ကေအိုင်အေ
တပ်ရင်း (၂ရ) နယ်မြေ မန်ဝိန်း မှ ကိုင်ထိပ် သို့  ခြေလျင်စစ်ကြောင်းထိုး
တက်လာသော ဗမာအစိုးရတပ် ခမရ (၃၀၁ ) အင်အား (၁၀၀) ကျော် ခန့်  နှင့်
မိမိကေအိုင်အေ တပ်ဖွဲ့ များ ကျောက်ဖျာ ဟုခေါ်သော နေရာတွင် မနေ့ က
တစ်နေကုန်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ မိမိ ကေအိုင်အေ တပ်စခန်း ငယ်တစ်ခုအား ဆုတ်ခွာ ပေးလိုက်ရကြောင်းသိရသည် ။ တိုက်ပွဲတွင် ဗမာအစိုးရတပ်
မှ လက်နက်ကြီး ပစ်ကူအားဖြင့် တရစပ် မရပ်မနား ဖိတိုက်သောကြောင့် ခေတ္တ
ဆုတ်ခွာပေးလိုက်ရခြင်း ဖြစ်ကြောင်း ရှေ့ တန်းမှ အရာရှိများပြော သည်။
တိုက်ပွဲတွင် မိမိ ကေအိုင်အေ တပ်မှ တပ်သား (၂)ဦး ဒဏ်ရာရ ပြီး အရာရှိ
တစ်ဦးကျဆုံးကြောင်း ထပ်မံသိရသည် ။ ဗမာအစိုးရတပ် မှ ထိခိုက်ကျဆုံးမှု အတိအကျ
မသိရသေးသော်လည်း (၃၀)ထက် မနည်း ကျဆုံးပြီး ဒဏ်ရာရရှိသူ များပြား
နိုင်ကြောင်း KIA ရှေ့ တန်း မှ သိရသည်။
တိုက်ပွဲဖြစ်ပွားနေစဉ် အတွင်း မန်ဝိန်း ဘက်မှ တက်လာသော ခဲယမ်းလက်နက် ရိက္ခာ ပို့ ယာဉ်တန်း အစီးပေါင်း (၁၆) စီး ခန့်  တိုက်ပွဲဖြစ်ပွားနေရာ အနီးရှိ ကေအိုင်အေ တပ်မဟာ(၃) နယ်မြေ ကိုင်ထိပ် ဟုခေါ်သော ကျေးရွာ သို့ ရောက်ရှိလာကြောင်း ထပ်မံသိရသည် ။
( Ref : Myu Tsaw kasa

0 comments:
Post a Comment