
နာရေးကူညီမှုအသင်း (ရန်ကုန်)က စည်ပင်သာယာကော်မတီ၏ ကတိမတည်မှုကြောင့် မကြာမီ တစ်နိုင်ငံလုံးအတိုင်းအတာနှ င့် အမှိုက်ပြန်လည်ကောက်ယူတော့မည်ဖြစ်သည်ဟု
နာရေးကူညီမှုအသင်း၊ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်က မေ ၆ ရက်တွင် FFSS
ရုံးချုပ်၌ ကျင်းပသည့် “သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်
အမှိုက်ကင်းစင်ဇုန်” အစည်းအဝေးတွင် ပြောသည်။
၂၀၁၃ ခုနှစ်အတွင်းက နာရေးကူညီမှု အသင်း(ရန်ကုန်)အနေဖြင့် ရန်ကုန်မြို့အတွင်း အမှိုက်ရှင်းလင်းရေး အတွက် ကောက်ယူမှုများ လုပ်ဆောင်ရာတွင် စည်ပင်သာယာရေးကော်မတီ၏ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သန့်ရှင်းရေးဌာနက တားမြစ်ခဲ့ပြီး လပိုင်းအတွင်း အမှိုက်များကောက်ယူသွားမည်ဟု ဆိုခဲ့ခြင်း ကြောင့် တစ်နှစ်ခန့်ကြာသည်အထိ လုပ်ဆောင်ခြင်းမရှိသည့်အတွက် နာရေးကူညီမှုအသင်း အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြ င့် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ၎င်းက ပြောသည်။
ဒေါ်သန်းမြင့်အောင်က “မနှစ်တုန်းက ကျွန်မတို့က အမှိုက်လိုက်ကောက်တယ်၊ အစိုးရဌာနဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးက ခေါ်တားမြစ်တယ်။ သူတို့ လပိုင်းအတွင်း ဆောင်ရွက်မယ်ဆိုပြီး လပိုင်းအတွင်း ကြေညာတယ်။ အခု ၁၁ ရက်ဆို တစ်နှစ်ပြည့်ပြီ။ အကောင်အထည် မပေါ်လာဘူး” ဟုပြောသည်။အမှိုက်ကောက်ယူရေး အစီအစဉ်ကို ဒဂုံမြို့သစ် (မြောက်ပိုင်း)၊၄၂ရပ်ကွက်တွ င်
စတင်လုပ်ဆောင်သွား မည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ အခြားမြို့နယ်များတွင်
ဆက်လက် ကောက်ယူမည်ဖြစ်ပြီး တစ်နိုင်ငံလုံးသို့ ဖြန့်
ကျက်လုပ်သွားမည်ဖြစ်သည်။
၂၀၁၃ခုနှစ်၊ မေလ ၁၁ ရက်တွင် နာ ရေးကူညီမှုအသင်း (ရန်ကုန်)မှ ဗဟို အလုပ်မှုဆောင်များက ကျောက် တံတားမြို့နယ်၊ ပန်းဆိုးတန်းဆိပ်ကမ်းနှင့် မြောက်ဥက္ကလာပအ၀ိုင်း ကားဂိတ်များတွင် အမှိုက်ကောက်ခဲ့ ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှ င့် သန့်ရှင်းရေးဌာနမှ အမှိုက်မကောက်ရန် ခေါ်ယူတားမြစ်ခဲ့သဖြင့် အမှိုက်ကောက်ယူမှုလုပ်ငန်းစဉ် များကို ရပ်ဆိုင်း ခဲ့ခြင်းဖြစ်သည်။
အသင်း၏အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေက “အစိုးရကို စော်ကားတာမဟုတ်ဘူး၊ အစိုးရက နေရာတိုင်း မလုပ်နိုင်တာ ရှိတယ်။ တစ်ဖက်တစ်လမ်းကနေ အစိုးရကိုရော ကူညီရင်း ပြည်သူတွေကို ပါဝင်လာ အောင် ဆောင်ရွက်ပေးနေတာပါ” ဟု ပြောသည်။
အမှိုက်ကောက်ယူရာတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၏
အကူအညီရရှိနိုင်ရန် ညှိနှိုင်းပြောဆိုပြီး စတင် ကောက်မည့်ရက်ကို
အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းနေဆဲ ဖြစ်သည်ဟုလည်း
ဒေါ်မြင့်မြင့်ခင်ဖေက ပြောသည်။
အမှိုက်ကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းေ ရးနှင့်
ပတ်သက်၍ ငွေကြေးများစွာ အသုံးချနိုင်မည် မဟုတ်ဘဲ အမှိုက်လိုက်လံကောက်ယူမည့်
အဖွဲ့အစည်းများအနေဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျင့်သားရစေ ရန်ဟု
ဒေါ်သန်းမြင့်အောင်က ဆိုသည်။
နာရေးကူညီမှုအဖွဲ့ဝင်အချို့မှာလည်း ကိုယ်ပိုင်ကားများဖြင့် အမှိုက်လိုက်လံကောက်ယူမှုများ ပြုပြီး ထို အမှိုက်များထဲမှ စနစ်တကျစွန့်ပစ်ရမည့်ပစ္စည်း ၊ ပြန်လည် ချေဖျက်ကာ အသုံးပြုနိုင်မည့်ပစ္စည်း၊ ဆေးရုံမှ စွန့်ပစ်သည့် အန္တရာယ်ရှိသည့်ပစ္စည်းဟူ၍ ခွဲခြားထုပ်ပိုးမှုများလုပ်ကာ
ပြန်လည် ချေဖျက်ရသည့်ပစ်္စည်းများမှ ၀င်ငွေများအား ချို့တဲ့သည့်
ကလေးသူငယ်များ၊ ကျောင်းများသို့ လှူဒါန်းမှုပြုလုပ်နေသည်မှာ ၁၀ သိန်းဝန်း
ကျင်ခန့်ရှိနေပြီဖြစ်သည်ဟု ဆောင်ရွက်နေသူ ကိုထိန်အောင်လင်းက ပြောသည်။
၂၀၁၃ ခုနှစ်အတွင်းက နာရေးကူညီမှု အသင်း(ရန်ကုန်)အနေဖြင့် ရန်ကုန်မြို့အတွင်း အမှိုက်ရှင်းလင်းရေး အတွက် ကောက်ယူမှုများ လုပ်ဆောင်ရာတွင် စည်ပင်သာယာရေးကော်မတီ၏ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သန့်ရှင်းရေးဌာနက တားမြစ်ခဲ့ပြီး လပိုင်းအတွင်း အမှိုက်များကောက်ယူသွားမည်ဟု
ဒေါ်သန်းမြင့်အောင်က “မနှစ်တုန်းက ကျွန်မတို့က အမှိုက်လိုက်ကောက်တယ်၊ အစိုးရဌာနဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးက ခေါ်တားမြစ်တယ်။ သူတို့ လပိုင်းအတွင်း ဆောင်ရွက်မယ်ဆိုပြီး လပိုင်းအတွင်း ကြေညာတယ်။ အခု ၁၁ ရက်ဆို တစ်နှစ်ပြည့်ပြီ။ အကောင်အထည် မပေါ်လာဘူး” ဟုပြောသည်။အမှိုက်ကောက်ယူရေး
၂၀၁၃ခုနှစ်၊ မေလ ၁၁ ရက်တွင် နာ ရေးကူညီမှုအသင်း (ရန်ကုန်)မှ ဗဟို အလုပ်မှုဆောင်များက ကျောက် တံတားမြို့နယ်၊ ပန်းဆိုးတန်းဆိပ်ကမ်းနှင့် မြောက်ဥက္ကလာပအ၀ိုင်း ကားဂိတ်များတွင် အမှိုက်ကောက်ခဲ့ ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှ
အသင်း၏အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေက “အစိုးရကို စော်ကားတာမဟုတ်ဘူး၊ အစိုးရက နေရာတိုင်း မလုပ်နိုင်တာ ရှိတယ်။ တစ်ဖက်တစ်လမ်းကနေ အစိုးရကိုရော ကူညီရင်း ပြည်သူတွေကို ပါဝင်လာ အောင် ဆောင်ရွက်ပေးနေတာပါ” ဟု ပြောသည်။
အမှိုက်ကောက်ယူရာတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မျ
အမှိုက်ကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းေ
နာရေးကူညီမှုအဖွဲ့ဝင်အချို့မ
by May Phoo
0 comments:
Post a Comment