
ဖယ်ဒရယ်ရဲ့အဓိပ္ပာယ်အနှစ်သာရ အဖြစ်
ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့
ပြည်ထောင်စုဆိုတာကို အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မှာ ထည့်သွင်းဖို့
မြန်မာတပ်မတော်က လက်ခံလိုက်ပါပြီ။ ဖယ်ဒရယ်ဆိုတဲ့ အသုံးအနှုန်းကိုရော စစ်တပ်က
လက်ခံပြီလား။
ဒီမိုကရေစီ၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာ ဖယ်ဒရယ်ရဲ့အခြေခံအဖြစ်
လက်ခံလိုက်တာဖြစ်ပြီး ဖယ်ဒရယ်ဆိုတဲ့ ဝေါဟာရအသုံးအနှုန်းကိုတော့
မြန်မာစစ်တပ်က လက်မခံသေးဘူးလို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ
ညှိနှိုင်းရေးအဖွဲ့က ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ဆိုပါတယ်။
မြန်မာငြိမ်းချမ်းရေးစင်တာမှာ မေလ ၂၁ရက်နေ့က ကျင်းပတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ပူးတွဲပြုစုမယ့် လုပ်ငန်းအဖွဲ့ဆွေးနွေးပွဲကို ဝန်ကြီးဦးအောင်မင်းအပါအဝင် ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းဦးဆောင်တဲ့ တပ်မတော်ကိုယ်စားလှယ် ၄ယောက် တက်ရောက်ခဲ့ပါတယ်။
တိုင်းရင်းသားတွေကတော့ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ရဲ့ အခြေခံမူထဲမှာ ဖယ်ဒရယ်ကိစ္စ မဖြစ်မနေ ထည့်ဖို့ကြိုးစားသွားမှာဖြစ်ပြီး တပ်မတော်ဘက်ကတော့ အချိန်ယူစ ဉ်းစားဦးမယ့် သဘော ရှိတယ်လို့ ခွန်ဥက္ကာက ဆိုပါတယ်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ်ပါ အပိုဒ် ၃၃ခုမှာ နိုင်ငံရေးဆိုင်ရာ အခြေခံမူ အများဆုံးပါဝင်တဲ့ အပိုဒ် ၆ပိုဒ်အထိ ညှိနှိုင်းထားပြီး နည်းနာတွေကိုတော့ နောက်ရက်တွေမှာ ဆက်ဆွေးနွေးမယ်လို့ ဆိုပါတယ်။
မြန်မာပြည် နှစ် ၆ဝကြာ ပြည်တွင်းစစ်မှာ မြန်မာစစ်တပ်က အဓိကပါဝင်ပတ်သက်သူမို့ စစ်တပ်မပါဘဲ ငြိမ်းချမ်းရေးလုပ်ဖို့မလွယ်တဲ့အကြောင်း၊
လက်ရှိမှာတော့ နှစ်ဖက်စလုံး ရှေ့ဆက်နိုင်မယ့် ထွက်ပေါက်ကို တွေ့ထားတယ်လို့
ဒေါက်တာဆာခေါင်းက ဆိုပါတယ်။ ဖယ်ဒရယ်ရဲ့အနှစ်သာရကိုတော့ မြန်မာစစ်တပ်က
လက်ခံထားပြီး အခြေခံအင်္ဂါရပ်တွေကိုတော့ နိုင်ငံရေးဆွေးနွေးပွဲမှာ
ဆက်ဆွေးနွေးမယ်လို့ ဆိုပါတယ်။
Copy from - kamayut
ဒီမိုကရေစီ၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတ
မြန်မာငြိမ်းချမ်းရေးစင်တာမ
တိုင်းရင်းသားတွေကတော့ အပစ်အခတ်ရပ်စဲရေးသဘောတူစာချ
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ်ပါ အပိုဒ် ၃၃ခုမှာ နိုင်ငံရေးဆိုင်ရာ အခြေခံမူ အများဆုံးပါဝင်တဲ့ အပိုဒ် ၆ပိုဒ်အထိ ညှိနှိုင်းထားပြီး နည်းနာတွေကိုတော့ နောက်ရက်တွေမှာ ဆက်ဆွေးနွေးမယ်လို့ ဆိုပါတယ်။
မြန်မာပြည် နှစ် ၆ဝကြာ ပြည်တွင်းစစ်မှာ မြန်မာစစ်တပ်က အဓိကပါဝင်ပတ်သက်သူမို့ စစ်တပ်မပါဘဲ ငြိမ်းချမ်းရေးလုပ်ဖို့မလွယ
Copy from - kamayut
0 comments:
Post a Comment