Monday, June 16, 2014

မဟာသန္တိသုခကျောင်းတော်ကြီးမှာ မင်္ဂလာပွဲတွေလက်ခံကျင်းပတာ မရှိပါဘူး ငြင်းတဲ့သူတေံအတွက်....

 
မဟာသန္တိသုခကျောင်းတော်ကြီးမှာ မင်္ဂလာပွဲတွေလက်ခံကျင်းပတာ မရှိပါဘူး ငြင်းတဲ့သူကငြင်းတယ်။ မသိပါဘူး ပြောတဲ့သူက ပြောတယ်။ ၂၀၀၀-ခုနှစ်ကတည်းကျင်းပလာခဲ့တဲ့မင်္ဂလာဧည့်ခံပွဲတွေ။ Booking တောင် ၁-နှစ်လောက်ကြီုယူထားရတာ။ စနေ၊ တနင်္ဂနွေ လိုနေ့တွေဆို အနည်းဆုံး ၃-ပွဲရှိတယ်။ တာဝန်ခံကဦးတင်ရွှေ (ဦးစောမြင့်ယောက်ဖ၊ အငြိမ်းစားဗိုလ်မှူး)။

ကြုံတုန်းပြောလိုက်ပါအုံးမယ်။ မဟာသန္တိသုခ ကိုဦးတင်ရွှေ စရုံးတက်တော့ အိပ်တစ်လုံး လက်ကဆွဲလို့ Bus ကားစီးတက်ရာကနေ ၂၀၀၂-လောက်မှာ သိန်း ၇၀၀-တန်လောက် ကားနဲ့ သားမက်ကလာကြိုနေပီ။ တခြားဘာစီးပွါးရေးလုပ်ငန်းလုပ်သလဲတော့မသိ။ ဦးဇော်ဝင်းဇော် ( မဟာသန္တိသုခ ဥပဌာကအဖွဲ့ဝင်၊ YMBA ဥက္ကဌ) ကတော့ပြောဘူးတာဘဲ။ တင်ရွှေ ဆိုတဲ့ကောင်လည်း အလှူ ခံဖြတ်ပိုင်းကိုကော်ပီကူး အလှူခံတယ်တဲ့။ ၂၀၀၀-ခုနှစ်ကတည်းက ဆွမ်းပဒေသာပင်အလှူခံရာမှာ လက်ခံပါတဲ့ ဘောင်ချာစာအုပ်မသုံးဘဲ ကော်ပီကူးလုပ်ခဲ့တာကို ပြောတာပါ။ ဘယ်သူ စာရင်းစစ်လို့ ရတော့မလဲ။ ရှိစေ။

ဘယ်အချိန်ကစလက်ခံထားတာလဲတော့မသိဘူး။ ကျောင်းခေါင်ထိပ်မှာ တယ်လီဖုန်းတာဝါတိုင်တွေ အများကြီး။ တစ်လ ၂၅-သိန်းရတယ်လို့တော့ကြားတာဘဲ။ ၄-ထပ်ကရုံးခန်းတွေ ငှါးရမ်းခ၊ ၂-ထပ်က Video Stereo ခန်းခတွေ ဘယ်လောက်ရတယ်မသိပေမဲ့ မင်္ဂလာဧည့်ခံပွဲ ဈေးနှုံးတွေကတော့ တွေ့တဲ့ အတိုင်းပါဘဲ။ ၂၀၀၀-ခနှစ်ကနေ ၂၀၁၄-အထိ ခန့်မှန်းတွက်ကြည့်လို့ရပါတယ်။ ဝန်ထမ်းတွေလစာတော့ရှိပါလိမ့်မယ်။

အဲဒီလောက်ဝင်ငွေကောင်းနေတဲ့ကျောင်းတော်ကြီးကို လက်မလွှတ်ချင်တာဆန်းသလား။ မင်္ဂလာဧည့်ခံပွဲတွေကျင်းပတာ မရှိပါဘူး၊ မသိပါဘူး လို့ ငြင်းနေတဲ့သူတွေကတော့ ဝေစုမရကြလို့ဘဲဖြစ်ပါလိမ့်မယ်။ အံ့မောင်ကတော့ သာသနာရေးဌာနမှာအလုပ်လုပ်ပေမဲ့ မော်တယ်တွေ ထောင်ထားနိုင်တာတော့ မဆန်း ဘူးပေါ့။

 
Ashin Tejinda (FB)သတင်းစာမျက်နှာမှ

0 comments: