Tuesday, May 13, 2014

KIO.ကိုယ်စားလှယ်အဖွဲ့ မြစ်ကြီးနားသို့ ရောက်ရှိ

 
ဦးအောင်မင်းဦးဆောင်သော မြန်မာ အစိုးရပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ် အဖွဲ့ နှင့် တွေ့ ဆုံဆွေးနွေးရန် အတွက် KIO, မှ ဆရာကြီးဦးဆွမ်လွှတ်ဂမ် ဦးဆောင်သော KIO, ကိုယ်စားလှယ် အဖွဲ့သည် ယနေ့(၁၂.၅.၂၀၁၄) ရက်နေ့ ညနေ (၃)နာရီ အချိန်တွင် ကချင် ပြည်နယ် မြစ်ကြီးနားမြို့ သို့ ရောက်ရှိ လာကြောင်းသိရှိရပါသည်။

ရောက်ရှိလာသော KIO, ကိုယ်စားလှယ် အဖွဲ့ များအား UN မှ Mrs, Mariam နှင့် PCG မှ တာဝန် ရှိသူများက နမ်ဆန်ယာန် မှ သွားရောက်ကြိုဆို ခဲ့ကြောင်း သိရှိရပါသည်။
လမ်းတလျှောက် ၀ိုင်းမော် နှင့် မြစ်ကြီးနားမှ ဒေသခံ ကချင်လူထုများမှ KIO, ကိုယ်စားလှယ် အဖွဲ့ အား ကချင်အမျိုးသား အလံ အားဝှေ့ ယမ်းကာ၊ WE LOVE KIO, စသော စာသားများကိုင်ဆောင်ကာ သောင်းသောင်းဖြဖြ ကြိုဆို ခဲ့ကြကြောင်း သိရှိရပါသည်။KBC အတွင်းရေးမှူး နှင့် တာဝန်ရှိသူများမှ လည်း လာရောက်ဆုတောင်း ပေးကြောင်း ထပ်မံသိရှိရပါသည်။
 
KIO, ကိုယ်စားလှယ် အဖွဲ့ သည် မနက် ဖြန် (၂၀၁၄၊မေလ ၊ (၁၃-၁၄ ) ရက်နေ့ တို့ တွင် မြန်မာ အစိုးရ ကိုယ်စားလှယ်များ နှင့် တွေ့ ဆုံ ဆွေး နွေး ကြ မည် ဖြစ် ပြီး၊ မေလ ၊ ၁၅ ရက်နေ့ တွင် NCCT နှင့် ဆွေးနွေးကာ ( မေလ၊ ၁၆)ရက်နေ့ တွင် ကချင်လူထု နှင့် တွေ့ဆုံ ကာ ကချင်လူထု၏ သဘောထားဆန္ဒကို ရယူသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

 ယခုတကြိမ်အစိုးရ ဆွေးဆွေးပွဲမှ အဖြူ၊ အမဲ အဖြေတခု သိသင့် ပြီဖြစ်ကြောင်းဟု ဒေသခံ ကချင်လူထု အတိုင်းအ၀ိုင်းကြားတွင် ပြောဆိုနေကြ ကြောင်း မြစ်ကြီးနား ဒေသခံများထံ မှ သတင်းရရှိပါသည်။
 
သတင်းရင်းမြစ် - ကချင်သတင်းဌာန

0 comments: