Sunday, June 29, 2014

တပ်မ(၈၈)မှ မုန်ယာရွာအားမီးရှို့ပစ်မည်ဟု ပြော


(ဓါတ်ပုံ-မုန်ယာ မြန်မာ စစ်တပ်။)

ရှမ်းပြည်နယ်မြောက်ပိုင်း KIA, တပ်မဟာ (၄)ဒေသ၊KIA,တပ်ရင်း (၃၆)နယ်မြေ ဖြစ်သော မုန်ယာ ကျေးရွာ သို့ ဗိုလ်မှူး ဘိုဘို ဦးဆောင်သောမြန်မာအစိုးရတပ် တပ်မ(၈၈) လက်အောက်ခံ တပ်များ အင်အား တိုးချဲ့ ရောက်ရှိ လာပြီး ကွတ်ခိုင်မြို့ နယ် အတွင်းရှိ မုန်ယားကျေးရွာ မှ ရွာသား (၁၀) ဦးအား ယနေ့ မနက် (၁၁း၀၀)နာရီခန့် က အစိုးရတပ် တပ်မ(၈၈) တပ်မှ ဖမ်းဆီးခေါ် ဆောင်သွားကြောင်းသိရပြီး ယခုတိုင် ပြန်လွတ်ပေးခြင်း မရှိသေး ကြောင်းသိရသည်။

ဖမ်းဆီးသွားသည့် ရွာသားများတွင် ကချင် နှင့် ရှမ်းအမျိုးသားများ ပါဝင်ပြီး အဆိုပါ မုန်ယားကျေးရွာတွင် ကချင် ၊ ရှမ်း ၊ တရုတ် ၊ ပလောင် တိုင်းရင်းသားများ စုပေါင်းနေထိုင်သည့် ကျေးရွာကြီးဖြစ် ကြောင်းသိရသည် ။

၎င်း တပ်မ (၈၈)တပ်များသည် ရွာသားများ အားခြိမ်းခြောက် နှိပ်စက်ကာ နောက်တခါ ၄င်းတို့ ၏ဗမ စစ်တပ် ထပ်မံ တိုက်ခိုက်ခံရပါက ရွာ ဥက္ကဌ အိမ်အပါအ၀င် တရွာလုံးမီးရှို့ဖျက်ဆီး ပစ်မည် ဟုရွာသား များအားကြိမ်းဝါးခြိမ်းခြောက်ပြောဆို သည့်အပြင် အစိုးရ၏လက် အောက်ခံများ ဖြစ်သော မုန်ပေါ်နှင့် မုန်ယာ (ကချင်)ပြည်သူ့စစ် အဖွဲ့များကို လည်း အရေးယူမည်ဟု ထပ်မံခြိမ်းခြောက် သွားကြောင်း ဒေသခံ ရွာသားများထံမှ သိရှိရပါသည်။

အိမ်ခြေ (၂ရ၀)ခန့် ရှိသော မုန်းယားကျေးရွာတွင် မြန်မာအစိုးရတပ် တပ်မ(၈၈) လက်အောက်ခံတပ် အင်အား (၂၀၀)ကျော်ခန့် ဝင်ရောက် တပ်စွဲနေပြီး မုန်ယားကျေးရွာ မှ ရွာသူရွာသားများအား ရွာအပြင်သို့  ထွက်ခွင့် မပေးသည့်အပြင် (၅)ရက် တစ်ခါရောင်းချသော ဈေးနေ့ကိုလည်း ဖွင့်ခွင့်မပေးဘဲ ပိတ်ထားကြောင်း သိရသည် ။

သတင်းရင်းမြစ် - ကချင်သတင်းဌာန

0 comments: