
16 June 2014
ချင်းပြည်နယ်မတူပီမြို့နယ်၊
အဆိုပါ အမျိုးသမီးသည် တောင်ယာသို့ အသွား တောင်ယာလမ်းဘေး သစ်ပင်အောက် တွင် အရက်မူးပြီး အိပ်နေ ကြသည့် စစ်သားနှစ်ဦးထဲက တပ်သား မျိုးသူရကျော် ဆိုသူက ထလာပြီး အဓမ္မပြုကျင့်ရန် ကြံစည် ခဲ့ခြင်းဖြစ်သည်။
” သူ့ အဖော်စစ်သားက အရက်မူးပြီး အိပ်နေပုံရတယ်၊ ထိုစဉ်မှာ တပ်သားမျိုးကျော်သူရကျော်က အမျိုးသမီး နောက် ကိုလိုက်ပြီး လှဲလိုက်တယ်၊ အမျိုးသမီးက ရုန်းတော့ အမျိုးသမီးကို လက်သီး၊ ပေါက်တူးနဲ့ ထုရိုက်တယ်၊ အဲဒါကို တောင်ယာသွားတဲ့ ရွာသားတွေက မြင်လို့ အချိန်မှီ ကယ်တင်လိုက်တာပါ” ဟု ဒေသခံတဦးက ပြောသည်။
အမျိုးသမီးသည် စစ်သား၏ နှိပ်စက်ဒါဏ်ကြောင့် ကျောပြင်များ ယောင်ကိုင်းနေပြီး မျက်ခုံးတွင် ပြင်းထန်စွာ ဒါဏ်ရာ ရရှိခဲ့ကြောင်း ရေဇွာပြည်သူ့ဆေးရုံတွင် အတွင်း လူနာအဖြစ် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
ဒါဏ်ရာကြောင့် အသက်အန္တရာယ် မစိုးရိမ်ရပေမဲ့ အမျိုးသမီးဟာ နှလုံးရောဂါ အခံရှိသူဖြစ်သောကြောင့် တခါတခါ သွေး လန့်တာမျိုးတွေရှိကြောင်း ဆက်ဆိုသည်။
တပ်သားမျိုးသူရကျော်ကို နယ်မြေခံရဲများက ထိန်းသိမ်းထားခဲ့ရာမှ နယ်မြေခံ တပ်ရင်းမှူးက တရားခံအား မတူပီသို့ ပို့ထားကြောင်း ၊ ချင်းပြည်နယ် ပြည်နယ်ထွေအုပ်ရုံး၊ မင်းတပ်ခရိုင်ရုံးမှ အမှုတွဲကို တောင်းခံနေပြီဖြစ်ကြောင်း သိရ သည်။
ယခင် စစ်အစိုးရအုပ်ချုပ်ရေးကာလတွ
ထို့အပြင် ၂၀၀၄-၁၅ ခုနှစ်အတွင်း ၁၄ နှစ်အရွယ် မိန်းကလေးငယ်အား စစ်သားတစ်ဦးမှ အဓမ္မပြုကျင့်ရန်ကြိုး စားဖူး ကြောင်း ရဲစခန်းအတွင်းရဲဝန်ထမ်းတဦးက
Copy from - Chin News Group
0 comments:
Post a Comment