Monday, May 19, 2014

သက်ဆိုင်သူ တစ်ယောက်ရဲ့ ခံစားချက်

ရခိုင်မှာ အသက်ပေး သွားတဲ့ ရဲတွေ အတွက် သက်ဆိုင်သူ တစ်ယောက်ရဲ့ ခံစားချက်
 
မင်းတို့ သေတဲ့ သတင်း ၊ ဓါတ်ပုံတွေ ငါတွေ့ရတော့ ငါ့ရင်ကို ကောက်စွ တံဇဉ်နဲ့ ထိုးဆွ နေသလို ပါဘဲ။ ငါ့လူ တွေကလဲ စစ်ရေး အတွေ့ အကြုံမရှိ။ လုံလောက်တဲ့ သင်တန်းလဲ မပေးထား။ ခေတ်မီတဲ့ လက်နက်ကလဲ တပ်ဆင်မပေး။ သေနှင့် အုန်းပေါ့ ရောင်းရင်းရာ။

ငါလဲ မင်းတို့ အနောက်ကို ဘယ်အချိန် လိုက်လာရမလဲဆိုတာ မသိသေး ပါဘူး။ တစ်ချိန်ချိန်ပေါ့။ ငါလိုက်လာရင် မင်းတို့ အစား ငါ ၈ ယောက်တွဲခေါ်လာခဲ့မယ်သိလား။ မင်းတို့က ပွန်းလေးတွေကွ။ ငါးစာ ဆိုတာတောင် ရိုးရိုးငါးစာမဟုတ်ဘူးကွ။ ငါးမျှားချိန်မှာ ဖေါက်သီခံထားရတဲ့ တီကောင် ငါးစာလေးတွေ။

ကဲ ထားပါတော့ကွာ။ မင်းတို့ ဆုတောင်းရမှာ တစ်ခုက နောက်ဘ၀ ဆက်တိုင်းဆက်တိုင်း လူဖြစ်တိုင်း မြန်မာပြည်က ရဲ မဖြစ်ရပါလိုကြောင်း ဆုတောင်းကွာ။

အာဖဂန်က ရဲတောင် မင်းတို့ထက်သာတယ်ကွ။ မင်းတို့ ပစ်လိုက်လို့ ကံမကောင်းရင် မင်းတို့ ကျည်ဖိုးတွေ ပြန်လျော်နေရအုန်းမယ်။ လေးခွသာ ဆောင်ထားဟကောင်တွေ။ လေးခွက လောက်စာလုံးဖိုး လျော်စရာမလိုဘူးကွ။ လေးခွလဲ ထိချက် ကောင်းရင် သေပါတယ်ကွာ။

စိတ်မပျက်ပါနဲ့။ မင်းကိုင်ထားတဲ့ ရိုင်ဖယ်တို့ အမ် ၁၆ တို့ဆိုတာ ပစ်လို့ ကျည်ထွက်ချင်မှ ထွက်မှာကွ။ ထွက်လဲ ထိချင်မှ ထိမှာကွ။ စတင်းဆိုပါဆိုးသေး။ ကျည် ၁၅ တောင့်လောက်ပစ်ပီးရင် ၂ ကိုက်လောက်
အကွာတောင် ကျည်က သွားချင်မှ သွားတာကွ။

ဟို ဒုရဲအုပ် ဆိုတဲ့ကလောင် မင်းကိုင်ထားတဲ့ ခြောက်တစ်လုံးပူးကလဲ ပစ်လို့ ထွက်ချင်မှ ထွက်တာကွ။ ၀က်ဘလီ ဆိုတာ ကောင်းဘွိုင်ခေတ်ကဘဲ ကိုင်တာ။ ပြောင်းထဲမှာ ကျည်ညပ် နေလို့ ကတော့ ခါးချိတ်ထားတောင် ပြေးရခက်တယ်။

ဒါပေါ့ကွာ။ အမ်အေ စီးရီးထဲက တော့ ပေးထားမယ် ထင်တာဘဲ။ သူလဲ ပြောင်းပူလာရင် ရောက်ချင်တဲ့ နေရာ ရောက်တာကွ။ သိပ်မသေခြာဘူး။

ဟုတ်သော်ရှိ မဟုတ်သော်ရှိ လေးခွသာ ဆောင်ထားကွာ။ လက်တည့်ရင် မျက်စိတို့ ဘာတို့တော့ ပစ်ဖေါက်လို့ရသေးတယ်ကွ။ ထားပါတော့လေ။

မင်းတို့ကိုသာ ပြောနေတာ ခုချိန် ဟေ့ကောင် မင်းမလှုပ်နဲ့ဆိုပီး ကြက်သွန်လှီးတဲ့ ဒါးလေးနဲ့ ငါ့ လည်ပင်းလာထောက်လို့ကတော့ ပစ်စရာမပြောနဲ့ ပြစရာ ခဲတံချွန်တဲ့ ဒါးတောင် လက်ထဲ မရှိပါဘူးကွာ။

မသကာ လုပ်လို့ရ ငါရေးနေတဲ့ ဘောပင်နဲ့ ဆောင့်ထိုးမှ ရမှာကွ။ ငါ့လက်ထဲ ရှိတာ ဘောပင်ဘဲရှိတယ်။ ကဲကဲ ဆုသာတောင်းဟေ့ ဆုသာတောင်းး ဖြစ်လေရာဘ၀ ဒီက ရဲမဖြစ်ရပါလို ၏လို့။

အမည်မဖော် လိုသူ တဦး

0 comments: