Wednesday, July 23, 2014

ဇူလိုင်လ ၁၉ ရက်နှင့် ၂၀ ရက်နေ့TNLAနှင့် မြန်မာစစ်တပ်တိုက်ပွဲတွင် မြန်မာစစ်တပ်မှ ၂၇ ဦးကျဆုံး





၂၁ ရက် ဇူလိုင်လ ၂၀၁၄ ခုနှစ်



ဇူလိုင်လ ၁၉ ရက်နှင့် ၂၀ ရက်နေ့TNLAနှင့် မြန်မာစစ်တပ်တိုက်ပွဲတွင် မြန်မာစစ်တပ်မှ ၂၇ ဦးကျဆုံးပြီး TNLA တအန်းတပ်မတော် တပ်မဟာ (၁)လက်အောက်ခံ တပ်ရင်းများမှတပ်ဖွဲ့ဝင် ၃ ဦးဒဏ်ရာပြင်းထန်စွာရရှိပြီး တအန်းအမျိုးသားလွတ်မြောက်ရေးအတွက် အသက်လှူဒါန်းသွားခဲ့သည်။


တအန်းတပ်မတော်သားများမှာ ၁၉ ရက်နေ့ညတွင် ၂ ဦးဒဏ်ရာပြင်းထန်စွာရရှိပြီးနောက် ဆေးမမှီတော့ပဲ အသက်လှူဒါန်းသွားရပြီး အခြားတစ်ဦးမှာ ၂၀ ရက်နေ့နံနက်ပိုင်း မန်ပူးရွာစေတီကုန်းတွင် မြန်မာတပ်မှ ပစ်လိုက်သည့် လက်နက်ကြီးထိမှန်ပြီး အသက်ပေးသွားရသည်။


လူထုစည်းရုံးရေးပြုလုပ်ရန်အစီအစဉ်ဖြင့် မန်းပူးရွာတွင်ရောက်နေသာ TNLA တပ်မတော် တပ်မဟာ (၁)အား မြန်မာစစ်တပ် ခလရ ၂၂၊ ခလရ ၂၃၊ ခလရ ၁၄၄၊ တပ်မ ၈၈ လက်အောက်ခံ တပ်ရင်း ခလရ ၁၀ တို့ ၀င်ရောက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၁၉ ရက်နေ့ည ၈း၃၀မှ စ၍ ၂၀ ရက် ညနေ ၂း၀၀ နာရီအထိ ဖြစ်ပွားသော တိုက်ပွဲကြောင့် မြန်မာစစ်တပ်မှ အနည်းဆုံး ၂၇ ဦးသေဆုံးသည်ကို အသေအချာ မြင်လိုက်ရသည်ပြီး မမြင်တွေ့ရသေးသည့် အလောင်းများလည်း ရှိနေကြောင်း သိရသည်။


မြန်မာစစ်တပ်ဘက်မှ ကျဆုံးသော ၂၇ ဦးတွင် ၈ ဦးခန့်တို့မှာ မြန်မာစစ်တပ်ယူနီဖောင်းဖြင့် မဟုတ်ပဲ SSPP/SSA ၀မ်းဟိုင်းမှ ရှမ်းစစ်သားဝတ်စုံတံဆိပ်အယောင်အဆောင်ပြီး ၀တ်ဆင်ထားသည်ကို စုံစမ်းသိရှိရသည်။


သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉၄၉၃၁၄၉၅၁၊ ၀၉၄၇၀၉၇၇၇၂၊ ၀၉၂၅၆၄၆၅၆၈၁၊ ၀၆၉၂၆၂၂၄၈၅၈

0 comments: