Sunday, July 27, 2014

ပီအာရ်စနစ်ဆိုတာ အရှုံးသမားတို့ရဲ့ စနစ်


တိုင်းရင်းသားတွေက ပီအာရ်စနစ်ကို မထောက်ခံခြင်းမှာ လူမျိုးစိတ် ရှိလို့ ပြောသူတွေ ရှိတယ်။
NLD က ပီအာရ်စနစ်ကို မထောက်ခံခြင်းမှာ မဲကို ဝေမျှလိုစိတ် မရှိလို့ ဆိုသူတွေ ရှိတယ်။

အမှန်မှာ ပီအာရ်စနစ်ဆိုတာ Majority Rule ဆိုတဲ့ ဒီမိုကရေစီအခြေခံစနစ်ကို အံတုပြီး Minority Rule လည်း ပါဝင်အောင် တီထွက်ထားတဲ့ စနစ်ပါပဲ။

မြန်မာနိုင်ငံဟာ ပြည်ထောင်စုနိုင်ငံဖြစ်တယ်။ Minority Rule ကို ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များကနေ ဦးရေတူအမတ်များ ရွေးကောင်တင်မြှောက်ထားတဲ့ အထက်လွှတ်တော်မှာ ကျင့်သုံးလို့ ရတယ်။ Majority Rule ကို ပြည်သူတို့ရွေးကောက်တင်မြှောက်ထားတဲ့ အမတ်များ စုဝေးရာ ပြည်သူ့လွှတ်တော်မှာ ကျင့်သုံးလို့ ရတယ်။

အဲဒီအစား ပီအာရ်စနစ်ကို ကျင့်သုံးဖို့ အဆိုတင်သွင်းခြင်းမှာ ရွေးကောက်ပွဲတောင် မဝင်ရသေးဘဲ ကြောက်မွေးပြနေတာနဲ့ အတူတူပဲ။ ပီအာရ်စနစ်ဆိုတာ အရှုံးသမားတွေကို အကာအကွယ် ပေးထားတဲ့ စနစ်ပါ။ ပြည်သူတို့ကို အမှန်တကယ် ကိုယ်စားမပြုပါဘူး။ အသုံးမကျသူများက အောင်နိုင်သူများကို အသိအမှတ်မပြုတဲ့စနစ်၊ အရှက်မရှိ ထိုင်ခုံဝင်လုတဲ့စနစ်သာ ဖြစ်တယ်။

Credit Ven Ravika

0 comments: