၂၀ ရက် ဇူလိုင်လ ၂၀၁၄ ခုနှစ်
ယမန်နေ့ညတွင် မန်ပူးကျေးရွာအနီး TNLA တပ်မတော် တပ်မဟာ (၁)နှင့် တိုက်ပွဲဖြစ်စဉ်အတွင်း မန်တပ်ရွာ အခြေစိုက် ခလရ ၁၄၄ မှ ပစ်ခတ်လိုက်သော လက်နက်ကြီးများသည် ရွာအတွင်းသို့ ကျရောက်ပြီး လူနေအိမ် ၁ အိမ်ပျက်စီး၍ အိမ်ထဲတွင် ရှိနေသော မိသားစုဝင်များဖြစ်သည့် တားကူန်းအေးကွဲ့ အသက် (၅၀)ခန့် သေဆုံးပြီး ၎င်း၏ဇနီး ယာမားအေးကွဲ့ နှင့် မိုင်းအိုက်ညမ်းထူန်း တို့ ဒဏ်ရာ ပြင်းထန်စွာ ရကြသည့်အတွက် နမ်းခမ်းဆေးရုံသို့ တင်ထားရသည်။
ထို့အပြင် ယခုသတင်းရေးသာနေချိန်အထိ တိုက်ပွဲများ မစဲသေးပဲ ပစ်သံခတ်သံများ ကြားနေရဆဲဖြစ်သည်။ ယနေ့နံနက်ပိုင်းတွင် ရွာရှိ ရွာသားများလည်း တောထဲသို့ ထွတ်ပြေးပုန်းအောင်း နေကြသည်။ မန်ပူးရွာသည် နမ်းခမ်းမြို့နယ်မှ မိုင်းဝီးကျေးရွာသို့ ဆက်သွယ်ထားသည့် ကားလမ်းကြီးအပေါ်တွင် တည်ရှိသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

0 comments:
Post a Comment