Thursday, June 5, 2014

ကွတ်ခိုင်-တာမိုးညဲ ကားလမ်းပိုင်းတွင် အစိုးရတပ် နှင့် တအောင်းတပ် တိုက်ပွဲဖြစ်


4 Jun 2014 post by TNLA

တအာင်းဒေသ၊ ကွတ်ခိုင်မြို့နယ်၊ ကွတ်ခိုင်- တာမိုးညဲ မြို့နယ်ခွဲ ကားလမ်းမပေါ်တွင် တအာင်းတပ်မတော်(TNLA) ၊ဗျူဟာ အမှတ်(၅) ကွပ်ကဲမှုအောက်၊ တပ်ရင်း (၃၃၅) ၊ အမှတ်(၃) တပ်ခွဲမှ နယ်မြေစိုးမိုးရေးဆောင်ရွက်စဉ်၊ တာမိုးညဲနှင့် မော်ဟန်ကျေးရွာကြားတွင် တာမိုးညဲအခြေစိုက် မြန်မာ့တပ်မတော် ခလရ (၂၉၀)မှ ယနေ့ ဇွန်လ ၄ ရက်နေ့ ၁၆း၀၀ ချိန်တွင် တအာင်းတပ်မတော်အား အလစ်ဝင်ရောက်တိုက်ခိုက် ခဲ့ရာ (၁၅)မိနစ်ခန့် နှစ်ဘက် အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး တအာင်းတပ်မတော်(T.N.L.A)မှ အနီးကပ် လက်နက်ကြီး (RPG) ဖြင့်ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ မြန်မာ့တပ်မတော် ခလရ (၂၉၀) မှ စီးနှင်းလာသည့် ဖိုးဝီး ကား တစီး ထိမှန် ပျက်စီးသွားခဲ့ပါသည် ။

တိုက်ပွဲတွင် တအာင်းတပ်မတော်(T.N.L.A)မှ ထိခိုက်ဒဏ်ရာရရှိမှုမရှိပါ။ မြန်မာ့တပ်မတော်ဖက်မှ ထိခိုက်ဒဏ်ရာ ရရှိမှု မသိရှိရသေးပါ။ တိုက်ပွဲအသေးစိတ် အခြေအနေအား ဆက်လက်တင်ပြသွားပါမည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

0 comments: