
လွန်ခဲတဲ့ ဇွန်လ အတွင်းမှာ ဖြစ်သွားတဲ့ကိစ္စပါ ။
ကေအိုင်အေ အရာရှိ တစ်ဦး အစိုးရတပ်က ပစ်ခတ်ဖမ်းဆီးမှု ကြောင့် သေနတ် ဒဏ်ရာ
(ရ)ချက် နဲ့  ယခုလက်ရှိ မြစ်ကြီးနား ဆေးရုံမှာ တက်ရောက်ကုသမှု
ခံယူနေတယ် ။ သေနတ် ကျည်ဆံထိမှန်မှုကြောင့် ညာဘက် ပေါင်ရိုးကျိုး ပြီး
ကြေသွားတယ် ။ ခေါင်းကို သေနတ်ဒင် နဲ့ ထုရိုက်မှုကြောင့် နောက်စေ့
ကွဲကြေသွားတယ် ။ စစ်သားတွေ ခြေထောက်နဲ့ ကန်ကျောက် သေနတ်ဒင် နဲ့ ရိုက်နှက်
တဲ့ အရှိန်ကြောင့် ဘယ်ဘက် လက်မောင်း ကျိုး သွားခဲ့တယ် ။

ဒဏ်ရာ ဒဏ်ချက်များစွာနဲ့ မလှုပ်ရှား နိုင်တဲ့ သူကို သံကြိုး နဲ့ ချည်နှောင်ထားပြီး ဆေးရုံတက် ကုသစေတယ်။ ဘယ်လောက် ဆိုးဝါးတဲ့ လုပ်ရပ်လဲဆိုတာ ။ ရဲ အစောင့်က အချိန်ပြည့် (၃)ယောက်လောက်ထားပြီး စောင့်ကြည့်နေတယ် ။ တစ်ဖက် နဲ့ တစ်ဖက် ငြိမ်းချမ်းရေး အတွက် ကြိုးစားနေချိန်မှာ ဒီလိုကိစ္စမျိုးက ဖြစ်သင့်ပါသလား။ အငြိုးအတေး ကြီးကြီး နဲ့ လုပ်နေတဲ့ လုပ်ရပ်လို့ ဘဲ မြင်တယ် ။ ယုံကြည်မှု တည်ဆောက်နေပါတယ်ဆိုတဲ့ ခင်ဗျားတို့  ဒီလုပ်ရပ်ကို ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲ ကချင်လူထုက သိချင်နေတယ် ။
0 comments:
Post a Comment