
(ဇူလိုင် ၁ရက်နေ့ ညကိုးနာရီခန့်က လူစုလူဝေး စတင်ဖြစ်ပေါ်ခဲ့စဉ်)ဓါတ်ပုံ ဇော်မင်းထွန်း
မန္တလေးမြို့တွင်
အဓိကရုန်းဆန်ဆန် အုပ်စုဖွဲ့စုဝေးမှုများ ဖြစ်ပေါ်လာခဲ့ပြီး ယခု ည
တစ်နာရီအချိန်ထိ တည်ငြိမ်မှု မရှိသေးကြောင်း မန္တလေးမြို့ရှိဒေသခံများက
ပြောကြားသည်။
ယနေ့ညနေလေးနာရီခွဲခန့်က အောင်မြေသာစံမြို့နယ်၊၈၂လမ်း၊၂၇လမ်းထောင့်ရှိ နေကဖေး၊ဆန်းကဖေး လဘက်ရည်ဆိုင်ပိုင်ရှင်များအား မုဒိမ်းမှုကျုးလွန်သည်ဆိုကာ မဘသအဖွဲ့မှ ကားသုံးစီးလွှတ်လိုက်ပြီးနော က် ယင်းရပ်ကွက်နေပြည်သူများနှင့် အဓိကရုဏ်းဆန်ဆန်လူစုလူဝေးဖြ စ်လာခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များ အချိန်မှီရောက်လာကာ လုံခြုံရေးထိန်းသိမ်းနိုင်ေ သာကြောင့် ညဦးပိုင်းတွင် အခြေအနေများ ပြန်လည် တည်ငြိမ်လျက်ရှိပြီဖြစ်ကြော င်း ယင်းရပ်ကွက်နေပြည်သူများထံမှသိရသည်။
“ပစ္စည်းတွေဖျက်ဆီးတာတွေဘာတွေမရှိပါဘူး။အခု ရဲတပ်ဖွဲ့ကလည်း လုံခြုံရေး အင်အားအပြည့် ယူထားပါတယ်။အဓိကဖြစ်စဉ်ကတော့  ဒီနေ့ညနေက မဘသဆိုပြီး ကားသုံးစီးရောက်လာလို့ အခုလိုဖြစ်တာ”ဟု အဆိုပါရပ်ကွက်နေ ပြည်သူတစ်ဦးက ညကိုးနာရီသုံးဆယ့်ငါးမိနစ်အ ချိန်တွင် ဖုန်းဖြင့်ဆက်သွယ်ပြောကြားသ ည်။
ထို့နောက်အခြေအနေမှာ နာရီအနည်းငယ် ငြိမ်သက်သွားခဲ့သော်လည်း ည ၁၁ နာရီခန့်မှစ၍ လူစုလူဝေး ပြန်လည်ဖြစ်ပေါ်ခဲ့ပြီးနောက် ဆိုင်များ၊ ကားများကို ဖျက်စီးမှု ဖြစ်ပေါ်ခဲ့သည်။
လူစုဝေးမှုများ ဖြစ်ပေးလာသည့်နေရာအနီးတစ်ဝိုက်ရှိ
ဗဟိုအမည်ရှိပိုက်ဆိုင်၊ ခင်မောင်ကြီးခင်မောင်လေး စက်ပစ္စည်းဆိုင်၊ မြသစ္စာ
ဘောလ်ဆိုင်၊ နှင့်အစ္စလမ်ဘာသာဝင်များ ၏ဆိုင် အချို့ဖျက်ဆီးခံရကြောင်း
မန္တလေးဒေသခံ အစ္စလမ်ဘာသာဝင်တစ်ဦးက ဆိုသည်။
“သေနတ်သံလိုလို နှစ်ချက်လောက်တော့ကြားလိုက် ရတယ်၊ ကမ္ဘာမကျေဆိုသံတွေလည်း ကြားနေရတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
လူစုလူဝေးဖြစ်ပေါ်မှုနှင့် ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီး ချုပ်၊ ဒုရဲမှူးကြီးအပါအ၀င် အစိုးရအဖွဲ့ဝင်အချို့ကို တယ်လီဖုန်းဖြင့် ဆက်သွယ်သော်လည်း တယ်လီဖုန်းများ လုံးဝအားလပ်ခြင်းမရှိပါ။
ကမ္ဘာမကျေဆိုသံက တော်လဲသံလိုပဲ ဟု မန္တလေးဒေသခံတစ်ဦး သူ၏ လူမှုရေးကွန်ရက် စာမျက်နှာတွင်ေ ရးသားထားသည်။
ယင်းလမ်းဘက်သို့ဝင်ထွက်သွား လာသည့် လမ်းများအား ရဲတပ်ဖွဲ့မှ ပိတ်ထားလိုက်ပြီး ယင်းလက်ဘက်ရည်ဆိုင်နှစ်ဆိုင်ကိုလည်း ယခုအခါ ပိတ်ထားလိုက်ကြောင်းနှင့် လူစုလူဝေးဖြစ်စေသည့် အဓိကအကြောင်းရင်းမှာ အင်တာနက်၊ သစ်ထူးလွင်တွင်ယင်းဆိုင်ပိုင်ရှင်နှစ်ဦးမှ မြန်မာမိန်းခလေး တစ်ဦးအား မုဒိမ်းကျင့်စော်ကားဟူသည့် သတင်းကြောင့်ဖြစ်နိုင်ကြောင်း ၎င်းက ပြောကြားသည်။
နောက်ဆုံးရ သတင်းများအရ ယင်းလမ်းအား အမှောင်ချပြီး ရဲအင်အား အပြည့်ချထားကြောင်း၊ လူအများစုဝေးလျက်ရှိသော်လည်း အများစုမှာ လမ်းသွားလမ်းလာဝင်ကြည့်သူများသာဖြစ်သည်ဟု သတင်းရရှိသည်။
အစ္စလမ်ဘာသာဝင်များကလည်း ပြန်လည်တုံ့ပြန်မှုများ ပြုလုပ်နေကြောင်း ဒေသခံအချို့က ဆိုသည်။
သတင်း=မောင်မျိုး
People power မှကူးယူ ဖော်ပြသည်။
ယနေ့ညနေလေးနာရီခွဲခန့်က အောင်မြေသာစံမြို့နယ်၊၈၂လမ်
“ပစ္စည်းတွေဖျက်ဆီးတာတွေဘာတေ
ထို့နောက်အခြေအနေမှာ နာရီအနည်းငယ် ငြိမ်သက်သွားခဲ့သော်လည်း ည ၁၁ နာရီခန့်မှစ၍ လူစုလူဝေး ပြန်လည်ဖြစ်ပေါ်ခဲ့ပြီးနောက်
လူစုဝေးမှုများ ဖြစ်ပေးလာသည့်နေရာအနီးတစ်ဝိ
“သေနတ်သံလိုလို နှစ်ချက်လောက်တော့ကြားလိုက်
လူစုလူဝေးဖြစ်ပေါ်မှုနှင့် ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီး
ကမ္ဘာမကျေဆိုသံက တော်လဲသံလိုပဲ ဟု မန္တလေးဒေသခံတစ်ဦး သူ၏ လူမှုရေးကွန်ရက် စာမျက်နှာတွင
ယင်းလမ်းဘက်သို့ဝင်ထွက်သွား
နောက်ဆုံးရ သတင်းများအရ ယင်းလမ်းအား အမှောင်ချပြီး ရဲအင်အား အပြည့်ချထားကြောင်း၊ လူအများစုဝေးလျက်ရှိသော်လည်
အစ္စလမ်ဘာသာဝင်များကလည်း ပြန်လည်တုံ့ပြန်မှုများ ပြုလုပ်နေကြောင်း ဒေသခံအချို့က ဆိုသည်။
သတင်း=မောင်မျိုး
People power မှကူးယူ ဖော်ပြသည်။
0 comments:
Post a Comment