မန်ပူးရွာတွင် ကျေးရွာပြည်သူများ အဆိုပြုချက်အရ
လူထုစည်းရုံးရေးပြုလုပ်ရန်အစီအစဉ်ဖြင့် မန်းပူးရွာတွင်ရောက်နေသာ TNLA
တပ်မတော် တပ်မဟာ (၁)အား မြန်မာစစ်တပ် ခလရ ၂၂၊ ခလရ ၂၃၊ ခလရ ၁၄၄၊ တပ်မ ၈၈
လက်အောက်ခံ တပ်ရင်း ခလရ ၁၀ တို့ ၀င်ရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၁၉
ရက်နေ့ည ၈း၃၀မှ စ၍ တိုက်ပွဲစတင်ဖြစ်ပွားကာ ၂၀ ရက် ညနေ ၂း၀၀ နာရီကျော်မှပင်
နှစ်ဘက် ပစ်ခတ်သံများ ငြိမ်သက်သွားခဲ့သည်။ တအန်းတပ်မတော်
ပြန်လည်လှုပ်ရှားချိန်အတွင်း နမ်းခမ်းနယ်တွင် အပြင်ထန်ဆုံး တိုက်ပွဲတစ်ခု
ဖြစ်ခဲ့သည်။
၂၁ ရက်ညနေပိုင်းတွင် TNLA တပ်မတော်မှ ရွာသားများ ထိခိုက်မှုများပြားမည်စိုးရိမ်၍ တိုက်ပွဲဖြစ်သည့်နေရာမှ ထွတ်ခွာခဲ့သည်။
တိုက်ပွဲအတွင်း မြန်မာစစ်တပ်မှ ပစ်လိုက်သည့် လက်နက်ကြီးများကြောင့်
လူနေအိမ် ၁၀ အိမ်ကျော် ပျက်စီးပြီး ရွာသား ၂ ဦးသေဆုံးပြီး
လက်နက်ကြီးအစများ ထိမှန်မှုကြောင့်လူကြီးကလေးအပါအ၀င် (၁၀ ) ကျော်ထိခိုက်
ဒဏ်ရာရရှိကြသည်။
စာရင်းရထားသော
လူနေအိမ်ပျက်စီးစားရင်းများမှာ-တားအိုက်လေ၀်းမောင်၊ ယားအိုက်လတ် (ခ)
မားကြွယ်၊ ကူန်းကျော်လေ၊ ယားအာမ်ခဲဝ်း၊ မိုင်းအိုက်နိုင်ဂ္လိုင်၊
မိုင်းအိုက်ညမ်းစီ၊ ဒေါ်ရွှေဟန်၊ ယာမားအေကွဲ (ခ)၊ တားအလေ၀်းကေ့ ၊
မိုင်းအိုက်နိုင်ထွေး၊ မားနိုင်လူန်တို့ အိမ်များဖြစ်ပြီး
စားရင်းမရရှိသေးသည့် အိမ်များလည်း အများအပြားကျန်ရှိသေးသည်။ အိမ်များအပြင်
တင်းကုတ်၌ချည်ထားသည့် ကျွဲ နွားများလည်း လက်နက်ကြီးငယ်ထိမှန်မှုကြောင့်
ယားမားစူန် - ကျွဲ (၁)ကောင်၊၊တားအိုက်နိုင်ဆိုင် -နွား (၃)ကောင်၊မိုင်း
အိုက်လူတ် - မြင်း ၊ အိုက်လေ၀်းစိန် - ကျွဲတို့ သေဆုံးသွားကြောင်းလည်း
သိရသည်။
၂၀ ရက်နေ့တွင် ရွာသားများအားလုံးနီးပါး တောထဲသို့
ပုန်းရှောင်းအောင်းကြပြီး လူဦးရေ (၁၀၀)ကျော်နှင့် ဘုန်းတော်ကြီးများမှာ
မန်စပ်ရွာသို့သွားရောက်ခိုလှုံကြသည်။
ယနေ့ ၂၁ ရက်တွင်
မြန်မာစစ်တပ်မှ အမိန့်ဖြင့် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့မှ တဆင့်
မန်ပူးရွာသူရွာသား များအားလုံးကို ရွာအတွင်းမနေကြရန်နှင့်
အားလုံးရွာအပြင်သို့ ထွတ်ခွာကြရန် အမိန့်ပေးလာသောကြောင့် ရွာသားအားလုံး
မန်စပ်ရွာ၊ နမ်းခမ်းသို့ သွားရောက် ခိုလှုံနေကြရသည်။
နမ်းခမ်း
တအန်းစာပေနှင့်ယဉ်ကျေးမှုကော်မတီရုံးတွင် မန်ပူးစစ်ပြေးဒုက္ခသည် ၁၀၀၀
တစ်ထောင်ကျော် လာရောက်ခိုလှုံနေကြပြီး အကူအညီမဲ့နေကြကြောင်း နမ်းခမ်းမှ
တာဝန်ရှိသူတစ်ဦးမှပြောပြချက်အရသိရသည်။
ထို့အပြင် ကျန်ခဲ့သည့်
အရေးကြီးပစ္စည်းများနှင့် သုံးစရာငွေကြေးကို ပြန်ယူရန် ရွာသို့ပြန်သည့်
ရွာသားများ ကိုလည်းနေ့လည် ၂ နာရီဝန်းကျင်မှ စပြီး မြန်မာအစိုးရတပ်မှ
ရွာအတွင်းသို့ ၀င်ခွင့်မပြု တော့ကြောင်းလည်း သိရသည်။
မြန်မာစစ်တပ်ရင်းများသည် ပြန်လည်နောက်ဆုတ်သေးခြင်းမရှိသေးပဲ
တအန်းတပ်မတော်ရှိနိုင်သည့်နေရာဟု ခန်းမှန်းဆပြီး လက်နက်ကြီးများ မကြာခဏ
ပစ်ခတ်မှုကြောင့် အနီးရွာများဖြစ်သည့် မန်စပ်ရွာ၊ စေကင်း၊ မန်ပန်၊
ပန်ယုတ်စသည့်ရွာများရှိ ပြည်သူများလည်း စိုးရိမ်ကြောက်လန့်နေကြလျက်ရှိသည်။
တိုက်ပွဲမှာ လျော့ကျလာနိုင်သည့် အခြေအနေနည်းပါးပြီး တိုက်ပွဲများ
ထပ်မံဖြစ်ပွားနိုင်သည့် အလားလားများလည်း ရှိနေသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉၄၉၃၁၄၉၅၁၊ ၀၉၄၇၀၉၇၇၇၂၊ ၀၉၂၅၆၄၆၅၆၈၁၊ ၀၆၉၂၆၂၂၄၈၅၈
Thursday, July 24, 2014
ဇူလိုင်လ ၂၁ ရက်နေ့ နမ်းခမ်း မန်းပူးရွာတိုက်ပွဲနောက်ဆက်တွဲ လူထုအခြေအနေ
ဇူလိုင်လ ၂၁ ရက် ၂၀၁၄ ခုနှစ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment