Monday, June 16, 2014

အစိုးရတပ် လှုပ်ရှား စစ်ကြောင်း နှင့် KIA တိုက်ပွဲဖြစ်

 
ကေအိုင်အေ တပ်မဟာ(၃) တပ်ရင်း (၁၂) နယ်မြေ မုန်ဒိန်ပါ ကျေးရွာ ရှိ စာသင်ကျောင်းတွင် စခန်းချနေသော မြန်မာအစိုးရတပ် ခလရ( ၂၁ရ) ၊ ခမရ (၃၁၈ ) ပူးပေါင်းတပ်ဖွဲ့ များ အင်အား (ရ၀)ခန့် ပါသော လှုပ်ရှားစစ်ကြောင်း နှင့် မိမိ ကေအိုင်အေ တပ်ဖွဲ့ ဝင်များ ဇွန်လ (၁၅)ရက် မနက် (၆း၃၀)ခန့် တွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ အဆိုပါ အစိုးရတပ် ပူးပေါင်းစစ်ကြောင်း သည် တပ်ရင်း (၁၂)နယ်မြေ အတွင်းသို့  ၀င်ရောက် လှုပ်ရှားလာသောကြောင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ကြောင်းသိရသည် ။

ဆက်လက်ပြီး မနက် ( ၁၀း၃၀) နာရီ ပါတ်ဝန်းကျင်ခန့် တွင် မြန်မာအစိုးရတပ် ခလရ (၁၀၈ ) တပ်ရင်း တပ်ဖွဲ့ စစ်ကြောင်း သည် ကေအိုင်အေ တပ်မဟာ(၃) တပ်ရင်း ( ၂ရ ) နယ်မြေ ဖြစ်သော လွိုင်ဆိုင်တောင် အောက်ဘက်ရှိ ကွန်ခါးပါ ရွာဟောင်း အနီးသို့ ဝင်ရောက်လှုပ်ရှား လာသောကြောင့် ကေအိုင်အေ တပ်ရင်း (၂ရ) တပ်ဖွဲ့ ဝင်များ နှင့် ထိတွေ့ ကာ တိုက်ပွဲ ပြင်းထန်စွာ ထပ်မံဖြစ်ပွားခဲ့သည် ။ တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်မှု အား စုံစမ်းနေဆဲဖြစ်သည် ။

Copy from - Jade Land

0 comments: