Friday, May 23, 2014

TNLAတပ်မတော် နှင့်မြန်မာတပ်မတော် တပ်မ-၇၇ တို့တိုက်ပွဲဖြစ်ပွား မြန်မာတပ် ၂ -ဦးကျဆုံး

TNLA တပ်မတော်
၂၂ ရက် မေ ၂၀၁၄
ယနေ့ နေ့လည်ပိုင်း ၁၂း၀၀မှ ၁၂း၃၀ အတွင်း မိုင်းငေါ့မြို့နယ်ခွဲ ကျောက်ဖြူနှင့်ပန်လောရွာအကြားတွင် TNLA တပ်မတော် တပ်ရင်း(၇၁၇)နှင့် မြန်မာ့တပ်မတော် တပ်မ (၇၇)တို့တိုက်ပွဲဖြစ်ပွားကြောင်း ရှေ့တန်းတပ်မှူး၏သတင်း ပေးပို့ချက်အရသိရသည်။
တိုက်ပွဲတွင် မြန်မာ့တပ်မတော် တပ်မ-(၇၇) မှ ၂ ဦးကျဆုံးပြီး TNLA ဘက်တွင် ထိခိုက်မှုမရှိပါ။
တိုက်ပွဲနောက်ဆက်အသေးစိတ်အခြေအနေအား ဆက်လက်တင်ပြသွားပါမည်။
 
မြန်မာ့တပ်မတော်သည် တအာင်းဒေသအတွင်းသို့ တပ်မ (၇၇)၊တပ်မ (၈၈)၊တပ်မ (၅၅)၊တပ်မ (၁၁) တို့အပါအ၀င် စကခ (၁)၊ စကခ(၁၆)တို့ပါဝင်ပြီး စစ်အင်အားတပ်ရင်းပေါင်း (၆၀)ကျော်တို့သည် ဒေသ အတွင်း တအန်းတပ်မတော်ကို အပြတ်ချေမှုန်းရည်စီမံချက်ဖြင့် ထိုးစစ်ဆင်နေသည့်အတွက် နေ့စဉ် နေ့တိုင်း တအန်းဒေသအတွင်း တိုက်ပွဲများဖြစ်ပွားနေရသည်။
 
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉၄၉၃၁၄၉၅၁၊ ၀၉၄၇၀၉၇၇၇၂၊ ၀၉၂၅၆၄၆၅၆၈၁၊ ၀၆၉၂၆၂၂၄၈၅၈
 

0 comments: