
ယခုသတင်းစာကိုဖတ်နေသူသာ အာဏာရှင်တစ်ဦးဆိုလျှင် ဒီကနေ့ သင်ကံကောင်းသောနေ့ ဖြစ်သည်။ မြန်မာနိုင်ငံမှာရေးသားပြုစုပြီး
နိုင်ငံတကာကိုဖြန့်ချိမည့် ‘အာဏာရှင်လက်စွဲကျမ်း’ ကို သင် အခမဲ့
မြည်းစမ်းခွင့်ရတော့မည်။ အောက်မှာဖော်ပြထားသည့် (၁၀) ချက်သည် မန္တလေးမှာ
ထိုးမုန့်မဝယ်မီ အမြည်းပေးသလို စာအုပ်ထဲမှာပါမည့် အကြောင်းအရာများကို
အမြည်းပေးခြင်း ဖြစ်ပါသည်။
(၁) ပြည်တွင်းစစ်ကိုအဆုံးမသတ် နှင့်
‘ငြိမ်းချမ်းရေး’ဆိုသည့်စကားလုံးကို မကြာခဏပြောပါ။ သတင်းစာ၊ ရုပ်သံ၊ ရေဒီယို မီဒီယာအားလုံးမှာ ငြိမ်းချမ်းရေးဖော်ဆောင်နေေ ကြာင်း မကြာခဏပြသပါ။ သို့သော် ပြည်တွင်းစစ်ကို ဘယ်တော့မှ အပြီးတိုင်အဆုံးမသတ်ပါနှင့် ။
ကိုယ့်လက်ထဲကစစ်တပ်၏ အခန်းကဏ္ဍကို ထိန်းသိမ်းထားဖို့အတွက် စစ်မီးကိုချန်ထားပါ။ ‘ပြည်ထောင်စု စိတ်ဓာတ်’ကို အဆက်မပြတ်ပြောပါ။
(၂) ပြည်ပရန်သူကိုလက်ညှိုးထိုး
ပြည်ပရန်သူများရှိနေကြောင်း
အမြဲကြွေးကြော်ပါ။ သို့သော် ရန်သူသည် ပြည်တွင်းမှာရှိသည်ကိုတော့
ကိုယ်ကိုယ် တိုင်မမေ့ပါနှင့်။ ပြည်ပရန်သူကို ကာကွယ်နေရသည့်ပုံရိပ်အဖြစ်
ကိုယ့်ပုံရိပ်ကိုမြှင့်တင်ပါ။ မျိုးချစ် စိတ်ဓာတ်ဆောင်ပုဒ်တွေ များများရေး၊ များများကပ်ပါ။ အတိတ်က စစ်ပွဲများ အကြောင်းကို အဆက်မပြတ်ဖော်ပြပါ။
(၃) လူအများစုဘာသာရေးကို အသုံးချ
အာဏာရှင်ဘဝမှာ လူအများစု၏ ထောက်ခံမှုကို အလွယ်ကူဆုံးရနိုင်သည့်နည်းက
လူအများစု၏ ဘာသာရေးကိုထောက် ခံနှိုးဆွခြင်းဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ်
ဘာသာသာသနာကို ကာကွယ်သူ သူရဲကောင်းအဖြစ် ပုံသွင်းပါ။
ဘုရားသွားကျောင်းတက်သည့်သတင်းများ များများထုတ်ပါ။ ဘာသာကွယ်ပျောက်တော့မည်ဆိုသည့် အကြောက်တရားကိုဖြန့်ဖြူးပါ။ ကိုယ့်ကိုအန်မတုနိုင်သည့် လူနည်းစုတစ်စုကို လက်ညှိုးထိုးစွပ်စွဲပါ။
(၄) အတိုက်အခံအဖွဲ့အစည်းကို ခွဲထုတ်
အဓိကအတိုက်အခံအဖွဲ့ အစည်းကို အခြားအဖွဲ့ငယ်များ နှင့်သွေးခွဲပါ။ ဖြစ်နိုင်လျှင် တိုင်းရင်းသားလူနည်းစုများနှင့် အဓိကအတိုက်အခံ အဖွဲ့အစည်းကို ခွဲထုတ်လိုက်ပါ။ အတိုက်အခံတွေ အာဏာရလာလျှင် တိုင်းပြည်ပြိုကွဲနိုင်ကြော င်း ခြိမ်းခြောက်ပါ။ အတိုက်အခံ နိုင်ငံရေး သမားတွေကို မျိုးချစ်စိတ်ဓာတ်မရှိသူအဖြ စ် စွပ်စွဲပါ။
(၅)အနောက်နိုင်ငံများကို စည်းရုံး
အနောက်နိုင်ငံများက အာဏာရှင်နိုင်ငံများကို ဆန့်ကျင်ကြသည့်တိုင် ‘သံခင်းတမန်ခင်း’ရှိပြီး အင်္ဂလိပ်လိုပြောတတ်သူများကို နှစ်ခြိုက်လေ့ ရှိသည်ကို ဘယ်တော့မှမမေ့ပါနှင့်။ အနောက်နိုင်ငံက သံတမန်များလာလျှင် ရွှန်းရွှန်းဝေအောင်ပြောတတ်သူ များ နှင့် လွှတ်ပေးပါ။
ကိုယ့်တိုင်းပြည်ကို စီးပွားရေးအရမပိတ်ဆို့ဘဲ အပြုသဘောဆောင် ချဉ်းကပ်စည်းရုံးလျှင် ဒီမိုကရေစီနိုင်ငံဖြစ်လာနို င်ကြောင်း အနောက်နိုင်ငံများက ယုံလာအောင်ပြုလုပ်ပါ။ ကမ္ဘာပတ်ပြီး ရွှန်းရွှန်းဝေအောင်ပြောသူများကို အချိန်တစ်ချိန်မှာ တာဝန်မှနားပါ။ လူသစ်လဲပါ။
(၆) ရွေးကောက်ပွဲကိုအသုံးချ
ရွေးကောက်ပွဲများက သင့်ကို ‘တရားဝင်အာဏာရှင်’ အဖြစ် ပြုလုပ်ပေးမည့်အခွင့်ကောင်း
ဖြစ်သည်။ သေချာစွာ ကြိုတင် ပြင်ဆင်ပါ။ လက်ဆုပ်လက်ကိုင်
ဖမ်းရခက်ခဲသည့်အဝေးရောက် မဲ၊ ကြိုတင်မဲ၊ ပယ်မဲနည်းလမ်းများသည်
အာဏာရှင်များအကြား ခေတ်စားသည့် နည်းလမ်းများ ဖြစ်သည်။
ရှုံးနိုင်သည့်အခြေအနေမျိုးမှာ အဓိကရုဏ်းနှင့်ပဋိပက္ခများ ဖန်တီးပြီး အရေးပေါ်အခြေအနေ ကြေညာနိုင်အောင် မီးစများမွှေးထားပါ။
အကောင်းဆုံးနည်းလမ်းကတော့ နိုင်ငံရေးအလျှော့အတင်းမရှိ သည့်အတွက် အဓိက အတိုက်အခံက ရွေးကောက်ပွဲကို သပိတ်မှောက်အောင်လုပ်သည့်နည်းဖြစ်သည်။
(၇) မီဒီယာကိုမြှောက်လိုက် ခြောက်လိုက်လုပ်
သတင်းမီဒီယာများကို တစ်ခါတစ်ရံ နွေးနွေးထွေးထွေးဆက်ဆံပြပါ။
သို့သော် လိုအပ်လာလျှင် မီဒီယာအချို့ကို ပုံစံအဖြစ် ဖမ်းဆီးထောင်ချပါ။
မီဒီယာတွေကြားမှာ အကြောက်တရား Chilling Factor ပျံ့နှံ့ပါစေ။
ကိုယ်ချုပ်ကိုင်ထားသည့် နိုင်ငံတော်မီဒီယာကို လက်မလွှတ်ပါနှင့်။
ဖြစ်နိုင်လျှင်တော့ ကိုယ့်ကို သစ္စာရှိသည့်အသိုင်းအဝိုင်းက မီဒီယာလောကကို ထဲထဲဝင်ဝင် ရင်းနှီးမြှုပ်နှံပါစေ။ သတင်းမီဒီယာနှင့် ပတ်သက်လျှင် ဥပဒေများလေ ကောင်းလေဖြစ်သည်။
(၈) ခရိုနီတွေမွေးမြူ
သင်၏အရေးအကြီးဆုံး ရဲဘော်ရဲဘက်သည် သင့်ဇနီးပြီးလျှင် သင့်ခရိုနီဖြစ်သည်ကိုမမေ့ပါ နှင့်။
သင့်ကိုယ်စား စီးပွားရှာပေးဖို့၊ သင့်သားသမီး မြေးမြစ်များ ပြဿနာရှာလျှင်
လိုက်ရှင်းလင်းပေးဖို့၊ သင့်ဇနီးကို နိုင်ငံခြားဈေးဝယ်ထွက်ရာမှာ ကူညီဖို့နှင့် သင့်ခိုးရာပါဥစ္စာဓနများကို ပြည်တွင်း ပြည်ပမှာ ဖုံးကွယ်ထားဖို့အတွက် သော့ချက်ဖြစ်သည်။ ‘သင့်ကိုခရိုနီအဖြစ် တိုင်းပြည်ကအလိုရှိသည်’ ဆိုသည့် ကမ်းလှမ်းချက်ကို လက်တစ်ဆုပ်စာ အနက်ရောင်စီးပွားရေးသမားတချို့ထံကိုပေးပို့ပါ။
(၉) အရပ်ဘက်လူ့အဖွဲ့အစည်းကိုနှိ ပ်ကွပ်
အင်န်ဂျီအိုများကိုတည်ရှိခွ င့်ပေးပါ။ သို့သော် ဥပဒေများထုတ်ပြီး ချုပ်ကိုင်ပါ။ အင်န်ဂျီအိုများ ဖွံ့ဖြိုးလာမှုက ပြည်သူကိုမျက်စိပွင့်စေပြီး သင့်အာဏာရှင်စနစ်ကို ခြိမ်းခြောက်လာလိမ့်မည်။
အချို့သောဒေသများကို ခရီးသွားလာခွင့် ကန့်သတ်ပါ။ လုံခြုံရေးအကြောင်းပြခြင်းက အကောင်းဆုံး ဖြစ်သည်။
(၁၀) ဒီမိုကရေစီ၏အဓိပ္ပာယ်ကို ပြောင်း
ဒီမိုကရေစီဆိုသည့်စကားလုံးကို ကိုယ်ပိုင်အဓိပ္ပာယ်ပြန်ဖွင့် ပါ။ ရုရှားအာဏာရှင်ပူတင်က ဒီမိုကရေစီကို ‘အချုပ်အခြာအာဏာ ရှိသည့် ဒီမိုကရေစီ’ ဟု ကိုယ်တိုင်ရေးအနက်အဓိပ္ပာယ်ဖွင့်သည်။ အီရန်အစိုးရကတော့ ဒီမိုကရေစီကို ‘စစ်မှန်သောအစ္စလာမ်ဒီမိုကရေ စီ’ဟု
ကြွေးကြော်သည်။ သင်လည်း ဒီမိုကရေစီကို နာမဝိသေသနတပ်ပေးပါ။ လူထုအများစုက
ဒီမိုကရေစီစနစ်ကို စိတ်ပျက်လာအောင်လုပ်ပါ။ ဒီမိုကရေစီစနစ်မှာ
ပဋိပက္ခပိုများတာ၊ လူ့ အဖွဲ့အစည်း ပိုရှုပ်ထွေးလာတာကို မီးမောင်းထိုးပြပါ။
‘အာဏာရှင်လက်စွဲကျမ်း’ စာအုပ်အမြည်းကို ဒီမှာအဆုံးသတ်ပါသည်။ စာအုပ်ထဲမှာ ယခု ဖော်ပြထားသည့်အခန်းများအပြင်
တရားစီရင်ရေး စနစ်ကို ထိန်းချုပ်နည်း၊ လက်လွန်ခြေလွန် ပြောဆိုသည့်
ဝန်ကြီးများကို ကျိတ်ဆုံးမနည်း၊ တရုတ်နဂါးနှင့် ကခုန်နည်းများအပြင်
အနားယူချိန် အတွက် ပြင်ဆင်နည်းများ အထိပါဝင်ပါသည်။ စာအုပ်မထွက်မီ
ကြိုတင်အမှာစာများ လက်ခံနေသည်။ နေပြည်တော်မှမှာလျှင် အမြန်ချောပို့ဖြင့်
ပေးပို့မည်ဖြစ်ပါကြောင်း။ ။
(၁) ပြည်တွင်းစစ်ကိုအဆုံးမသတ် နှင့်
‘ငြိမ်းချမ်းရေး’ဆိုသည့်စကာ
ကိုယ့်လက်ထဲကစစ်တပ်၏ အခန်းကဏ္ဍကို ထိန်းသိမ်းထားဖို့အတွက် စစ်မီးကိုချန်ထားပါ။ ‘ပြည်ထောင်စု စိတ်ဓာတ်’ကို အဆက်မပြတ်ပြောပါ။
(၂) ပြည်ပရန်သူကိုလက်ညှိုးထိုး
ပြည်ပရန်သူများရှိနေကြောင်း
(၃) လူအများစုဘာသာရေးကို အသုံးချ
အာဏာရှင်ဘဝမှာ လူအများစု၏ ထောက်ခံမှုကို အလွယ်ကူဆုံးရနိုင်သည့်နည်းက
(၄) အတိုက်အခံအဖွဲ့အစည်းကို ခွဲထုတ်
အဓိကအတိုက်အခံအဖွဲ့ အစည်းကို အခြားအဖွဲ့ငယ်များ နှင့်သွေးခွဲပါ။ ဖြစ်နိုင်လျှင် တိုင်းရင်းသားလူနည်းစုများန
(၅)အနောက်နိုင်ငံများကို စည်းရုံး
အနောက်နိုင်ငံများက အာဏာရှင်နိုင်ငံများကို ဆန့်ကျင်ကြသည့်တိုင် ‘သံခင်းတမန်ခင်း’ရှိပြီး အင်္ဂလိပ်လိုပြောတတ်သူများကို
ကိုယ့်တိုင်းပြည်ကို စီးပွားရေးအရမပိတ်ဆို့ဘဲ အပြုသဘောဆောင် ချဉ်းကပ်စည်းရုံးလျှင် ဒီမိုကရေစီနိုင်ငံဖြစ်လာနို
(၆) ရွေးကောက်ပွဲကိုအသုံးချ
ရွေးကောက်ပွဲများက သင့်ကို ‘တရားဝင်အာဏာရှင်’ အဖြစ် ပြုလုပ်ပေးမည့်အခွင့်ကောင်း
ရှုံးနိုင်သည့်အခြေအနေမျိုးမ
အကောင်းဆုံးနည်းလမ်းကတော့ နိုင်ငံရေးအလျှော့အတင်းမရှိ
(၇) မီဒီယာကိုမြှောက်လိုက် ခြောက်လိုက်လုပ်
သတင်းမီဒီယာများကို တစ်ခါတစ်ရံ နွေးနွေးထွေးထွေးဆက်ဆံပြပါ။
(၈) ခရိုနီတွေမွေးမြူ
သင်၏အရေးအကြီးဆုံး ရဲဘော်ရဲဘက်သည် သင့်ဇနီးပြီးလျှင် သင့်ခရိုနီဖြစ်သည်ကိုမမေ့ပါ
(၉) အရပ်ဘက်လူ့အဖွဲ့အစည်းကိုနှိ
အင်န်ဂျီအိုများကိုတည်ရှိခွ
အချို့သောဒေသများကို ခရီးသွားလာခွင့် ကန့်သတ်ပါ။ လုံခြုံရေးအကြောင်းပြခြင်းက
(၁၀) ဒီမိုကရေစီ၏အဓိပ္ပာယ်ကို ပြောင်း
ဒီမိုကရေစီဆိုသည့်စကားလုံးက
‘အာဏာရှင်လက်စွဲကျမ်း’ စာအုပ်အမြည်းကို ဒီမှာအဆုံးသတ်ပါသည်။ စာအုပ်ထဲမှာ ယခု ဖော်ပြထားသည့်အခန်းများအပြင
BY - မိုးဇေညိမ်း
Credit to : 7 Day News Journal
0 comments:
Post a Comment