
(၃.၇.၂၀၁၄)ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း KIA, တပ်မဟာ(၄)
လက်အောက်ခံ KIA, တပ်ရင်း (၉)နယ် မြေ အတွင်း သို့ ထိုးစစ်ဆင်
ကျူး ကျော် ၀င်ရောက် လာ သောမြန်မာ စစ်တပ် နှင့် KIA,တပ်ရင်း
(၉)တို့ တိုက်ပွဲ အပြင်း အထန် ဖြစ်ပွားနေ ကြောင်း သတင်းရရှိ
ပါသည်။
မြန်မာ စစ်တပ် များသည်(၃.၇.၂၀၁၄)ရက်နေ့ (ယနေ့)မနက်ပိုင်း၌
KIA,တပ်ရင်း (၉)၏ အုပ်ချုပ် နယ်မြေ အတွင်း သို့ထိုး စစ်ဆင် ကျူး
ကျော် ၀င်ရောက် လာ ခြင်း ကြောင့် KIA, တပ်ရင်း (၉) ၏ တပ်ခွဲ
(၅) တပ် ဖွဲ့ ၀င် များ နှင့် မြန်မာ စစ်တပ် တို့ သည် နမ့်အွမ်( Nam Um)
အထက်ဘက်ရှိ မလွန်းဘွမ် (Malun bum) ၊ (မှုဆယ်-နမ့်ခမ်း လမ်း
၏ အရှေ့ဘက်ခြမ်း) ၌အပြင်း အထန်တိုက်ပွဲ ဖြစ်ပွားနေ ကြောင်း
KIA, တပ်ရင်း (၉)မှ ရှေ့တန်း အရာရှိ များထံမှ သတင်းရရှိပါသည်။
တိုက်ပွဲ မှာ ယခု သတင်းရေး သားနေ ချိန် အထိ အပြင်း အထန်
ဆက်လက်တိုက်ခိုက်နေ ဆဲ ဖြစ် ကြောင်း သိရှိ ရပါသည်။
တိုက်ပွဲ အတွင်း နှစ် ဘက် စစ်တပ်တို့ ၏ ထိခိုက်၊ ကျဆုံးမှု သတင်း
မှာ တိုက်ပွဲ ဖြစ်နေဆဲ ဖြစ်သော ကြောင့် အသေးစိပ် မသိရှိသေးပါ။
သတင်းရင်းမြစ် - ကချင်သတင်းဌာန
0 comments:
Post a Comment