Sunday, July 20, 2014

ယနေ့အကြိုက်ဆုံး ပို့စ်..။


သူ့ရဲ့ရင်ဘက်မှာသူ့စက်ရုံတံဆိပ်တပ်ထားဆဲပဲ...။
ဒါပေမဲ့စက်ရုံက မရှိတော့ဘူး...။
အဲ့ဒီအတွက်သူ့မှာလည်း အလုပ်လက်မဲ့ပေါ့...။
သူ့လိုပဲ ကျန်တဲ့အလုပ်သမား ၈၀၀ လောက်လည်း အလုပ်လက်မဲ့ဖြစ်ရတယ်...။
ပိုဆိုးတာက
သူတို့သူဌေးကိုးရီးယား အလုပ်ရှင်က
စက်ရုံကိုကြိုတင်အသိမပေးဘဲ ပိတ်လိုက်တဲ့အပြင်...။
လုပ်ခလစာတွေကိုလည်း ရှင်းမပေးသွားပဲ ကိုးရီးယားပြေးသွားပြီ...။
နစ်နာကြေးပေးဖို့ဆိုတာတော့ဝေးသေး။
အခုသူတို့ အလုပ်သမားတွေအားလုံး..
လုပ်ခလစာလေးများပြန်ရလေမလားမျှော်လင့်လို့ ..။
သူတို့စက်ရုံရှိရာလှိုင်သာယာကနေ ဗပာန်းတက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့
ကိုးရီးယားသံရုံးထိလမ်းလျှောက်ချီတတ်ဆန္ဒပြရပြီ။
မိုင်ချီခရီးကိုလမ်းလျောက်ချီတတ်လာရင်းက..
သံရုံးမရောက်ခင်တစ်နေရာမှာမောလွန်းလို့သူမျက်ရည်ပါကြရပြီ...။
အလုပ်စက်ရုံပိတ်လိုက်တာကြောင့်နယ်ကလာတဲ့သူ့အတွက်..
အကြွေးတွေတင်နေပြီ။
သူအခုအလုပ်လက်မဲ့ဖြစ်နေပြီ...
Photo and News Credit -@Saw Phoe kwar

0 comments: