဲတပ်ဖွဲ့ ဝင်များအား နောက်ကွယ်မှ အဆင့်ဆင့်ညွန်ကြားခဲ့သည်၊အကြမ်းဖက် အာဏာပိုင်များအား အရေးယူဖော်ထုတ်ရန် တရားစွဲရေး လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဟု ဒုရဲမှုးကြီးအား ပြောကြားခဲသည်၊၊
၁၄၊၈၊၂၀၁၄
အချိန်၊ည၆း၄၀မိနစ်
ညောင်ဝန်းရွာ
0 comments:
Post a Comment