Thursday, June 26, 2014

ရှမ်းမြောက် KIA,တပ်မဟာ(၄) တွင် တိုက်ပွဲဆက်တိုက်ဖြစ်ပွား


ရှမ်းမြောက် KIA တပ်မဟာ(၄) တပ်ရင်း (၃၆) နယ်မြေ နမ်ဂွတ် ၊ လွိုင်လောမ် ၊ နမ်ဆေပါ ၊ ယိန်းဆိုင် စသည့် ဒေသများ နှင့် ဆက်သွယ်ထားသော ကားလမ်းမကြီးများ ဆုံရာ လမ်းဆုံဖြစ်သော ကွမ်ဆန်ကျေးရွာ အနီးတွင် စစ်ကြောင်းထိုးဝင်ရောက်လာသော မြန်မာအစိုးရတပ် နှင့် မိမိ ကေအိုင်အေ တပ်ဖွဲ့ ဝင်များ ဇွန်လ (၂၄)ရက် မနေ့ က တိုက်ပွဲ တစ်နေကုန် ပြင်းထန်စွာ ဖြစ်ပွားခဲ့သည် ။ မိမိ ကေအိုင်အေ တပ်ဖွဲ့ မှ ထိခိုက်ကျဆုံးမှု မရှိသော်လည်း အစိုးရတပ် ဘက်မှ ကျဆုံးသည့် အလောင်းများ (၄)လောင်းခန့် မြင်တွေ့ ခဲ့ရကြောင်း ကေအိုင်အေ တပ်ဖွဲ့ ဝင်များမှ ပြောကြားသည် ။

အလားတူ ညနေပိုင်း (၄)နာရီ အချိန့် တွင်လည်း တပ်မဟာ(၄) တပ်ရင်း (၃၆)နယ်မြေ နာ့မွန်ကျေးရွာ နှင့် နောင်ခမ်ကျေးရွာ အကြားတွင်လည်း စစ်ကြောင်းထိုးကာ စစ်ရေးလှုပ်ရှားနေသော အစိုးရတပ် စစ်ကြောင်း တစ်ခု နှင့် မိမိ ကေအိုင်အေ တပ်ဖွဲ့ ဝင်များ ထိတွေ့ ကာ တိုက်ပွဲ ပြင်းထန်စွာထပ်မံဖြစ်ပွားခဲ့သည် ။ နှစ်ဖက်ထိခိုက်မှုများအား စုံစမ်းနေဆဲဖြစ်သည် ။

ရှမ်းပြည်မြောက်ပိုင်း တပ်မဟာ(၄) ဒေသ သို့ လားရှိုး ၊ မူဆယ် ၊ ကွတ်ခိုင် ၊ နမ့်ခမ်း လမ်းကြောင်း တစ်လျှောက်မှ အစိုးရတပ် စစ်အင်အား နေ့ စဉ် တိုးချဲ့ ပို့ ဆောင် နေပြီး တိုက်ပွဲများနေ့ စဉ် ရက်ဆက် ဖြစ်ပွားနေလျက်ရှိနေသည် ။

by-myutsaw kasa



0 comments: