ရေး >>> ဒေါ်အောင်ဆန်းစုကြည် <<<

လက်ဖက်ရည်ဟာ
မြန်မာပြည်ရဲ့ လူနေမှုဘ၀မှာ အလွန်အရေးပါတဲ့ အခန်းကနေ ပါဝင်နေပါတယ်။
ကုန်သွားလိုက် ၊ ဖြည့်လိုက်၊ ကုန်သွားလိုက်၊ ဖြည့်လိုက်နဲ့
တစ်အိုးပြီးတစ်အိုးဖြည့်နေရ တဲ့ ရေနွေးကြမ်းကရားတစ်အိုးဟာ စိတ်ပါလက်ပါ ပြောဆိုဆွေးနွေးနေကြတဲ့ စကားဝိုင်းမပြတ်စေဖို့အတွက် အဓိကမဏ္ဍိုင်ဖြစ်ပါတယ်။
ဒါ့အပြင် သိပ်ထားတဲ့လက်ဖက်ကို ဆီမွှေးမွှေးလေးထဲမှာစိမ်ပြီး ပဲကြော်၊ မြေပဲ၊ နှမ်း၊ ပုစွန်ခြောက်၊ ကြက်သွန်ကြော်လေးထည့်ပြီး စားကြတာလည်း ရှိပါတယ်။ ထမင်းစားသောက်ပြီးတဲ့အခါမှာ
အပြီးသတ်အနေနဲ့ စားတာပဲဖြစ်ဖြစ်၊ ထမင်းမစားတဲ့ တခြားအချိန်မှာ အဆာပြေ
ရေနွေးကြမ်းသောက်ရင်းနဲ့ စားတာပဲဖြစ်ဖြစ် လက်ဖက်နဲ့ ဧည့်ခံတာဟာ
ကျွန်မတို့မြန်မာလူမျိုးတွေ ရဲ့ ဧည့်ဝတ်ကျေပွန်တဲ့ ရိုးရာဓလေ့ ဖြစ်ပါတယ်။
ရှမ်းကုန်မြေမြင့်ကထွက်တဲ့ လက်ဖက်ခြောက်ကိုလှော်ပြီးခပ်ထားတဲ့ ပယင်းရောင် ရေနွေးကြမ်းကို သောက်လိုက်ရင်ဖြင့် ပင်ပန်းသမျှတွေ ပြေပျောက်ပြီး
လန်းဆန်းသွားတာ ဘယ်ဟာနဲ့မှမတူပေမယ့်လည်း မြန်မာလူမျိုးတွေဟာ
လက်ဖက်ရည်ချိုကို နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးမှု
ပိုမိုများပြားလာနေပါတယ်။
နို့နဲ့သကြားနဲ့ ရောစပ်ဖျော်ထားတဲ့ လက်ဖက်ရည်မျိုးဟာ အင်္ဂလိပ်လူမျိုးများသောက်သုံးတဲ့ လက်ဖက်ရည်နဲ့ဖျော်ပုံချင်း မတူပါဘူး။ ဒီလက်ဖက်ရည်ချိုဆိုင်တွေကို
မူလပထမဖွင့်ပြီး ရောင်းတဲ့သူတွေကတော့ အိန္ဒိယနိုင်ငံက
ပြောင်းရွှေ့လာကြတဲ့သူများ ဖြစ်ပါတယ်။အဲဒါကြောင့် ဒီလက်ဖက်ရည်ချိုဟာ
အိန္ဒိယနိုင်ငံက Char လို့ခေါ်တဲ့ လက်ဖက်ရည်ဆိုင်လေးတွေကို
ရောက်ဖူးနေကျလူတွေ၊ သောက်ဖူးနေကျဖျော်ပုံနဲ့ ဖျော်တာဖြစ်ပါတယ်။
အိုးအကြီးကြီးထဲမှာ ပွက်ပွက်ဆူအောင်ပြုတ်ထားတဲ့ လက်ဖက်ခြောက်အကျရည်နဲ့ နို့ဆီတို့ကိုရောစပ်ပြီး ဖျော်တာဖြစ်ပါတယ်။
ပန်းရောင်သမ်းနေတဲ့ လက်ဖက်ရည်ချိုညိုညိုဟာ ခပ်ပျစ်ပျစ်ကလေးနဲ့ အနံ့အရသာကလည်း ကိုယ့်ခွက်ထဲကို လက်ဖက်ရည်လေးထည့်၊ နွားနို့ကလေး စတိလောက်ရော၊ သကြားကလေး တစ်ဇွန်းနှစ်ဇွန်း ပေါ့ပေါ့ခပ်ပြီး မွှေသောက်ကြတဲ့သူတွေ သိမှာမဟုတ်တဲ့ အနံ့အရသာမျိုးပါ။
မြန်မာပြည်က လက်ဖက်ရည်ဆိုင်မှာ သောက်သုံးဖို့ လာကြတဲ့သူတွေကတော့ " lapsang Souchong " ပဲဖြစ်ဖြစ်၊ " Earl Grey " ပဲဖြစ်ဖြစ်၊ " Pekoe " ပဲဖြစ်ဖြစ်၊ "English Breakfast" ပဲဖြစ်ဖြစ် မှာတယ်လို့ ထုံးစံမရှိပါဘူး။ သူတို့တစ်တွေမှာတာက ချိုပေါ့၊ ချိုပေါ့ကျ၊ ချိုဆိမ့် ဒါမှမဟုတ် ကျောက်ပန်းတောင်း (ချိုပြီးပျစ်နေတာကို ခေါ်ပါတယ်) တို့ပဲဖြစ်ပါတယ်။ ပြည်တွင်းဖြစ် ချက်နို့ဆီနဲ့မဟုတ်ဘဲ နိုင်ငံခြားကလာတဲ့ ဘူးနို့ဆီနဲ့ဖျော်ထားတဲ့ လက်ဖက်ရည်ဆိုရင်တော့ ရှယ်(စပယ်ရှယ်)လို့ခေါ်ပြီး ပုံမှန်ဈေးနှုန်းထက် (၂) ကျပ်လောက် ပိုပေးရပါတယ်။
သူငယ်ချင်းအပေါင်းအသင်းတွေ လက်ဖက်ရည်ဆိုင်မှာ စုဝေးကြတာဟာ လူကြိုက်များတဲ့ အပျင်းဖြေနည်းဖြစ်တဲ့အတွက် " လက်ဖက်ရည်ဆိုင်ထိုင်ခြင်း " ဆိုတဲ့ ဝေါဟာရဟာလည်း လက်တွေ့မှာတော့ သူ့အဓိပ္ပာယ်နဲ့သူ ရှိနေတဲ့ကိရိယာတစ်လုံး ဖြစ်ပါတယ်။ လက်ဖက်ရည်ဆိုင်မှာ လူတွေဟာ သတင်းတွေ အပြန်အလှန်ဖလှယ်ကြပါတယ်။ အဲဒီမှာ ပတ်ဝန်းကျင်အခြေအနေက သိပ်အန္တရယ်မများဘူးဆိုရင်တော့ နိုင်ငံရေးအကြောင်းတွေ ဆွေးနွေးကြပါတယ်။
မြန်မာပြည်မှာ လက်ဖက်ရည်ကြမ်းဝိုင်း ဆွေးနွေးပွဲဆိုတဲ့ စကားအသုံးအနှုန်းရှိပါတယ်။ အဲဒီဆွေးနွေးပွဲဆိုတာက အလွတ်သဘောဆွေးနွေးတာမျိုးဖြ စ်ပါတယ်။၁၉၄၆ ခုနှစ် မေလမှ ၁၉၄၇ ခုနှစ် အောက်တိုဘာလအတွင်း နိုင်ငံရေးဆိုင်ရာဆောင်းပါး များကို စုစည်းပြီး လက်ဖက်ရည်ကြမ်းဝိုင်းဆိုတဲ့ နာမည်နဲ့ စာအုပ်ကလေးတစ်အုပ် ထုတ်ဝေခဲ့တာတောင် ရှိပါတယ်။ လက်ဖက်ရည်ဆိုင်ဟာ နာမည်ကျော်သရုပ်ဆောင်တွေရဲ့
အချစ်ရေးကိစ္စသတင်းတွေ၊ အထက်တန်းလွှာတွေရဲ့ အရှုပ်တော်ပုံသတင်းတွေကအစ
နောက်ဆုံးဖြစ်ပျက်နေတဲ့ သတင်းတွေအစုံအလင်ရဖို့ အကောင်းဆုံးနေရာပါပဲ။
စာရေးဆရာတွေကလည်း လက်ဖက်ရည်ဆိုင်ထိုင်ပြီး စာပေရေးရာအလွတ်သဘော ဆွေးနွေးတာမျိုးပြုလုပ်ကြပါ တယ်။ကျောင်းသားတွေတင်မက
အခြားလူငယ်တွေကလည်း သူတို့နှစ်သက်တဲ့ လက်ဖက်ရည်ဆိုင်တွေမှာ စုမိကြပြီး
ခေတ်ပေါ်တေးဂီတအကြောင်းကအစ နိုင်ငံရေးမျှော်မှန်းတမ်းတ ချက်ကိစ္စအဆုံး
ဆွေးနွေးကြ၊ ပြောကြပါတယ်။ တစ်ခါတလေ လက်ဖက်ရည်ဆိုင်တွေမှာ
ပြောကြဆိုကြရင်းနဲ့ ထိမိတဲ့ဆောင်ပုဒ်တို့၊ ကြွေးကြော်သံတို့
ပေါ်ထွက်လာကြပြီး တစ်မြို့လုံးအနှံ့ ပြန့်သွားတာလည်း ရှိပါတယ်။
ဒီဘက်ခေတ်မှာကျတော့ သူတို့ရဲ့အားလပ်ချိန်မှာ လက်ဖက်ရည်ဆိုင်ထိုင်ကြတဲ့
လူငယ်တွေနဲ့ ဒစ္စကိုကပွဲတွေ၊ ဈေးကြီးတဲ့ စားသောက်ဆိုင်တွေကို
သွားကြတဲ့လူငယ်တွေဆိုပြီး သိသိသာသာ နှစ်မျိုးနှစ်စားကွဲနေတာကို အားလုံးကပြောစရာမလိုဘဲနဲ့ လက်ခံနေကြပါပြီ။ဒီလိုနှစ်မျိုးနှစ်စားခြားနားချက်ဟာ ငွေကြေးအခြေအနေတစ်ခုတည်းကြောင့်
လုံးဝဖြစ်နေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အတော်အတန်တော့ ဟုတ်ပါတယ်။
လက်ဖက်ရည်ဆိုင် ထိုင်ကြတဲ့လူငယ်တွေဟာ ဒုတိယကမ္ဘာစစ်မဖြစ်ပွားမီ
လွတ်လပ်ရေးကြိုးပမ်းတဲ့လှုပ် ရှားမှုတွေရဲ့
ဘူမိနက်သန် တည်ရာမြေအဖြစ်နဲ့ ရန်ကုန်တက္ကသိုလ်ကို ပြောင်းလဲပစ်ခဲ့ကြတဲ့
လူငယ်အမျိုးသား၊ အမျိုးသမီးတွေရဲ့ အစဉ်အလာနဲ့ ပိုနီးစပ်ပြီး
ဒစ္စကိုကပွဲတွေဆီသွားတဲ့ လူငယ်အမျိုးသား၊ အမျိုးသမီးတွေကတော့
သုံးနိုင်ဖြုန်းနိုင်တဲ့ လူငယ်သူဌေးပေါက်စပုံစံကို နမူနာယူချင်တတ်ကြပါတယ်။
မြန်မာပြည်မှာ လက်ဖက်ရည်တစ်ခွက် သောက်သုံးခြင်းဟာ
အစဉ်ပုံမှန်ပြုလုပ်နေကျဖြစ် တဲ့အတွက် လက်ဖက်ရည်တစ်ခွက်ဖိုးစာအဖြစ် ဘောက်ဆူးပေးခြင်း၊ လက်ခံခြင်းကို တချို့သော အာရှနိုင်ငံတွေမှာလိုပဲ လက်ဖက်ရည်ဖိုး ဆိုပြီး လူသိများပါတယ်။
ဒါပေမဲ့လည်း ပြည်သူ့ဝန်ထမ်းတွေရဲ့လစာနဲ့ လူနေမှုစရိတ် ကွာဟချက်ကြီးမားလာတဲ့အခါမှာ တော့
လက်ဖက်ရည်ဖိုးဆိုတဲ့ စကားရဲ့အဓိပ္ပာယ်ဟာလည်း မျက်လှည့်ပြသလိုပဲ
အပြောင်းလဲကြီး ပြောင်းလဲသွားပါတော့မယ်။ အုပ်ချုပ်ရေးယန္တရားလုပ်ငန်း အဆင့်ဆင့်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ကျော်လွှားသွားနိုင်ဖို့ပေးရ တဲ့
" လာဘ် " ဆိုတဲ့ အဓိပ္ပာယ်ကို သက်ရောက်သွားပါတော့တယ်။ ဒါပေမဲ့
အဲဒီအချိန်တုန်းက ပေးရတဲ့လာဘ်ဟာ အနည်းအကျဉ်းပါပဲ။ ယခုခေတ်ကာလမှာတော့
နိုင်ငံကူးလက်မှတ် မြန်မြန်ရရှိရေးအတွက်ဆိုရင်
ဂဏန်းငါးလုံးလောက်အထိ ပေးနေရပါပြီ။ ဒါကြောင့် လာဘ်ထိုးရတာကို ယဉ်ကျေးအောင်
" လက်ဖက်ရည်ဖိုး " ဆိုတဲ့ စကားသုံးလို့ မရတော့ပါဘူး။ယခု
လောလောဆယ်သုံးနေတာကတော့ " ရေသွန်တယ် " ၊ " ရေလောင်းတယ် " ဆိုတာပါပဲ။
လုပ်ငန်းလုပ်ဆောင်တဲ့ ဌာနအဆင့်ဆင့်မှာ အဆင်ပြေချောမွေ့စေဖို့အတွက် ဒလဟော ရေစက်သွန်းချ ပသဖို့ လိုအပ်ခြင်းကိုပြောတာလို့ ယူဆရပါတယ်။သာမန် လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်တစ်ခွက်ရဲ့တန်ဖိုး ဟာ
၈ကျပ်မှ ၁၀ အထိ ရှိနေပေမယ့်လည်း ဒီဈေးနှုန်းဟာအခက်အခဲ၊ အကျပ်အတည်းနဲ့
ရုန်းကန်နေရတဲ့ စာရေးဆရာတွေ၊ ကျောင်းသားတွေ သောက်နိုင်ပါသေးတယ်။ ဒါပေမဲ့
ရန်ကုန်မှာအသစ်ဆောက်ထားတဲ့၊ ပြန်လည်ပြင်ဆင်မွမ်းမံထားတဲ့  ကြယ်ပွင့်အဆင့်ရှိ ဟိုတယ်တွေမှာ လက်ဖက်ရည်တစ်ခွက်သောက်ဖို့က တော့
မြန်မာပြည်လူအများစု အိပ်မက်မမက်နိုင်တဲ့ ဈေးနှုန်းအဆင့်ကို ရောက်နေပါပြီ။
အင်္ဂလိပ်စတိုင်လ်တည်ခင်းတဲံ လူတစ်ယောက်စာ လက်ဖက်ရည်ဟာ ၃ ဒေါ်လာ ရှိနေပါတယ်။
တရားဝင်သတ်မှတ်ထားတဲ့ ငွေလဲနှုန်းက အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို မြန်မာငွေ ၆ ကျပ်တောင် မပြည့်ပါဘူး။ ဒါပေမဲ့လည်း မကြာသေးတဲ့ သီတင်းပတ်က ဖွင့်လှစ်လိုက်တဲ့ FEC ငွေလဲဌာနတွေမှာ အမေရိကန်တစ်ဒေါ်လာနဲ့ညီတဲ့ 1 FEC ဟာ အခြေအနေနဲ့ ပိုပြီးကိုက်တဲ့နှုန်း မြန်မာငွေ ၁၂၀ ကျပ်မှာ ရှိနေပါတယ်။ဒီလိုဈေးနှုန်းနဲ့ဆိုရင် ဇိမ်ခံဟိုတယ်တွေမှာ လက်ဖက်ရည်တစ်ခွက်ရဲ့တန်ဖိုး ဟာ
မြန်မာငွေ ၃၆၀ ကျပ်နဲ့ သွားညီနေပါတယ်။ ရဲတပ်သားသစ်တစ်ဦးရှိတဲ့
အိမ်ထောင်စုအနေနဲ့ တစ်ပတ်စားဖို့ဆိုတာ အတော့ကိုမလွယ်တဲ့ ကိစ္စပါပဲ။
ဒါကိုကြည့်တာနဲ့ လက်ဖက်ရည်ဟာဈေးအကြီးဆုံး အမျိုးအစားဖြစ်သည့်တိုင်အော င် အစိုးရ၀န်ထမ်းတွေလိုအပ်တဲ့ အပိုငွေကို ဒီကနေ့မှာ လက်ဖက်ရည်ဖိုးလို့ ခေါ်လို့မဖြစ်တော့တာ အလွယ်တကူ နားလည်နိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်
ဧပြီလ (၁၅)ရက်၊ ၁၉၉၆
ဒါ့အပြင် သိပ်ထားတဲ့လက်ဖက်ကို ဆီမွှေးမွှေးလေးထဲမှာစိမ်ပြီး
ရှမ်းကုန်မြေမြင့်ကထွက်တဲ့ လက်ဖက်ခြောက်ကိုလှော်ပြီးခပ
နို့နဲ့သကြားနဲ့ ရောစပ်ဖျော်ထားတဲ့ လက်ဖက်ရည်မျိုးဟာ အင်္ဂလိပ်လူမျိုးများသောက်သုံ
ပန်းရောင်သမ်းနေတဲ့ လက်ဖက်ရည်ချိုညိုညိုဟာ ခပ်ပျစ်ပျစ်ကလေးနဲ့ အနံ့အရသာကလည်း ကိုယ့်ခွက်ထဲကို လက်ဖက်ရည်လေးထည့်၊ နွားနို့ကလေး စတိလောက်ရော၊ သကြားကလေး တစ်ဇွန်းနှစ်ဇွန်း ပေါ့ပေါ့ခပ်ပြီး မွှေသောက်ကြတဲ့သူတွေ သိမှာမဟုတ်တဲ့ အနံ့အရသာမျိုးပါ။
မြန်မာပြည်က လက်ဖက်ရည်ဆိုင်မှာ သောက်သုံးဖို့ လာကြတဲ့သူတွေကတော့ " lapsang Souchong " ပဲဖြစ်ဖြစ်၊ " Earl Grey " ပဲဖြစ်ဖြစ်၊ " Pekoe " ပဲဖြစ်ဖြစ်၊ "English Breakfast" ပဲဖြစ်ဖြစ် မှာတယ်လို့ ထုံးစံမရှိပါဘူး။ သူတို့တစ်တွေမှာတာက ချိုပေါ့၊ ချိုပေါ့ကျ၊ ချိုဆိမ့် ဒါမှမဟုတ် ကျောက်ပန်းတောင်း (ချိုပြီးပျစ်နေတာကို ခေါ်ပါတယ်) တို့ပဲဖြစ်ပါတယ်။ ပြည်တွင်းဖြစ် ချက်နို့ဆီနဲ့မဟုတ်ဘဲ နိုင်ငံခြားကလာတဲ့ ဘူးနို့ဆီနဲ့ဖျော်ထားတဲ့ လက်ဖက်ရည်ဆိုရင်တော့ ရှယ်(စပယ်ရှယ်)လို့ခေါ်ပြီး ပုံမှန်ဈေးနှုန်းထက် (၂) ကျပ်လောက် ပိုပေးရပါတယ်။
သူငယ်ချင်းအပေါင်းအသင်းတွေ လက်ဖက်ရည်ဆိုင်မှာ စုဝေးကြတာဟာ လူကြိုက်များတဲ့ အပျင်းဖြေနည်းဖြစ်တဲ့အတွက် " လက်ဖက်ရည်ဆိုင်ထိုင်ခြင်း " ဆိုတဲ့ ဝေါဟာရဟာလည်း လက်တွေ့မှာတော့ သူ့အဓိပ္ပာယ်နဲ့သူ ရှိနေတဲ့ကိရိယာတစ်လုံး ဖြစ်ပါတယ်။ လက်ဖက်ရည်ဆိုင်မှာ လူတွေဟာ သတင်းတွေ အပြန်အလှန်ဖလှယ်ကြပါတယ်။ အဲဒီမှာ ပတ်ဝန်းကျင်အခြေအနေက သိပ်အန္တရယ်မများဘူးဆိုရင်တေ
မြန်မာပြည်မှာ လက်ဖက်ရည်ကြမ်းဝိုင်း ဆွေးနွေးပွဲဆိုတဲ့ စကားအသုံးအနှုန်းရှိပါတယ်။ အဲဒီဆွေးနွေးပွဲဆိုတာက အလွတ်သဘောဆွေးနွေးတာမျိုးဖြ
စာရေးဆရာတွေကလည်း လက်ဖက်ရည်ဆိုင်ထိုင်ပြီး စာပေရေးရာအလွတ်သဘော ဆွေးနွေးတာမျိုးပြုလုပ်ကြပါ
ဒါပေမဲ့လည်း ပြည်သူ့ဝန်ထမ်းတွေရဲ့လစာနဲ့
တရားဝင်သတ်မှတ်ထားတဲ့ ငွေလဲနှုန်းက အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို မြန်မာငွေ ၆ ကျပ်တောင် မပြည့်ပါဘူး။ ဒါပေမဲ့လည်း မကြာသေးတဲ့ သီတင်းပတ်က ဖွင့်လှစ်လိုက်တဲ့ FEC ငွေလဲဌာနတွေမှာ အမေရိကန်တစ်ဒေါ်လာနဲ့ညီတဲ့ 1 FEC ဟာ အခြေအနေနဲ့ ပိုပြီးကိုက်တဲ့နှုန်း မြန်မာငွေ ၁၂၀ ကျပ်မှာ ရှိနေပါတယ်။ဒီလိုဈေးနှုန်းန
ဒေါ်အောင်ဆန်းစုကြည်
ဧပြီလ (၁၅)ရက်၊ ၁၉၉၆
0 comments:
Post a Comment