

တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပနေသည့်
Miss Asia Pacific World 2014 ပြိုင်ပွဲတွင် မြန်မာ အလှမယ် မေမြတ်နိုးသည်
ပြိုင်ပွဲ၏ ပထမဆုဖြစ်သည့်Miss Asia Pacific အလှမယ်ဆုကို ဆွတ်ခူး
သွားခဲ့သည်။
ပြိုင်ပွဲ၏ အစောပိုင်းတွင် လူကြိုက်အများဆုံးဆုကိုလည်း ဆွတ်ခူးထားခဲ့သည့်
အသက်၁၈နှစ်အရွယ်
မေမြတ်နိုးသည် နောက်ဆုံးအဆင့် ပြိုင်ပွဲတွင်အိမ်ရှင် ကိုရီးယားအလှမယ်ကို အနိုင်ယူကာ ဆုတံဆိပ်
ဆွတ်ခူးခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတကာမှ အလှမယ် ၄၀ နီးပါး ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ယင်းပြိုင်ပွဲတွင် ဆန်ကာတင် အလှမယ်ခုနှစ်
ဦးကို ဦးစွာ ရွေးချယ်ခဲ့ပြီးနောက် နောက်ဆုံးအဆင့်ကို ယှဉ်ပြိုင်စေခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးယှဉ်ပြိုင်ခဲ့သူခုနှစ်ဦးတွင်မေမြတ်နိုးကပထမ၊တောင်ကိုရီးယားမှ
Kim Eea ကဒုတိယ၊မကာအိုမှ Hio Man Cha ကတတိယနှင့်ဖိလစ်ပိုင်မှ Hillarie
Danielle Parungao စတုတ္ထဆုများအသီးသီးရခဲ့သည်။
Copy from - 7daydaily.com
0 comments:
Post a Comment