တအာင်းဒေသ၊ နမ့်ခမ်းမြို့နယ်၊ ထတ်ကျက်ရွာ(ပါင်ပလန်း) ကျေးရွာ
ဘုရားတောင်အနီးဝန်းကျင်တွင် အခြေစိုက်ပြောက်ကျားလှုပ်ရှားနေသည့် TNLA
ပြောက်ကျားတပ်များကို မြန်မာ့တပ်မတော် တပ်မ (၈၈) တပ်ဖွဲ့ စစ်ကြောင်းမှ ယနေ့
မေလ ၁၃ ရက် နေ့လည် (၁၁း၁၂) နာရီ အချိန်မှ ၁၂၀၀ နာရီခန့်ထိ
ထိုးစစ်ဆင်တိုက်ခိုက်လာသဖြင့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားကြရာ တပ်မ(၈၈) မှ ၆
ဦးကျဆုံးပြီး အများအပြားထိခိုက်ဒါဏ်ရာရရှိခဲ့ကြသည်။
တအာင်းတပ်မတော် တပ်ရင်း (၄၇၈) သည် ပြောက်ကျားစခန်းများဆီသို့
စစ်ကြောင်းနှစ်ကြောင်းဖြင့် ဖြန့်ခွဲစစ်ဆင်လာသည့် မြန်မာစစ်တပ် တပ်မ (၈၈)
ကို အကောင်းဆုံးနေရာယူပြင်ဆင်ပြီး ခုခံတိုက်ခိုက်ရာ တနာရီနီးပါးကြာ
ရင်ဆိုင်တိုက်ပွဲတွင် မြန်မာတို့အထိနာပြီးတပ်ပြန်ဆုတ်သွားခဲ့သည်။
တအာင်းတပ်မတော် TNLA စိုးမိုးထားသည့် တအာင်းဒေသတခွင်လုံးတွင်
မြန်မာ့တပ်မတော် ဒေသအခြေစိုက် ရမခ တိုင်းလက်အောက်ခံတပ်ရင်း (၈)ရင်း၊ စကခ
(၁)မှ တပ်ရင်း (၁၀)ရင်း၊ စကခ (၁၆)မှ တပ်ရင်း (၁၀)ရင်း၊ တပ်မ (၇၇)မှ
တပ်ရင်း(၁၀)ရင်း၊ တပ်မ(၈၈)မှ တပ်ရင်း(၇) ရင်း (တပ်မ-၈၈မှ ၃ ရင်းမှာ
ကချင်တပ်မဟာ-၃ တွင်ထိုးစ်ဆင်နေ)နှင့် တပ်မ(၅၅)မှ တပ်ရင်း (၂) ရင်း
စုစုပေါင်း မြန်မာ့တပ်မတော် တပ်ရင်း ၄၇ ရင်း
ထိုးစစ်ဆင်လှုပ်ရှားနေလျှက်ရှိသည်။
မေလ ၆ ရက်နေ့မှစတင်ပြီး ကေအိုင်အေ
တပ်မဟာ ၄ နယ်မြေ မုံးကိုးနယ်တ၀ိုက်တွင်လည်း KIA၊ TNLA၊ MNDAA
ကိုးကန့်တပ်မတော် စုပေါင်းတပ်ဖွဲ့များကို မြန်မာ့တပ်မတော် တပ်ရင်း (၁၃)
ရင်းရှိသည့် စစ်ကြောင်းများက ဆက်တိုက်ထိုးစစ်ဆင်ပြီး
နေ့စဉ်တိုက်ပွဲဖြစ်ပွားလျှက်ရှိသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉၄၉၃၁၄၉၅၁၊ ၀၉၄၇၀၉၇၇၇၂၊ ၀၉၂၅၆၄၆၅၆၈၁၊ ၀၆၉၂၆၂၂၄၈၅၈
၀၉၄၉၃၁၄၉၅၁၊ ၀၉၄၇၀၉၇၇၇၂၊ ၀၉၂၅၆၄၆၅၆၈၁၊ ၀၆၉၂၆၂၂၄၈၅၈
0 comments:
Post a Comment