ရှမ်းမြောက်
ကေအိုင်အေ တပ်မဟာ(၄) တပ်ရင်း (၂) နယ်မြေ မန်ဂျယ် နှင့် မန်ထမ် အကြား
လွိုင်လမ်ဘွမ် တွင် မေလ(၁၂)ရက် မနေ့ က မိမိကေအိုင်အေ တပ်နှင့်
ဗမာအစိုးရတပ် ခလရ(၂၁၅) နှင့် ခလရ (၂၁ရ ) ပူးပေါင်းတပ်ဖွဲ့  တို့ 
တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည် ။ တိုက်ပွဲတွင် အစိုးရတပ် မှ အကျအဆုံး
များကြောင်း အစိုးရတပ် အချင်းချင်းပေးပို့ သည့် ကြေးနန်း အရ သိရကြောင်း ကေအိုင်အေ ရှေ့ တန်း အရာရှိများပြောသည်။
ရှမ်းမြောက် တပ်မဟာ(၄) နယ်မြေ လွိုင်လက်ကျေးရွာ သို့  ဗမာအစိုးရတပ် ခမရ (၃၂ရ) တပ်ရင်း မှ အင်အား(ရ၀)ခန့်  ၀င်ရောက်လာကာ အဆိုပါကျေးရွာ မှ အိမ်ထောင်စု (၁၅)စု အား သီးသန့် ရွေးကာ နမ့်ဂွတ်ကျေးရွာ သို့ အတင်းအဓမ္မ ပြောင်းရွှေ့ ရန် ခေါ်ဆောင်သွားကြောင်း သိရသည်။ မည်သည့် အတွက်ကြောင့် ခေါ်ဆောင်သွားကြောင်း မသိရသေးသော်လည်း ကေအိုင်အေ နှင့် ဆက်သွယ်သည်ဟု မင်္သကာ သောကြောင့် စစ်ဆေးမေးမြန်း ရန် ခေါ်ဆောင် သွားခြင်း ဖြစ်နိုင်ကြောင်း ကျေးရွာလူကြီးများက ပြောသည်။
မြစ်ကြီးနား တွင် ကေအိုင်အို ကိုယ်စားလှယ်များ တွေ့ ဆုံဆွေးနွေးရေးအတွက် သွားရောက်နေချိန် တိုက်ပွဲများ ဆက်ဖြစ်နေသည့်အပြင် ဗမာအစိုးရတပ် မှ အင်အားတိုးချဲ့ မှုလည်း ဆက်လက် လုပ်ဆောင် နေဆဲဖြစ်သည် ။
ရှမ်းမြောက် တပ်မဟာ(၄) နယ်မြေ လွိုင်လက်ကျေးရွာ သို့  ဗမာအစိုးရတပ် ခမရ (၃၂ရ) တပ်ရင်း မှ အင်အား(ရ၀)ခန့်  ၀င်ရောက်လာကာ အဆိုပါကျေးရွာ မှ အိမ်ထောင်စု (၁၅)စု အား သီးသန့် ရွေးကာ နမ့်ဂွတ်ကျေးရွာ သို့ အတင်းအဓမ္မ ပြောင်းရွှေ့ ရန် ခေါ်ဆောင်သွားကြောင်း သိရသည်။ မည်သည့် အတွက်ကြောင့် ခေါ်ဆောင်သွားကြောင်း မသိရသေးသော်လည်း ကေအိုင်အေ နှင့် ဆက်သွယ်သည်ဟု မင်္သကာ သောကြောင့် စစ်ဆေးမေးမြန်း ရန် ခေါ်ဆောင် သွားခြင်း ဖြစ်နိုင်ကြောင်း ကျေးရွာလူကြီးများက ပြောသည်။
မြစ်ကြီးနား တွင် ကေအိုင်အို ကိုယ်စားလှယ်များ တွေ့ ဆုံဆွေးနွေးရေးအတွက် သွားရောက်နေချိန် တိုက်ပွဲများ ဆက်ဖြစ်နေသည့်အပြင် ဗမာအစိုးရတပ် မှ အင်အားတိုးချဲ့ မှုလည်း ဆက်လက် လုပ်ဆောင် နေဆဲဖြစ်သည်
သတင်းရင်းမြစ် - ကချင်သတင်းဌာန
0 comments:
Post a Comment