Wednesday, June 18, 2014

KIA,တပ်ရင်း (၂၇)၏ ရှေ့တန်းစခန်းတခုအားဆုတ်ခွာပေးရ


(ဓါတ်ပုံ-တိုက်ပွဲ များအပြင်းအထန်ဖြစ်ပွားရာ Gawk Ngu Yang ဒေသ။)
 
၁၇.၆.၂၀၁၄ ရက်နေ့ ညနေ (၈း၃၀) အချိန် ခန့်တွင် KIA,တပ်မဟာ(၃) လက်အောက်ခံ KIA, တပ်ရင်း (၂၇)၏ ရှေ့တန်း လုံခြုံေ၇း စခန်း တခု အား မြန်မာ အစိုးရ စစ်တပ် တပ်မ (၈၈) လက်အောက်ခံ တပ်များ မှ ထိုးစစ်ဆင် သိမ်းပိုက် လိုက်ကြောင်းသိရှိရပါသည်။
 
KIA, တပ်ရင်း (၂၇) အူလန်ပါ တိုက်နယ် ၏ ဂွန်ငူယာန် (Gawk Ngu Yang Post ) ရှေ့တန်းလုံခြုံရေး စခန်းအား မြန်မာ အစိုးရ စစ်တပ် တပ်မ(၈၈) လက်အောက်ခံ တပ်များ မှ (၁၇.၆.၂၀၁၄)ရက်နေ့ နေ့ ခင်းပိုင်း၌ စစ်အင် အား အလုံးအရင်း ဖြင့် လာရောက် ထိုးစစ်ဆင် တိုက်ခိုက် ခြင်း ကြောင့် တိုက်ပွဲ အပြင်း အထန် ဖြစ် ပွား ခဲ့ ကြောင်း သိရှိရ ပါသည်။
 
တဖန် မြန်မာ အစိုးရ တပ် များသည် ထို ဂွန်ငူယာန် (Gawk Ngu Yang Post ) ရှေ့တန်းလုံခြုံရေး စခန်းအား ညနေ(၆) နာရီ အချိန် ၌ စစ်အင်အား အလုံးအရင်း နှင့် လက်နက် ကြီးများဖြင့် ပစ် ကူကာ အပြင်းအထန်ပြန် လည် ထိုးစစ်ဆင် တိုက်ခိုက် ရာ ည(၈း၃၀) အချိန် ထိ နှစ် ဘက် အပြန်အလှန် အပြင်းအထန် တိုက်ပွဲထပ်မံ ဖြစ်ပွားကြောင်း KIA, ရှေ့တန်းအရာရှိများထံ မှ သတင်းရရှိပါသည်။
 
မြန်မာ အစိုးရ စစ်တပ်ဘက် မှ လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ် ခြင်းကြောင့် KIA,တပ်များသည် ၄င်းတို့ ၏ တပ်ရင်း (၂၇) အူလန်ပါ တိုက် နယ်, ဂွန်ငူယာန် (Gawk Ngu Yang Post ) ရှေ့တန်းလုံခြုံရေး စခန်းငယ် အား ည(၉)နာရီ အချိန် ခန့်မှစ ၍ ခေတ္တ ဆုတ်ခွာ ပေးလိုက်ကြောင်း သိရှိ ရပါသည်။
 
သတင်းရင်းမြစ် - ကချင်သတင်းဌာန

0 comments: