Tuesday, May 20, 2014

မန္တလေးတိုင်း ပုသိမ်ကြီးမြီု့နယ် နှမ်းကြဲကျေးရွာအုပ်စုမှ ဘုန်တော်ကြီးကျောင်းအား မြီု့နယ်သံဃနာယကအဖွဲ့နှင့်ရဲတပ်ဖွဲ့တို့မှအဓမ္မ ဖျက်ဆီးခံ

 
ဘယ်သူမှတော့ပျော်လို့ ရောက်လာကြမှာမဟုတ်ဘူး နေဝင်ရီတယောမှာ ရွာကလူတွေဝိုင်းကူသယ်ခွင့်မရပဲ ကိုရင်လေးတွေ သီလရှင်လေးတွေကိုယ်တိုင် လယ်ကွင်း ခေါင်ခေါင်ကို ပစ္စည်းတနိုင်တပိုင်သယ်ယူရွှေ့ပြောင်းပြီး လာနေရရှာတယ် တဲ့ (လာကူပေးတဲ့ ရွာနီးနားက အဒေါ်တစ်ယောက်ပြောပြချက်) ဒါကြောင့် ဘာကြောင့် ဖြစ်ရတာလဲဆိုတာ ခဏမေ့ထားပြီး ကြည့်လိုက်ပါအုံး ဒီလိုဝေးလံလွန်းပြီး ပုသိမ်ကြီးမြို့အစွန် တောင်ခြေနားက ဒုက္ခသုက္ခ ရောက်တဲ့နေရာမှာ ကိုရင်ပိစိလေးတွေ သီလရှင်လေးတွေ စေတနာအပြည့်နဲ့ စာသင်ပေးနေတဲ့ ဆရာမငယ်လေးတွေ ကွင်းပြင်ကြီးမှာ ယာယီတဲလေးတွေ ထိုးပြီးဖြစ်သလို နေနေရတယ်
 
 
စားစရာ ရေ နေစရာ ကျောင်း ပြီးလက်ရှိ အဓိကလိုအပ်နေတာ အရေးပေါ် အိမ်သာပါ မသုံးတော့တဲ့ သင်္ကန်းအပါးစလေးကို ဖြစ်သလိုပတ်ပြီး မလုံမခြုံတက်နေရတဲ့ စိတ်မသက်သာစရာ မြင်ကွင်း တမိုင်ကျော်လောက် ရှိတဲ့တာဘောင်မှာရေသွားချိုးနေရတယ

အဒေါ်ကြီးတစ်ယောက်က ကလေးတစ်လေး တစ်ယောက်ဆို ရှမ်းပြည်တော်တော်ဝေးပြီး သူ့တို့ဘက်မှာ သူပုန်များလို့ဆိုပြီး ကလေးအသက်စိုးရိမ်လို့ ၃နှစ်အရွယ် ကလေးငယ်လေးကို မိဘကိုယ်တိုင် ကျောင်းကိုခဏလာအပ်သွားတာ အခုလိုမြင်ကွင်းမျိုးသာမြင်ရင် ဘယ်လောက်ရင် ကျိုးလိုက်မလဲကွယ် တဲ့ 
 
      ဒီနေ့တော့ ဝန်ထမ်းတွေနဲ့စုပေါင်းထားတဲ့ ပရဟိတရံပုံငွေနဲ့ ဆီဝယ် ခေါက်ဆွဲခြောက်အလှူခံ ကလေးတစ်ယာက်က ဆန်တစ်အိပ်လှူတာကို ကိုဝမ်းနဲ့သွားလှူ အိမ်သာဆောက်ဖို့ အတွက် ကိုဝမ်းဆီ ၅သောင်းလှူခဲ့ပြီ နောက်ပိုင်းတော့ တတ်နိုင်သလောက် ဝိုင်းကူဖို့ရှိမယ် အခက်ခဲဖြစ်နေသူတွေ အတွက် စာနာမယ့်လက်တစုံဖြစ်မယ်ဆိုရင်တော့
Ko Lwin 0943102224
ကိုဝမ်း 09402773282
ဦးဥတ္တမ 0943143767

0 comments: