Thursday, June 26, 2014

ဘူတာကြီးစာသင်ဝိုင်းတားမြစ်ခံရပြီး ကလေးငယ် (၁၁) ဦး

ထို့ ကြောင့် မြန်မာနိုင်ငံဟု ခေါ်ပါသည်

လမ်းဘေး စာသင်ဝိုင်း ကိစ္စ က ရန်ကုန်ဘူတာကြီးမှာ စသင်ခဲ့တာ။ ဘူတာရုံထဲက ကူလီထမ်းနေတဲ့ သူတွေရဲ့ သားသမီးတွေနဲ့ စာမတတ်တဲ့ သူ အရွယ်အစားမရွေး လာတက်ကြတယ်။ ရုံပိုင်က လည်း ခွင့်ပြုချက်ပေးခဲ့တယ် ။ နောက်တော့ အထက်က ခွင့်ပြုချက်မပေးလို့ပါ ဆိုတဲ့ အကြောင်းပြချက်နဲ့ စာသင်ခွင့်ကို ပိတ်ပင်လိုက်ပါတယ်။

အခုနောက်ဆုံး သိတာကတော့ အဲ့လို လမ်းဘေးစာသင်ဝိုင်းမှာ စာလာသင်တဲ့ သူတွေကို ဖမ်းနေတဲ့အပြင် ....... စာတတ်ချင်လို့ စာလာသင်တဲ့ ကလေးတွေကို အိမ်ခြေယာခြေမဲ့ဆိုပြီး လိုက်ဖမ်းနေပါတယ်။

အခု လမ်းဘေးစာသင်ဝိုင်းကနေ စာသင်ပြီး ပြန်လာတဲ့ ကလေး ၁၅ ယောက်အဖမ်းခံရပြီးတဲ့နောက်မှာ ၁၂ ယောက်ကိုတော့ အာမခံ နဲ့ ပြန်လွှတ်ပေးပြီး ကလေး ၃ယောက် အချူပ်ထဲမှာ ကျန်နေပါသေးတယ်။ ပြစ်မှု ရှိတယ်တဲ့ အကြောင်းပြချက်နဲ့ ကျန်နေခဲ့တာပါ


အဘ ဥက္ကာကိုကို
----------------------------------------------------------------------------------------------------



လမ်းဘေး စာသင်ဝိုင်းတဲ့ သိပ်ကောင်းတဲ့ နာမည်လေးပါ။ အခြေနေ အမ် ိဳ းမ် ိဳးကြောင့် မိဘကမဲ့ ပညာကမတက် အလုပ်တွေကြုံ ရာလုပ်ရင်း ကလေးသူငယ် အခွင့်အရေးမဲ့ ရှင်သန်နေတဲ့ ဘဝလေးတွေ ဒါကို ပညာဒါနပြု နေကြတဲ့ လမ်းဘေး စာသင်ဝိုင်းလေးပါ။

အခြေမဲ့ ရှင်းလင်းရေးစီမံချ က်နဲ့ ဆယ့်တစ်ယောက် ထိန်းသိမ်းခံရတော့ ပရဟိတ လူငယ်တွေမှာ မိဘတွေအလား ပြာယာခတ်လို.ကိုယ်လည်းမနေနို င် ကူညီဖို့ သွားမိတော့ မြင်ကွင်းက မသက်သာလှပါ။

မြန်မာနိုင်ငံတဲ့ ဗျာ•••
နောင်တော်ဖြစ်သူနဲ့ နှစ်ပါးသား စိတ်ကမကောင်း နောင်တော်ဆရာတော် ခမြာ သူ့ ကျောင်းသားပါ မသိပ်နိုင်သေးလို့ စာသင်ပြီးပြန်လွှတ်ချိန်မှာ ဖြစ်သွားလို့ အာမခံလေးပေးပါပေါ့။ ကိုယ်လည်းဝိုင်းပြော အဲ့ဒီတော့ တာဝန်ရှိသူက ခုနှစ်ယောက်တော့ ပြန်လွှတ်ပေးပါ့မယ် ။

ဒါပေမယ့်
ရဲစခန်း ထောက်ခံစာ
ရပ်ကျေးထောက်ခံစာ
ကျောင်းထိုင်ကိုယ်တိုင်ကြီးလာနေရက်နဲ့ကျောင်းထိုင် ထောက်ခံစာ
ထောက်ခံစာ
ထောက်ခံစာ စာ စာ စာ စာ ~~~~~~

အဲဒါတွေလုပ်ဖို့ ပြန်လာ ကျောင်းတက်ဖို့ ပြေးရင်း နေ့ ဆွမ်းလေးအမှီပေါ့ ဆရာတော်တွေမှာ ပြေးရင်းလွှားရင်း ခေါင်းထဲပေါ်လာတာက ထို့ ကြောင့် မြန်မာနိုင်ငံဟု ခေါ်ပါသည် ဆိုတာပါလေးပါပဲ။

ကျေးဇူးပြု၍ကူညီနိုင်သူများ ရှိပါက လမ်းဘေးစာသင်ဝိုင်းလေးကို
ကူညီပေးကြပါနော်။

မေတ္တာစိတ်တို့ ဖြင့်
အရှင်ဝေပုလ္လ










0 comments: