
မြစ်ကြီးနား အရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ် မှ ထုတ်ယူခဲ့သော ကျပ် ငါးထောင်တန် ကဒ်တွင် ငါးထောင်တန်အတု တစ်ရွက်ပါလာသည့်အတွက် ဘဏ်သို့သွားပြီး ပြန်လည် သွားအပ်ခဲ့ရကြောင်း သတင်းရရှိသည်။
ဇွန်လ (၃၀) ရက်နေ့တွင် ကျပ်သိန်း ငါးဆယ် သွားထုတ်ခဲ့စဉ် ပါလာခြင်းဖြစ်ကြောင်းလည်း ငွေသွားထုတ်ခဲ့သူ ဒေါ်အညွယ်မှဆိုသည်။
‘ ငါးထောင်တန်အတုတစ်ရွက်ပါလာလို့ ဘဏ်ကိုပြန်သွားအပ်တယ်။ သူတို့လည်း ပြန်လှဲပေးတယ်။ နောက်ဆို ဘဏ်ကမထွက်ခွာမီ စစ်ပေးဖို့ပြောတယ်။ ငွေများရင်တော့ တစ်ယောက်ထဲဘယ်လို စစ်နိုင်မှာလဲ။ ငွေသွာသွင်းရင်လည်း သူတို့ကသေးစိတ်စစ်ပြီးမှ ယူတဲ့အတွက် ထုတ်ပေးရင်လည်း အသေးစိတ်စစ်ပြီး ထုတ်ပေးတယ် ထင်ထားတယ်။ ဒါကြောင့်လည်း မစစ်ပဲနဲ့ယူလိုက်တာ။” ဟု ဒေါ်အညွယ်မှဆိုသည်။
အဆိုပါငွေကဒ်တွင် သုံးဆွဲလို့မရနိုင်သည့် ငွေစက္ကူအတုများလည်း ပါရှိကြောင်းနှင့် KBZ ဘဏ်မလည်း လွန်ခဲ့သည့် သုံးရက်လောက်က ကျပ် ၂၀၀ တန်အတုများတွေ့ကြောင်းလည်း ဆိုသည်။
ထိုငွေစက္ကူအတုသည် ငွေအစစ်ထက် အရောင်ဖျော့ခြင်း၊ ဆင်အရိပ့်မပါခြင်း၊ မြန်မာနှိုင်ငံတော်ဗဟိုဘဏ် မဟုတ်ပဲ (ဗဟိုတဏ်)ဟု ရေးထားခြင်း၊ဖဲကြိုးမပါရြှိ ခင်း စသည့်ကွားခြား မှုများရှိသည်။
“လက်နဲ့စစ်တယ်။ များတော့အားဖြင့်တော့မပါဘူး ပေါ့။ ဒါပေမဲ့သိန်းကိုသောင်းနှင့် ချီစစ်တဲ့အခါမှာ တစ်ခါတလေ ပါမယ်မပါဘူးတော့ ကိုယ်လည်းအမခံလို့မရဘူးပေါ့ ။ “ဟု AGD ဘဏ်မှ မန်နေဂျာက ဆိုသည်။ ပါလာခဲ့ရင်လာcustomer တွေအားအဆင်ပြေအောင်ပြန်လည် လုပ်ဆောင်ပေးကြောင်းလည်း ဆို သည်။
ဇွန်လ (၃၀) ရက်နေ့တွင် ကျပ်သိန်း ငါးဆယ် သွားထုတ်ခဲ့စဉ် ပါလာခြင်းဖြစ်ကြောင်းလည်း ငွေသွားထုတ်ခဲ့သူ ဒေါ်အညွယ်မှဆိုသည်။
‘ ငါးထောင်တန်အတုတစ်ရွက်ပါလာလ
အဆိုပါငွေကဒ်တွင် သုံးဆွဲလို့မရနိုင်သည့် ငွေစက္ကူအတုများလည်း ပါရှိကြောင်းနှင့် KBZ ဘဏ်မလည်း လွန်ခဲ့သည့် သုံးရက်လောက်က ကျပ် ၂၀၀ တန်အတုများတွေ့ကြောင်းလည်း ဆိုသည်။
ထိုငွေစက္ကူအတုသည် ငွေအစစ်ထက် အရောင်ဖျော့ခြင်း၊ ဆင်အရိပ့်မပါခြင်း၊ မြန်မာနှိုင်ငံတော်ဗဟိုဘဏ် မဟုတ်ပဲ (ဗဟိုတဏ်)ဟု ရေးထားခြင်း၊ဖဲကြိုးမပါရြှိ
“လက်နဲ့စစ်တယ်။ များတော့အားဖြင့်တော့မပါဘူး
by- Kachinwave
0 comments:
Post a Comment