
ယူကရိန်းခွဲထွက်ရေးသူပုန်ခေါင်းဆောင်
အလက်ဇန်းဒါ ဘိုရိုဒိုင်းက ယူကရိန်း အရှေ့ပိုင်းမှာ
မှားယွင်းပစ်ချခံခဲ့ရတဲ့ မလေးရှားလေယာဉ်ရဲ့ မှတ်တမ်းသေတ္တာ (Blackbox) ၂
ခုကို မလေးရှားအာဏာပိုင်တွေဆီ ဒီနေ့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
ဒိုနက်ရှ်မြို့က ဌာနချုပ်ရုံးမှာ နှစ်ဖက် သဘောတူလက် မှတ် ရေးထိုးပြီး မလေးရှား လုံခြုံရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မိုဟာမက် စက်က်ရီကို လွှဲပြောင်းပေး အပ်ခဲ့တာ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံက တောင်းဆိုခဲ့တဲ့ လေယာဉ်မှတ်တမ်းသေတ္တာတွေကို လွှဲပြောင်း ပေးအပ်ခဲ့တဲ့ ဒိုနက်ရှ်ပြည်သူ့သမ္မတနိုင်ငံရဲ့
ခေါင်းဆောင်ကြီးကို ဗိုလ်မှူးကြီး မိုဟာမက်စက်က်ရီက ကျေးဇူးတင်
စကားပြောပြီး မှတ်တမ်းသေတ္တာတွေဟာ မလေးရှားနိုင်ငံက ပိုင်ဆိုင်တဲ့ပစ္စည်းတွေ
ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
သေဆုံးခဲ့သူ ရုပ်အလောင်း ၃၀၀ နီးပါး တင်ဆောင်ထားတဲ့ အထူးကုန်ရထားတွဲဟာလည်း ဒိုနက်ရှ်မြို့ကနေ ယူကရိန်းအစိုးရအုပ်ချုပ်ရာ ကာကစ်ဗ်(Kharkiv)မြို့ကို ထွက်ခွာတော့မှာ ဖြစ်တယ်လို့ ခွဲထွက်ရေးခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။
ကာကစ်ဗ်မြို့ကနေမှ ရုပ်အလောင်းတွေကို ခွဲခြားစစ်ဆေးမှုတွေ ပြုလုပ်ဖို့ နယ်သာလန်နိုင်ငံကို ဆက်လက် သယ်ဆောင်သွားမှာ ဖြစ်ပါတယ်။
စုစုပေါင်း လူအယောက် ၂၉၈ ယောက် သေဆုံးခဲ့တဲ့ လေယာဉ်ပစ်ချခံခဲ့ရမှုဟာ ရုရှားနောက်ခံ ယူကရိန်းခွဲထွက်ရေးတွေရဲ့ လက်ချက်လို့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက စွပ်စွဲနေကြပြီး ရုရှားနိုင်ငံကို စီးပွားရေးပိတ်ပင်မှုတွေ တိုးမြှင့်လုပ်ဆောင်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။
Credit : DVB
ဒိုနက်ရှ်မြို့က ဌာနချုပ်ရုံးမှာ နှစ်ဖက် သဘောတူလက် မှတ် ရေးထိုးပြီး မလေးရှား လုံခြုံရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မိုဟာမက် စက်က်ရီကို လွှဲပြောင်းပေး အပ်ခဲ့တာ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံက တောင်းဆိုခဲ့တဲ့ လေယာဉ်မှတ်တမ်းသေတ္တာတွေကို လွှဲပြောင်း ပေးအပ်ခဲ့တဲ့ ဒိုနက်ရှ်ပြည်သူ့သမ္မတနိုင်င
သေဆုံးခဲ့သူ ရုပ်အလောင်း ၃၀၀ နီးပါး တင်ဆောင်ထားတဲ့ အထူးကုန်ရထားတွဲဟာလည်း ဒိုနက်ရှ်မြို့ကနေ ယူကရိန်းအစိုးရအုပ်ချုပ်ရာ ကာကစ်ဗ်(Kharkiv)မြို့ကို ထွက်ခွာတော့မှာ ဖြစ်တယ်လို့ ခွဲထွက်ရေးခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။
ကာကစ်ဗ်မြို့ကနေမှ ရုပ်အလောင်းတွေကို ခွဲခြားစစ်ဆေးမှုတွေ ပြုလုပ်ဖို့ နယ်သာလန်နိုင်ငံကို ဆက်လက် သယ်ဆောင်သွားမှာ ဖြစ်ပါတယ်။
စုစုပေါင်း လူအယောက် ၂၉၈ ယောက် သေဆုံးခဲ့တဲ့ လေယာဉ်ပစ်ချခံခဲ့ရမှုဟာ ရုရှားနောက်ခံ ယူကရိန်းခွဲထွက်ရေးတွေရဲ့ လက်ချက်လို့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက စွပ်စွဲနေကြပြီး ရုရှားနိုင်ငံကို စီးပွားရေးပိတ်ပင်မှုတွေ တိုးမြှင့်လုပ်ဆောင်မယ်လို့
Credit : DVB
0 comments:
Post a Comment