ဂျူလိုင် ၂၃ ၊ ၂၀၁၄ ခုနှစ်
ပါလက်စတိုင်းက
ဟားမတ်စ် အဖွဲ့တွေ အနေနဲ့ စာသင်ကျောင်း တွေကို အသုံးပြုပြီး အစ္စရေး ဘက်ကို
တိုက်ခိုက် နိုင်ဖို့ စီစဉ် ထားတာ တွေကို အစ္စရေး အစိုးရက မီဒီယာ တွေကို
ထုတ်ပြ ခဲ့ပါတယ်။
အခု ရက်ပိုင်းအတွင်း အစ္စရေးရဲ့ ဂါဇာ ကမ်းမြှောင်က ဟားမတ်စ် ပါလက်စတိုင်း စစ်သွေးကြွှ တွေကို မြေပြင်ရော ဝေဟင်ကပါ တိုက်ခိုက် နေတာမှာ စာသင်ကျောင်းနဲ့ အရပ်ဖက် ပစ်မှတ်တွေကို ထိမှန်ပြီး အပြစ်မဲ့သူတွေ သေဆုံး နေရတယ်လို့ ပါလက်စတိုင်း ဘက်က စွပ်စွဲ ချက်တွေ ထွက်လာခဲ့ပြီးနောက် အစ္စရေး ကလည်း အခုလို ထုတ်ဖော် ခဲ့တာပဲ ဖြစ်ပါတယ်။
ကျောင်းတွေ အောက်မှာ ဥမင်တွေ တူးထား ခဲ့ပြီး ဒီဥမင် တွေက တဆင့် အစ္စရေး ဘက်ကို တိုက်ခိုက် နိုင်ဖို့ ရည်ရွယ် ထားတဲ့ တိုက်ခိုက်ရေး လမ်းကြောင်း တွေကိုလည်း အစ္စရေး ဝန်ကြီးချုပ်က ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းကို ဗီဒီယို ဖိုင်တွေနဲ့ အသေအချာ ရှင်းလင်း ပြောကြား ခဲ့ပါတယ်။
အစ္စရေးက မစ္စတာ ဘန်ကီမွန်းကို ထုတ်ဖော် ပြသ ခဲ့တဲ့ ဗီဒီယိုဖိုင် တစ်ခုမှာ ဆိုရင် ဟားမတ်စ် အဖွဲ့တွေ အနေနဲ့ အစ္စရေး ဘက်ကို ချိန်ရွယ် ထားတဲ့ ဒုံးကျည်တွေကို စာသင်ကျောင်းတွေ အောက်မှာ အကာအကွယ် ယူပြီး တပ်ဆင်ထားတာ တွေကိုလည်း တွေ့ခဲ့ရပါတယ်။
ဒါပေမယ့်လို့ အစ္စရေးရဲ့ အခုလို တိုက်ခိုက်မှုတွေဟာ လူသားမဆန်တဲ့ တိုက်ခိုက်မှု ဖြစ်နေတယ် ဆိုပြီး နိုင်ငံ တော်တော်များများက ဝေဖန် နေကြပါတယ်။
တစ်ပတ်ကျော် ဖြစ်ပွားခဲ့တဲ့ နှစ်ဖက် တိုက်ပွဲ အတွင်းမှာတော့ အစ္စရေး စစ်သား (၁၅) ဦးခန့် နီးပါး သေဆုံး ခဲ့ရပြီး ၊ ပါလက်စတိုင်းဘက်က အပစ်မဲ့ပြည်သူတွေ အပါအဝင် ပါလက်စတိုင်း တပ်သား (၅၀၀) လောက် သေဆုံး ခဲ့ရပြီး ဖြစ်တယ်လို့ ပါလက်စတိုင်း အာဏာပိုင် တွေက ထုတ်ဖော် ပြောကြား ထားပါတယ်။
သတင်းရင်းမြစ် - ဟင်္သာနီ (မွန်မြေ)

0 comments:
Post a Comment