
ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ(၄) တပ်ရင်း (၂) နယ်မြေ
ပါတ်ဝန်းကျင်တစ်ဝိုက်တွင် စစ်တပ်သုံး စစ်ရဟတ်ယာဉ် တစ်စင်း ယနေ့ နေ
့လည်ပိုင်းက အချိန်အတော်ကြာအောင် လှည့်ပါတ် ပျံဝဲနေကြောင်း ကေအိုင်အေ ရှေ
့တန်း အရာရှိများပြောသည်။
တပ်ရင်း(၂)နယ်မြေ တွင် မဟာမိတ် ပူးပေါင်းတပ်ဖွဲ
့( FUA ) နှင့် အစိုးရတပ်များ ယနေ့ မနက်ထိတိုင် တိုက်ပွဲများ
ပြင်းထန်စွာဖြစ်ပွားနေရာ အစိုးရတပ်များ အကျအဆုံး များနေခဲ့သည်။
အစိုးရတပ်စခန်း တစ်ခုအား မဟာမိတ် ပူးပေါင်းတပ် မှ ၀င်ရောက်တိုက်ခိုက် ခဲ့ရာ
အစိုးရတပ် အထိနာစွာ ဆုတ်ခွာသွားခဲ့သည်။ အဆိုပါ စစ်တပ်သုံး စစ်ရဟတ်ယာဉ်
လာရောက်ပျံဝဲနေခြင်းသည် အရေးကြီး လူနာ လာရောက် တင်ဆောင်ရန် အတွက်လော ၊
လက်နက်ရိက္ခာ လာရောက်ပို့ ဆောင်ခြင်းလော ၊ စစ်ဆင်ရေးအတွက်လော မသိရသေးကြောင်း
အဆိုပါ အရာရှိများပြောသည်။
သတင်းရင်းမြစ် - ကချင်သတင်းဌာန
0 comments:
Post a Comment