Saturday, May 17, 2014

သူတို့အတွက်တော့ ...ဂွင်တွေ ဒေါ်လာတွေ ... သားစဉ်မြေးဆက် သုံးမကုန် ဖြန်းမကုန် .... ချမ်းသာပြီးရင်း ချမ်းသာနေပါပကောလါး ဟရိုးးးးးးးးး

 
 
အမြန်လမ်းဖောက်လို့ ကုန်သွားတယ်ဆိုတဲ့ ဒေါ်လာတစ်ဘီလီယံ ဆိုတာ ဘယ်လောက်တောင် များသလဲ
သူငယ်ချင်းက တကယ်သိချင်တာလား သိချင်တာပေါ့ကွ ဒါဆို ပေးတံတချောင်းရယ် ငါးထောင်တန် ဆယ်အုပ်ရယ် ယူခဲ့ ငါးထောင်တန်တစ်အုပ်ဆိုတော့ သိန်းငါးဆယ်ကိုေ ပြာတာလား

အေး ဟုတ်တယ်

ကဲပေတံကို အောက်ကိုချ အဲဒီပေတံ ရဲ့ဘေးမှာ ငါးထောင်တန် တစ်အုပ်ကိုထား ပြီးရင် ပေတံကို နောက်တစ်ပေတိုး အဲဒီမှာ နောက်ထပ် ငါးထောင်တန် တစ်အုပ်ကိုထပ်ထား အဲဒီအတိုင်း တစ်ပေကို ငါးထောင်တန် တစ်အုပ်စီလိုက်ထား ဆယ်ပေ ဆိုရင် ငါးထောင်တန်

ဆယ်အုပ် ဟုတ်ပြီလား

ဟင် အဲဒီ ၁၀ပေ နဲ့ ငါးထောင်တန် ၁၀ အုပ်နဲ့ ဘာဆိုင်လို့တုန်း

အေး အမြန်လမ်းအစ ရန်ကုန် အမှတ် ၃ လမ်းဆုံ ကနေပြီး မန္တလေးအဝင် တံခွန်တိုင် အဝိုင်းအထိကို အဲဒီပေတံနဲ့ တစ်ပေကို ငါးထောင်တန် တစ်အုပ်စီလိုက်ချသွား အဲဒီပိုက်ဆံပုံ အတန်းကြီးဟာ အမြန်လမ်းဖောက်လို့ ကုန်တဲ့ပိုက်ဆံတွေပဲကွ ၊

ဟေ ဟုတ်လို့လားကွ ဒီလောက်များတဲ့ ပိုက်ဆံတွေ

ဒီမှာ တွက်ပြမယ် အမြန်လမ်းက ၃၆၆ မိုင်ရှည်တယ် ၊ ကုန်သွားတဲ့ ပိုက်ဆံက ဒေါ်လာတစ်ဘီလီယံ ၊ ဒေါ်လာ သန်းတစ်ထောင်ပေါ့ကွာ ၊ ဒီတော့ တစ်မိုင်ကို ဘယ်လောက်တောင်ကုန်သလဲဆိုရင် = ၁၀၀,၀၀၀,၀၀၀/၃၆၆=၂,၇၇၇,၇၇၇.၇၈ ရတယ် ၊ တစ်မိုင်ကို ဒေါ်လာ  ၂၇သိန်းကျော်ပေါ့ကွာ ၊ တစ်မိုင်မှ ၅၂၈၀ ပေရှိတယ်လေ ၊ ဒီတော့ အဲဒီဒေါ်လာတွေကို ၅၂၈၀ နဲ့ ထပ်စားလိုက်ရင် = ၂,၇၇၇,၇၇၇.၇၈/၅၂၈၀ =  ၅၂၆ ဒေါ်လာရတယ်ကွာ ၊ ကဲ ကြည့် ငါတို့ အမြန်လမ်းကြီးက တစ်ပေကို ၅၂၆ ဒေါ်လာ ကုန်တဲ့လမ်းကြီးကွ

အဲဒီ ၅၂၆ ကို တစ်ထောင်နဲ့ မြှောက်ကြည့်ကွာ ၊ ငါးသိန်းနှစ်သောင်းခြောက်ထောင် ရမှာကွ ၊ ငါနမူနာပြတဲ့ ငါးထောင်တန် တစ်အုပ်ကမှ နဲနေသေးတယ်လေ ၊

ဟာ ဒီလောက်တောင် ကုန်သွားတာပါလားကွ ၊ မင်းက ငါးထောင်တန်ပြောလို့ တစ်ထောင်တန်ဆို အရွက် ငါးရာနှစ်ဆယ့်ခြောက်ရွက်ပေါ့နော် ၊ တစ်ပေ မှာ တစ်ထောင်တန် ပိုက်ဆံပုံ တစ်ပုံ နှုန်းနဲ့ မျက်စိထဲမြင်ကြည့်ရင် ရန်ကုန်ကနေ မန္တလေးအထိ အဲဒီပိုက်ဆံပုံကြိးက

နည်းမှာမဟုတ်ဘူးကွ ၊

အေး ဒါတောင် ငါက တစ်ဒေါ်လာကို တစ်ထောင်နဲ့ပဲတွက်ထားသေးတာ အဲဒီအမြန်လမ်းဖောက်တုန်းက တစ်ဒေါ်လာကို တစ်ထောင့်နှစ်ရာကျော် နှုန်းလောက်ရှိခဲ့တာကွ ၊ အဲဒီတုန်းက ပိုက်ဆံနဲ့ဆို ဒေါ်လာ တစ်ဘီလီယံဆိုတာ မြန်မာငွေ ကျပ်သန်းပေါင်း

တစ်သန်းနှစ်သိန်းငါးသောင်းလောက်ကိုရှိတာကွ ၊

အေးကွာ ဒီလမ်းကြီးထပ်ချဲ့လို့ ဒီလောက်ထပ်ကုန်မယ်ဆိုရင် ငါတို့တော့ မွဲပါပြီကွာ


Copy from - Hawdeka Khalaylay(FB)

0 comments: