
စင်ကာပူနိုင်ငံဈေးဝယ် စင်တာများတွင် ရောင်းကုန် ပစ္စည်းအဖြစ်
အိမ်အကူလုပ်သား ရောင်းချကြရာ၌ မြန်မာအိမ် အကူလုပ်သား ၄၀ ရာခိုင်နှုန်းခန့်
ပါဝင်လျက်ရှိကြောင်း စင်ကာပူ နိုင်ငံအခြေစိုက် အိမ်အကူလုပ် သားအရေး
ဆောင်ရွက်လျက်ရှိ သော HOME အဖွဲ့မှ သတင်း ရရှိသည်။
စင်ကာပူနိုင်ငံသို့ အိမ်အကူ လုပ်သားအဖြစ် လာရောက်လုပ်ကိုင်ကြသည့်
ပြည်ပအိမ်အကူ လုပ်သားများကို စင်ကာပူအေးဂျင့်များက ဈေးဝင်စင်တာများတွင်
ရောင်းကုန်ပစ္စည်းအဖြစ် ရောင်းချနေပြီး ပြခန်းများ၌
ယင်းအမျိုးသမီးလုပ်သားတို့က ၎င်းတို့လုပ်ကိုင်နိုင်သည့်
အလုပ်အကိုင်ပုံစံများကို သရုပ်ပြလုပ်ဆောင်လျက်ရှိကြောင်း
အယ်လ်ဂျာဇီးရားသတင်းဌာနက ဖော်ပြခဲ့သည်။
‘‘ပြီးခဲ့တဲ့နှစ် အနည်းငယ် လောက်ကတည်းက အခုလို ပရိုမိုးရှင်းတွေနဲ့
ကြော်ငြာလုပ်နေတာ။ ကျွန်တော်တို့အဖွဲ့အနေနဲ့ ခန့်မှန်းတွက်ချက်စာရင်းအရ
ပြီး ခဲ့တဲ့နှစ်အထိဆို အဲဒီအိမ်အကူ လုပ်သားတွေမှာ မြန်မာအိမ်အကူ လုပ်သားက
၃၀ ရာခိုင်နှုန်း လောက်ရှိခဲ့တယ်။ အခုဆို ၄၀ ရာခိုင်နှုန်းလောက်အထိ
ရှိလာလိမ့်မယ်။ အများစုက ရန်ကုန်က အေးဂျင့်နဲ့ စင်ကာပူကအေးဂျင့်
နဲ့ချိတ်ပြီး ရောက်လာကြတာပါ။ ကိုယ့်အစီအစဉ်နဲ့လာတဲ့သူတွေက
တန်းဝင်လုပ်ကြတာများပါ တယ်’’ဟု HOME မှ ဒါရိုက်တာ ဒေါက်တာသိန်းသန်းဝင်းက
ပြော သည်။
မြန်မာအစိုးရသည် မြန်မာ အိမ်အကူအလုပ်သမားစေလွှတ်မှုကို ပြီးခဲ့သည့် ၂၀၁၃
ခုနှစ်မှစ၍ အေဂျင်စီများအား တရားဝင် လုပ်ကိုင်ခွင့်ပြုခဲ့သည်။ ထို့အပြင်
စင်ကာပူနိုင်ငံသို့ သွားရောက်လုပ်ကိုင်သည့် မြန်မာအိမ်အကူလုပ် သားများအနက်
အများစုမှာ တရားမဝင်နည်းလမ်းဖြင့် သွားရောက်လုပ်ကိုင်ခြင်း ပိုများ ကြောင်း
သိရသည်။ စင်ကာပူ နိုင်ငံတွင် ပြီးခဲ့သည့်နှစ်အထိ မြန်မာအိမ်အကူ လုပ်သား
နှစ်သောင်းခန့်ရှိခဲ့ရာမှ ယခုနှစ်တွင် မြန်မာအလုပ်သမား သုံးသောင်းခန့်အထိ
မြင့်တက်လာခဲ့ကြောင်း သတင်းရရှိသည်။
လက်ရှိ စင်ကာပူနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသည့်
မြန်မာအိမ်အကူလုပ်သားများသည် တစ်လလျှင် လုပ်ခလစာ ဒေါ်လာ ၄၀၀ မှ ၄၅၀ အထိ
ရရှိကြပြီး နားရက်မရှိကြောင်း သိရသည်။ ထို့အပြင်
အေးဂျင့်များကဝန်ဆောင်ခအဖြစ် လစာငွေ ခြောက်လ၊ ရှစ်လစာ ဖြတ်လျက်ရှိသည်။
စင်ကာပူနိုင်ငံသို့ အိမ်အကူ လုပ်သားအဖြစ် သွားရောက်လုပ်ကိုင်သည့်
ပြည်ပလုပ်သားများမှာ မြန်မာအပါအဝင် အင်ဒိုနီး ရှား၊
ဖိလစ်ပိုင်လုပ်သားများလုပ် ကိုင်လျက်ရှိသည်။ သို့သော်
ဖိလစ်ပိုင်လုပ်သားများမှာ ဘာသာစကား ကျွမ်းကျင်စွာ
ပြောဆိုလုပ်ကိုင်နိုင်သောကြောင့် မြန်မာလုပ်သားများကဲ့သို့ လစာငွေမရရှိမှု၊
ခေါင်းပုံဖြတ်ခံရမှု၊ မတရားခိုင်းစေခံရမှုတို့ ခံရခြင်း နည်းပါးသည်ဟု ဆိုသည်။
မြန်မာလုပ်သားများကို အိမ် အကူလုပ်သားအဖြစ် ဟောင် ကောင်ကလည်း
လုပ်ခလစာဒေါ် လာငါးရာအထိပေး၍ အလုပ်ခေါ် ဆိုလျက်ရှိရာ
လုပ်သားအရေအတွက်အကန့်အသတ်မရှိ ကမ်းလှမ်းလျက်ရှိသည်။ ဟောင်ကောင်သို့
မြန်မာအိမ်အကူလုပ်သားစေလွှတ်ရာတွင် လုပ်သားကာ ကွယ်မှုပိုင်း
ပိုမိုခိုင်မာစေရန် မြန်မာအေဂျင်စီ အသင်းချုပ်ကလေ့လာစုံစမ်းလျက်ရှိပြီး လတ်
တလောတွင် လုပ်သားစေလွှတ် မှုရပ်ဆိုင်းထားသည်။
Copy from - 7daydaily
0 comments:
Post a Comment