
ကြံ့ဖွတ်ဖက်ဆစ်စစ်အုပ်စုအလိုတော်ရိ ဆားထဲကလောက်ကောင်တွေကိုတိုက်ဖျက်ကြ
ကနေ့ဗိုလ်သန်းရွှေ ကြိုးကိုင်ထားတဲ့ ကြံ့ဖွတ်ဖက်ဆစ် စစ်အုပ်စုရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခိုင်မာပြီး ပြည်သူ တရပ်လုံးအပေါ် ဆက်လက်ကျွန်ပြုထားနိုင်ဖို့ ကြိုးပမ်းချက်များကို အလိုတူအလိုပါ ပူးပေါင်း လုပ်ဆောင်နေတဲ့ အမျိုး သားသစ္စာဖောက် အသားထဲက လောက်မကတဲ့ ဆားထဲက လောက်ကောင်တွေကို အမြန်ဆုံး တိုက်ဖျက်ပစ်ရမှာဖြစ် တယ်။
ကြံ့ဖွတ်ဖက်ဆစ် စစ်အုပ်စု ဆက်လက် အာဏာတည်မြဲရေးအတွက်
အနီးကပ် ပူးပေါင်း လုပ်ဆောင်နေတာက ကမ္ဘာ့လူ လိမ်
နိုင်ငံရေး ပွဲစားကြီးဟန်ယောင်ဝေ၊ စားဖားတွေဖြစ်ကြတဲ့ အောင်နိုင်ဦး၊
မင်းဇော်ဦး၊ သန့်မြင့်ဦး၊ ဇော်ဦး၊ညိုအုန်းမြင့်၊ အင်ဒရူးငွန်ကျုံးလျံ၊
အောင်သူငြိမ်း၊ ဝင်းမင်း တို့နဲ့ လက်ကိုင်ဒုတ်တွေဖြစ်ကြတဲ့တူးတူးလေး၊
မန်းငြိမ်း မောင်၊ ရွှေခါး၊ ခွန်ဆိုင်းတို့ဖြစ်ကြပြီး သူတို့အားလုံးဟာ
တော်လှန်ရေးသစ္စာဖောက်၊ဒီမိုကရေစီရေးသစ္စာဖောက်၊ တိုင်း ရင်းသားသစ္စာဖောက်၊
တိုင်းပြည်နဲ့ပြည်သူတွေအပေါ် သစ္စာဖောက်ပြီးဖက်ဆစ်စစ်အုပ်စုနဲ့
ပြောင်ပြောင်တင်းတင်း ပူးပေါင်းသူတွေဖြစ်တာကို
အားလုံးအသိဘဲဖြစ်တယ်။အထူးသဖြင့် ပွဲစားကြီးဟန်ယောင်ဝေ ဆိုရင် ကမ္ဘာ့မွတ်ဆလင်
ခေါင်းဆောင်တွေနဲ့ ပေါင်းပြီးရခိုင်အမျိုးသားသာမက
ဗမာတနိုင်ငံလုံးကိုရောင်းစားဖို့ ဝန်မလေးဘဲ မျက်နှာမပူ ဘနဖူး
သိုက်တူးမယ့်လူဖြစ်တယ်။
နအဖဖက်ဆစ်စစ်အုပ်စုက ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေကို အတင်းအဓမ္မ အတည်ပြုပြဋ္ဌာန်းလိုက်တဲ့အချိန်မှာဒီမို
ကရေစီအင်အားစုနဲ့ တိုင်းရင်းသားအင်အားစုတွေ ဖြစ်ကြတဲ့ NDF, ENC, DAB, NCUB
တို့ကပြတ်သားစွာပယ်ချ လိုက်ကြတယ်။ စားပေါက်ကြီး ကြိုမြင်ထားတဲ့
ဟန်ယောင်ဝေနဲ့ အပေါင်းအပါတွေဖြစ်ကြတဲ့ ဒေးဗစ်ထော (သေဆုံး)၊ တူးတူးလေး၊
ရွှေခါး၊ ခွန်ဆိုင်းစတဲ့အုပ်စုဟာ ကမ္ဘာ့နိုင်ငံတကာခေါင်းဆောင်တွေနဲ့NGO
တွေဆီကို တိုင်းရင်းသားတွေံ ပါတီထောင်တာပစ်မထားဖို့၊ ကူညီဖို့
လျှို့ဝှက်စာ ဆက်သွယ်လို့ ENC ဖရိုဖရဲကွဲပြဲသွားတယ်။
ကြံ့ဖွတ်စစ်အုပ်စု၂၀၁၀
ခု ဟန်ပြပါတီစုံတည်ဆောက်ရေးနဲ့ ရွေးကောက်ပွဲကာလမှာ
ပွဲစားကြီးဟန်ယောင်ဝေနဲ့ အပေါင်းအပါတွေဟာကြံ့ဖွတ်အစိုးရနဲ့ အပေးအယူလုပ်ပြီး
ပြည်တွင်းမှာ တိုင်းရင်းသားတွေက ပါတီထောင်၊ ကြံ့ဖွတ်နဲ့လက်တွဲဖို့
လှုပ်ရှားလာတယ်။ ဒါပေမဲ့ နိုင်ငံရေးဝါရင့်တဲ့ UNA, UNLD ကို
မချဉ်းကပ်နိုင်ရှာဘူး။၂၀၁၀ ရွေးကောက်ပွဲ ဝင် ဒို့ညီနောင်
တိုင်းရင်းသားပါတီတချို့ကို ချဉ်းကပ်နိုင်ပြီး
နည်းနည်းပါးပါးအကူအညီပေးထားနိုင်တာကအပကြံ့ဖွတ် စစ်အုပ်စုလိုလားချက်ကို
မလုပ်ဆောင်နိုင်ခဲ့ပါ။
ဟန်ယောင်ဝေနဲ့အပေါင်းအပါတစုဟာ
ကြံ့ဖွတ်ဖက်ဆစ်စစ်အုပ်စုနဲ့ နားလည်မှုယူပြီး နယ်စပ်မှာရှိတဲ့ UNFC ကိုချဉ်း
ကပ်လာတယ်။ UNFC ကိုဝန်းရံပေးဖို့ဆိုပြီး WGEC အလုပ်အဖွဲ့ကို
ဖွဲ့လိုက်တယ်။UNFC ကိုဝန်းရံဖို့မဟုတ်ဘဲ UNFC ကို ဖြုတ်ချဖို့ဖြစ်တယ်ဆိုတာ
စောစောသိလိုက်လို့UNFC ဟာ WGEC က နှုတ်ထွက်လိုက်တော့ WGEC ဟာ ကျော
ထောက်နောက်ခံ (ownership) မရှိဖြစ်သွားတယ်။အဲဒါကြောင့် ပွဲစားကြီး
ဟန်ယောင်ဝေဟာ အကြီးအကျယ် မကျေမနပ်ဖြစ်ပြီး WGEC ကို KNU တပိုင်းနဲ့RCSS
တို့ကကျောထောက်နောက်ခံပေးဖို့ အရှက်မရှိကြိုးစားပြန်တယ်။ ဒါပေမဲ့ KNU
နဲ့RCSS ခေါင်းဆောင်တွေဟာ ဟန်ယောင်ဝေရဲ့ လှည့်ကွက်ကို
ကောင်းကောင်းသိကြတဲ့အတွက် တာဝန်ခံပေးဖို့လက်မခံဘဲ လိုင်ဇာကွန်ဖရင့်က
ဖွဲ့စည်းလိုက်တဲ့ NCCT မှာ လက်တွဲပါဝင်ကြတာကြောင့်WGEC ဟာ မြောင်းပုပ်ထဲ
ရောက်သွားတယ်။
ဒီနေ့ကြံ့ဖွတ်ဖက်ဆစ် စစ်အုပ်စုနဲ့ ပွဲစားဟန်ယောင်ဝေတို့ အပေါင်းအပါတွေ ဘာတွေလုပ်နေသလဲ။-
ဒီမိုကရေစီ အင်အားစုဖြစ်တဲ့NLD
၊ ၈၈ မျိုးဆက်အဖွဲ့ နဲ့ UNFC လုံးဝဆက်စပ်မှုမရှိရေး၊ UNFC နဲ့
တခြားတိုင်းရင်းသားတွေဖြစ်ကြတဲ့ ဝသပ၊ မိုင်းလားတို့ကို ခွဲခြားဖြိုခွဲရေး
(divide)၊ UNFC အဖွဲ့အတွင်းဖြိုခွဲရေး (fragmentation) အပြင်းအထန်
လုပ်နေတယ်။
ဟန်ယောင်ဝေနဲ့အပေါင်းအပါတွေဖြစ်ကြတဲ့
တူးတူးလေး၊ ခွန်ဆိုင်း၊ ရွှေခါး၊ မန်းငြိမ်းမောင်တို့ဟာWGEC မြောင်းပုပ် ထဲ
ရောက်သွားကတည်းက UNFC ကို လုံးဝမကျေနပ်ဘဲ
ကြံ့ဖွတ်ဖက်ဆစ်စစ်အုပ်စုနဲ့ခေါင်းချင်းရိုက်ပြီး UNFC နဲ့
တခြားတိုင်းရင်းသားတွေ မညီညွတ်ရေး၊ UNFC ဖြိုခွဲရေး၊UNFC ကို
စင်ပြိုင်တိုက်ဖျက်ရေး (rivalry and elimination) တွေ နေ့စဉ်နဲ့ အမျှ
လုပ်ဆောင်နေတယ်။
(၁)၂၀၁၄ ခု ဧပြီ ၄-၅ ရက်နေ့
ငြိမ်းချမ်းရေးစင်တာ ဆိုတဲ့နေရာမှာ UNFC နဲ့
တခြားတိုင်းရင်းသားတွေတွေ့ဆုံဆွေး နွေးခဲ့တုံးက
တခြားတိုင်းရင်းသားတွေဖြစ်ကြတဲ့ ဝသပ၊ မိုင်းလား၊ ABSDF,RCSS နဲ့
နာဂအဖွဲ့တွေကို လေ့လာသူ (observer) မဟုတ်ဘူးဆိုပေမဲ့
လေ့လာသူပုံစံမျိုးနဲ့သီးခြားခုံတွေမှာ ထိုင်ခိုင်းလိုက်တာဟာ UNFC က
တခြားတိုင်း ရင်းသားတွေကို တန်းတူအဆင့် လက်မခံသလို မြင်လာအောင်
တမင်ဖန်တီးလိုက်တာဖြစ်တယ်။
(တိမ်ကြားမင်းခေါင် တင်ပြသည်။)
(၂)ကြံ့ဖွတ်ဖက်ဆစ်စစ်အုပ်စုနဲ့
ဟန်ယောင်ဝေဂိုဏ်းဟာ UNFC ကို အနီးကပ်အတိုက်အခံလုပ်ဖို့အတွက်ပြည်
ထောင်စုအင်စတီကျု ရုံးကို ချင်းမိုင်မှာ ဖွင့်ပြီး မန်နေးဂျင်း
ဒါရိုက်တာအဖြစ်ဘိန်းဘုရင်ခွန်ဆာရဲ့ MTA မှာ နိုင်ငံခြား
ရေးဝန်ကြီးဖြစ်ခဲ့သူ ရှမ်းသွေးမပါ တရုတ်စစ်စစ်(ရှမ်းစာနဲ့စကားကျွမ်းကျင်သူ)
ခွန်ဆိုင်း၊ ဒါရိုက်တာအဖွဲ့ဝင်တွေအဖြစ် တူးတူးလေးနဲ့ရွှေခါးတို့
တာဝန်ယူတဲ့အပြင် ရုံးလုပ်ငန်းတောင်မှ ကောင်းကောင်းကျွမ်းကျင်မှု
မရှိသေးဘဲအတွေ့ အကြုံနုနယ်တဲ့ တိုင်းရင်းသားလူငယ် ၁၅ ယောက်ကို တယောက်တလ
အနည်းဆုံး ဘတ် ၁၈၀၀၀က ၂၅၀၀၀ အထိ ပေးထားတယ်။ ဒါ့အပြင်
(ဖက်ဒရယ်နာမယ်မခံရဲတဲ့) ပြည်ထောင်စု အင်စတီကျု (PyidaungsuInstitute)
ရုံးဖွင့်တာနဲ့ ပတ်သက်လို့ သတင်းဌာနတွေမေးတာကို
မန်နေးဂျင်းဒါရိုက်တာခွန်ဆိုင်းထုတ်ဖော်ပြောတာက သမတဦးသိန်းစိန်နဲ့
ဝန်ကြီးဦးအောင်မင်းတို့က ငြိမ်းချမ်းရေး လုပ်ငန်းနဲ့ပတ်သက်ပြီး အစိုးရမှာ
ငြိမ်းချမ်းရေးစင်တာ ရုံးရှိတယ်၊ တိုင်းရင်း သားတွေမှာ
အဲ့လိုရုံးမျိုးမရှိသေးဘူး၊ ဒါ့ကြောင့် တိုင်းရင်းသားတွေရဲ့
ငြိမ်းချမ်းရေးလုပ်ငန်းစင်တာရုံး လိုအပ်တယ်လို့ခွင့်ပြုသဘောတူတဲ့အတွက်
အခုလို ပြည်ထောင်စုအင်စတီကျုရုံး ဖွင့်တာဖြစ်ကြောင်း
ထုတ်ပြောခဲ့တယ်။တကယ်လို့ သာ တိုင်းရင်းသားငြိမ်းချမ်းရေးကို
အမှန်တကယ်လိုချင်ရင် ပြည်ထောင်စုအင်စတီကျုရုံးဟာUNFC အုပ်ချုပ်မှုအောက် မှာ
ထားရမှာဖြစ်တယ်။ UNFC ကိုလုံးဝမလိုလားတဲ့ အမျိုးသား
သစ္စာဖောက်လောက်ကောင်လက်မှာထားတာဟာ တိုင်းရင်းသားတွေ စုစည်းထားတဲ့ UNFC ကို
အနီးကပ်ဖြိုခွဲဖို့ဖြစ်တာ ပေါ်လွင် ထင်ရှားလွန်းတယ်။
(၃)ကြံ့ဖွတ်စစ်အုပ်စုနဲ့
ပွဲစားဟန်ယောင်ဝေတို့ရဲ့ အစီအစဉ်၊ အကြံဉာဏ်၊ အထောက်အပံ့ အစစအရာရာအကူအညီ
နဲ့ လက်ကိုင်ဒုတ်ဖြစ်တဲ့ တူးတူးလေးကို ခိုင်းစေပြီး KNU အဖွဲ့ကို
ခုတုံးလုပ်၊နိုင်ငံရေးအလွန်အားနည်းတဲ့ KNU ဥက္ကဌ ဗိုလ်မူးတူးနဲ့
အပေါင်းအပါတို့ကို ရုပ်သေးအဖြစ်အသုံးချကာ ဝသပ၊ မိုင်းလားဒေသကို ခရီးစဉ်တခု
စေလွှတ်ခဲ့တယ်။ အဲ့ဒီ့ခရီးစဉ်မှာ ဝသပနဲ့တွေ့ဆုံတာ သိတ်ထူးခြားမှု မရှိပေမဲ့
မိုင်းလားအဖွဲ့နဲ့တွေ့ဆုံတဲ့အခါ လက်ကိုင်ဒုတ်တူးတူးလေးက UNFC ဟာ
ခင်ဗျားတို့နဲ့ ဟိုကိစ္စ ဒီကိစ္စ လာတွေ့တာ လာဆွေးနွေးတာ မရှိဘူးလား
ဆိုပြီးထပ်ခါတလဲလဲ တရားခံ မေးသလို မေးနေတာကို ကြည့်ခြင်းအားဖြင့် UNFC ကို
ဖျက်ဆီးလိုပြီးUNFC နဲ့ ဝသပ၊ မိုင်းလားတို့ လုံးဝ အဆက် အစပ်မရှိဖို့၊
တိုင်းရင်းသားတွေ စည်းလုံးညီညွတ်ရေးကိုလုံးဝမလိုလားဘူးဆိုတာ ဘာမှနားမလည်တဲ့
ကလေးတောင် ကောင်းကောင်းကြီး သဘောပေါက်မှာဖြစ်တယ်။KNU
ခေါင်းဆောင်တွေဖြစ်ပြီး ရုပ်ပြရုပ်သေးအဖြစ် ပြသခံနေရတဲ့
ဗိုလ်မူးတူးတို့ကတော့ ဘာတခွန်းမှပြောတာမတွေ့လိုက်ဘူး။ ဒါကြောင့်
စစ်အုပ်စုရဲ့ လက်ကိုင်ဒုတ်ဖြစ်တဲ့ တူးတူးလေး ကိုတော့
အားလုံးသတိထားပယ်ထုတ်ရမှာဖြစ်တယ်။ မြေခွေးအမြီးဖြတ်ဖို့ အဖော်ညှိရအောင်
သူတို့ကို နောက်ထပ်သွားတွေ့ဆုံခိုင်းလိမ့်ဦးမယ်၊ ဒါကို မဟာမိတ်တွေအနေနဲ့
အထူးသတိပြု ရှောင်ဖယ် ဝိုင်းကြဉ်ဖို့လိုတယ်။
(၄)စစ်အုပ်စုနိုင်ငံရေးပွဲစား
ဟန်ယောင်ဝေ၊ လက်ကိုင်ဒုတ်တွေဖြစ်ကြတဲ့ တူးတူးလေး၊ ရွှေခါး၊မန်းငြိမ်းမောင်၊
ခွန်ဆိုင်းတို့ဟာ လွန်ခဲ့တဲ့ ဇွန်လ ၁ ရက်နေ့မှာ KNU လော်ခီးလာ
စခန်းကိုသွားပြီး UNFC-NCCT နဲ့ ငြိမ်းချမ်းရေး မဖြစ် နိုင်ကြောင်း၊
တဖွဲ့ချင်း ငြိမ်းချမ်းရေးလက်မှတ်ထိုးမှအောင်မြင်မယ့်အကြောင်း၊ KNU အနေနဲ့
လက်ဦးစံပြအဖြစ် လုပ် ဆောင် သွားသင့်ကြောင်း ဆွေးနွေးပြီးUNFC
ဖြိုခွဲရေးအတွက် လုပ်နေတာသိရတယ်။ ဒါကိုကြည့်လိုက်ရင် ဟန် ယောင်ဝေတို့
ဖက်ဆစ်အလိုတော် ရိတွေဟာအတောမသတ်နိုင်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို
အရှက်မရှိ အတင်းဝင်ရောက်ဖျက်ဆီးနေတာတွေ့ရမှာဖြစ်တယ်။ ဒါကြောင့်
စစ်အုပ်စုပွဲစားကြီးနဲ့ လက်ကိုင်ဒုတ်တွေကို တိုင်းရင်းသား အင်အားစုအားလုံးက
အမြန်ဆုံးတိုက်ဖျက်ကြရမှာဖြစ်တယ်။
(၅)ပွဲစားဟန်ယောင်ဝေရဲ့
လက်ကိုင်ဒုတ်တွေဖြစ်ကြတဲ့ တူးတူးလေး၊ မန်းငြိမ်းမောင်တို့ဟာ
တိုင်းရင်းသားတွေတောင်းဆိုနေတဲ့ တပြည်ထောင်စနစ် ၂၀၀၈ အခြေခံဥပဒေကို
တန်းတူရေးနဲ့ ဖက်ဒရယ်စနစ်ဖြစ်အောင်ပြင်ဆင်ရေး၊
ပြည်သူတရပ်လုံးတောင်းဆိုနေတဲ့ ဒီမိုကရေစီအစစ်အမှန်ဖြစ်အောင်နဲ့
စစ်တပ်လွှမ်းမိုးမှုမရှိအောင်ပြင်ဆင်ရေးကိုလဲ လျစ်လျူရှုပြီး
ဖက်ဆစ်စစ်အုပ်စုအကြိုက် ခေါင်းငြိမ့်ပေးနေတယ်။၁၀ ကြိမ်မြောက်
ကရင်အမျိုးသားစည်းလုံးညီညွတ် ရေးနှီးနှောဖလှယ်ပွဲ (Karen Unity Seminar)
ရဲ့ ညီညွတ်ရေး၊ ပြည်တွင်းပြည်ပကရင်အလွှာစုံပူးပေါင်းလုပ်ဆောင်
ရေးဆုံးဖြတ်ချက်တွေကိုလဲ ဘေးချိတ်ပြီး ထင်ရာစိုင်းနေတယ်။
(၆)
ပွဲစားဟန်ယောင်ဝေ၊ လက်ကိုင်ဒုတ်တွေဖြစ်ကြတဲ့တူးတူးလေး၊ ရွှေခါး၊
မန်းငြိမ်းမောင်၊ ခွန်ဆိုင်းတို့ အောင်သွယ် မှုနဲ့ KNU ဥက္ကဌ
ဗိုလ်မူးတူးနဲ့အပေါင်းအပါတစု ဟာ ပြည်သူလူထုရဲ့ရန်သူ လူသတ်သမားတွေဖြစ်ကြတဲ့
ဗိုလ်သိန်းစိန်၊ မင်းအောင်လှိုင်တို့နဲ့၈ ကြိမ်တိုင်
ခတ်စိတ်စိတ်သွားတွေ့ရတာကို ဂုဏ်ယူဝင့်ကြွားစရာလို့ ယူဆရင်တော့ KNU
အတွင်းပြဿနာအကြီးအကျယ် ဖြစ်လာနိုင်တဲ့အပြင် ကရင်ပြည်သူ အောက်ခြေထုရဲ့
အော့နှလုံးနာ ပစ်ပယ်ခြင်းခံရမှာသေချာတယ်။ ဒါကြောင့် KNU နဲ့ ကရင်ပြည်သူတွေက
ရုပ်သေးပြခံနေရတဲ့ ဗိုလ်မူးတူးနဲ့ အပေါင်းအပါများကိုအချိန်မှီ ထိန်းထားရန်
လိုအပ်မှာဖြစ်တယ်။ တကယ်လို့ နောက်မဆုတ်ရင်
ကရင်ပြည်သူ့သမိုင်းတရားခံဖြစ်ရုံမက ဗမာပြည်သူ တရပ်လုံးရဲ့ ပစ်ပယ်ခံကြရမှာသာ
ဖြစ်တယ်။
နောက်ဆုံးအနေနဲ့ကြံ့ဖွတ်ဖက်ဆစ်စစ်အုပ်စုအလိုတော်ရိ
ပွဲစားဟန်ယောင်ဝေ၊ စားဖားတွေဖြစ်ကြတဲ့ အောင်နိုင်ဦး၊မင်းဇော်ဦး၊
သန့်မြင့်ဦး၊ ဇော်ဦး၊ ညိုအုန်းမြင့်၊ အင်ဒရူး ငွန်ကျုံးလျံ၊
အောင်သူငြိမ်း၊ဝင်းမင်းတို့နဲ့ လက်ကိုင်ဒုတ်တွေ ဖြစ်ကြတဲ့ တူးတူးလေး၊
မန်းငြိမ်းမောင်၊ ရွှေခါး၊ ခွန်ဆိုင်းစတဲ့ စစ်အုပ်စုအလိုတော်ရိ
အမျိုးသားသစ္စာဖောက် အသား ထဲကလောက်မကတဲ့
ဆားထဲကလောက်ကောင်တွေကိုအမြန်ဆုံးဝိုင်းဝန်းတိုက်ဖျက်ဖို့ အချိန်ရောက်ပြီ
ဖြစ်ပါတယ်။
(တိမ်ကြားမင်းခေါင် တင်ပြသည်။)
0 comments:
Post a Comment