Saturday, May 17, 2014

ခမရ(၄၁၅) တပ်ဖွဲ့ ဝင်များ မှ ရွာသူ(၃)ဦးအား အဓမ္မပြုကျင့်

 

ကေအိုင်အေ တပ်မဟာ(၄)နယ်မြေ ကောင်ဆမ်ကျေးရွာသို့  တပ်မ(၈၈) လက်အောက်ခံ ခမရ(၄၁၅)တပ်ရင်း မေလ(၁၅)ရက် မနက်အစောပိုင်းက ၀င်ရောက်လာပြီး တစ်ရွာလုံးအား ၀င်ရောက် မွှေနှောက်ရှာဖွေ ကာ အဖိုးတန် ပစ္စည်းများ ၊ ငွေကြေးများ လုယူ သွားပြီးနောက် ရွာသူ (၃)ဦး အား အတင်းအကြပ် အဓမ္မပြုကျင့် သွားကြကြောင်း ထပ်မံသိရှိရသည်။
 
၎င်း အဓမ္မ မုဒိန်းပြုကျင့် ခံရသူ ရွာသူ သုံးဦးတွင် အသက် (၁၆)နှစ်အရွယ် ရှမ်းအမျိုးသမီး ငယ် တစ်ဦး နှင့် အိမ်ထောင်သည် ကချင် အမျိုးသမီး(၂)ဦး ပါဝင်သည်ဟု သိရသည်။

တစ်မြန်နေ့ က လည်း ရှမ်းပြည်မြောက်ပိုင်း နမ်ဂွတ်ကျေးရွာ မှ ကချင်အမျိုးသမီး (၆)ဦး အား အစိုးရတပ် ခမရ(၃၂ရ) မှ အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်သွားကြပြီး ၄င်းတို့ ၏ အထုပ်အပိုး ရိက္ခာ များ ထမ်းပေးခဲ့ရသည့် အပြင် မိုင်းရှင်းသည့် သဘောဖြင့် စစ်ကြောင်း၏ ရှေ့ ဆုံးမှ သွားခိုင်းခဲ့ကြောင်း ကေအိုင်အေ တပ်ဖွဲ့ ဝင်များ ခြုံခိုတိုက်ခိုက် မခံရအောင် ကာဗာ အနေဖြင့်လည်း  အသုံးချခဲ့ကြောင်း သိရသည်။
 
အဆိုပါ အမျိုးသမီး(၆)ဦးအား ယခုအခါ ပြန်လွတ်ပေးလိုက်ပြီဖြစ်ကြောင်း ထပ်မံသိရသည်။
 
Copy from - Jade Land

0 comments: