
ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများအကြား
စိတ်ဝင်စားမှု မြင့်တက်နေသည့် သီလ၀ါ အထူးစီးပွားရေးဇုန် အပိုင်း (က) တွင်
အမေရိကန်၊ ဂျပန်နိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ စက်ရုံပေါင်း
၄၅ ရုံအား နေရာချထားပေးရန် ကနဦး သတ်မှတ်ထားကြောင်း သီလ၀ါ
အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီမှ ဇွန် ၁၄ ရက်က သတင်းရရှိသည်။
ပြည်တွင်းပြည်ပ စိတ်ဝင်စားမှုများ မြင့်တက်နေသည့် သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် အစုရှယ်ယာများ ရောင်းချစဉ်က ရောင်းချရန် လျာထားသည့် ရှယ်ယာအရေအတွက်ဖြစ်သည့် အစုရှယ်ယာပေါင်း ၂ ဒသမ ၁၄၅ သန်းအတွက် ၀ယ်ယူရန် အဆိုပြုသည့် ရှယ်ယာစုစုပေါင်းမှာ အစုပေါင်း လေးသန်းကျော်ရှိနေပြီး ၀ယ်ယူရန် အဆိုပြုသည့် ပမာဏမှာ နှစ်ဆကျော် ရှိနေသဖြင့် လျာထားချက်ထက် ပိုနေသည့် အစုရှယ်ယာများအတွက် ငွေပြန်အမ်းမှုများပင် ပြုလုပ်ခဲ့ရသည်။
သီလ၀ါ အထူးစီးပွားရေးဇုန်တွင် စတင်မြှုပ်နှံမှုများ ပြုလုပ်ရန် အမေရိကန်နိုင်ငံမှ ပုလင်းခွံ၊ သံဘူးခွံ မျိုးစုံထုတ်လုပ်သည့် Ball ကုမ္ပဏီနှင့် ဂျပန်နိုင်ငံမှ ကားအပိုပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီတို့သည် မြန်မာ-ဂျပန် သီလ၀ါ ဖွံ့ဖြိုးတိုးတက်ရေးလီမိတက်
(MJTD) နှင့် မြေယာဝယ်ယူခြင်းဆိုင်ရာ လက်မှတ်ရေးထိုးခြင်းကို ဇွန် ၆ ရက်က
ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ သီလ၀ါ အထူးစီးပွားရေးဇုန်
အကောင်အထည်ဖော်နိုင်မည့် ဧရိယာအဖြစ် မြေဧက ၆၀၀၀ နီးပါးအား ၂၀၁၃ ခုနှစ်
စက်တင်ဘာလအတွင်း နယ်နိမိတ် သတ်မှတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယင်းသို့ သတ်မှတ်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင် အတွင်းရှိ နယ်နိမိတ်တိုင်းတာပြီးစီးမှု
အမှတ်ပေါင်း ၁၇၉ ခုဖြစ်သည့် နယ်မြေဧရိယာ စတုရန်းကီလိုမီတာအားဖြင့် ၂၃ ဒသမ
၄၂၂၁ (ဧရိယာ အကျယ်အ၀န်းအားဖြင့် ၅၇၈၇ ဒသမ ၇၁၈ ဧက) ကို သီလ၀ါ
အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။
သီလ၀ါ အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ခဲ့သည့် နယ်နိမိတ်အတွင်း မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၏ ဖန်ချက်စက်ရုံ၊ သွပ်ပြားစက်ရုံ၊ ဖိနပ်စက်ရုံများ အပါအ၀င် ဌာနဆိုင်ရာ၊ အဖွဲ့အစည်း၊ ရပ်ကွက်များနှင့် ဘာသာရေး အဆောက်အအုံများ အသုံးပြုထားသည့် အ၀န်းအ၀ိုင်းများ တည်ရှိရာ ၁၃၄၅ ဒသမ ၆၄၄ ဧကကို ချန်လှပ်ထားရမည်ဟု ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
သီလ၀ါ အထူးစီးပွားရေးဇုန် ပထမအဆင့် စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများကို နိုဝင်ဘာ ၃၀ ရက်တွင် စတင်အကောင်အထည်ဖော်ခဲ့ကြောင်း၊
သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းကို မြန်မာနိုင်ငံမှ ၅၁ ရာခိုင်နှုန်း၊
ဂျပန်နိုင်ငံမှ ၄၉ ရာခိုင်နှုန်း၊ ရင်းနှီးမြှုပ်နှံထားကြောင်း
သိရသည်။ ဂျပန်နိုင်ငံဘက်မှ မစ်ဆူဘီရှီ ကော်ပိုရေးရှင်း၊ ဆူမီတိုမို
ကော်ပိုရေးရှင်းနှင့် မာရူဘီနီ ကော်ပိုရေးရှင်းတို့
ပါဝင်အကောင်အထည်ဖော်နေပြီး မြန်မာနိုင်ငံဘက်မှ အများပိုင်ကုမ္ပဏီ
ကိုးခုရှိကြောင်း သိရသည်။
သီလ၀ါ အထူးစီးပွားရေးဇုန်အား တည်ဆောက်အကောင်အထည်ဖော်ရေးနှင့် ပတ်သက်၍ ၂၀၁၂ ခုနှစ်လောက်မှ စတင်ဆွေးနွေးခဲ့ကြခြင်းဖြစ် ပြီး
၂၀၁၃ ခုနှစ်တွင် အကောင်အထည် ပေါ်လာနိုင်သည့်အတွက် တစ်နှစ်တာ ကာလအတွင်း
နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြင့်တက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း ၀င်ရောက်မြှုပ်နှံလိုသည့် နိုင်ငံတကာကုမ္ပဏီ အများအပြား ရှိနေသော်လည်း မြေဈေးနှုန်း ကြီးမြင့်လွန်းသည်ဟုဆိုကာ ရင်းနှီးမြှုပ်နှံမှုများ တွန့်ဆုတ်နေသောကြောင့် ဂျပန်နိုင်ငံနှင့် ပူးပေါင်းတည်ထောင်မည့် သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် မြေဈေးနှုန်း သတ်မှတ်မှုအား လက်ရှိရန်ကုန်မြို့၏ စက်မှုဇုန်ဈေးနှုန်းများထက် နည်းပါးစေရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်နှင့်  သီလ၀ါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။
ပြည်တွင်းပြည်ပ စိတ်ဝင်စားမှုများ မြင့်တက်နေသည့် သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် အစုရှယ်ယာများ ရောင်းချစဉ်က ရောင်းချရန် လျာထားသည့် ရှယ်ယာအရေအတွက်ဖြစ်သည့် အစုရှယ်ယာပေါင်း ၂ ဒသမ ၁၄၅ သန်းအတွက် ၀ယ်ယူရန် အဆိုပြုသည့် ရှယ်ယာစုစုပေါင်းမှာ အစုပေါင်း လေးသန်းကျော်ရှိနေပြီး ၀ယ်ယူရန် အဆိုပြုသည့် ပမာဏမှာ နှစ်ဆကျော် ရှိနေသဖြင့် လျာထားချက်ထက် ပိုနေသည့် အစုရှယ်ယာများအတွက် ငွေပြန်အမ်းမှုများပင် ပြုလုပ်ခဲ့ရသည်။
သီလ၀ါ အထူးစီးပွားရေးဇုန်တွင် စတင်မြှုပ်နှံမှုများ ပြုလုပ်ရန် အမေရိကန်နိုင်ငံမှ ပုလင်းခွံ၊ သံဘူးခွံ မျိုးစုံထုတ်လုပ်သည့် Ball ကုမ္ပဏီနှင့် ဂျပန်နိုင်ငံမှ ကားအပိုပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီတို့သည် မြန်မာ-ဂျပန် သီလ၀ါ ဖွံ့ဖြိုးတိုးတက်ရေးလီမိတက်
ယင်းသို့ သတ်မှတ်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင် အတွင်းရှိ နယ်နိမိတ်တိုင်းတာပြီးစီးမှု
သီလ၀ါ အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ခဲ့သည့် နယ်နိမိတ်အတွင်း မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၏ ဖန်ချက်စက်ရုံ၊ သွပ်ပြားစက်ရုံ၊ ဖိနပ်စက်ရုံများ အပါအ၀င် ဌာနဆိုင်ရာ၊ အဖွဲ့အစည်း၊ ရပ်ကွက်များနှင့် ဘာသာရေး အဆောက်အအုံများ အသုံးပြုထားသည့် အ၀န်းအ၀ိုင်းများ တည်ရှိရာ ၁၃၄၅ ဒသမ ၆၄၄ ဧကကို ချန်လှပ်ထားရမည်ဟု ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
သီလ၀ါ အထူးစီးပွားရေးဇုန် ပထမအဆင့် စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများကို နိုဝင်ဘာ ၃၀ ရက်တွင် စတင်အကောင်အထည်ဖော်ခဲ့ကြောင
သီလ၀ါ အထူးစီးပွားရေးဇုန်အား တည်ဆောက်အကောင်အထည်ဖော်ရေးန
မြန်မာနိုင်ငံအတွင်း ၀င်ရောက်မြှုပ်နှံလိုသည့် နိုင်ငံတကာကုမ္ပဏီ အများအပြား ရှိနေသော်လည်း မြေဈေးနှုန်း ကြီးမြင့်လွန်းသည်ဟုဆိုကာ ရင်းနှီးမြှုပ်နှံမှုများ တွန့်ဆုတ်နေသောကြောင့် ဂျပန်နိုင်ငံနှင့် ပူးပေါင်းတည်ထောင်မည့် သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် မြေဈေးနှုန်း သတ်မှတ်မှုအား လက်ရှိရန်ကုန်မြို့၏ စက်မှုဇုန်ဈေးနှုန်းများထက် နည်းပါးစေရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်နှင်
Copy from - Eleven Media Group
0 comments:
Post a Comment