Friday, May 2, 2014

မေလ (၁)ရက်နေ့ ကချင်ဒေသ တိုက်ပွဲ သတင်း

KIA တပ်မဟာ(၅)ဒေသ သို့ မြန်မာတပ်များ စစ်အင်အားထပ်မံတိုး ချဲ့ နေ
KIA နက်မြေထဲသို့ ထိုးစစ်ဆင်ကျူးကျော် ၀င်ရောက် လာသော အစိုးရ စစ်တပ် ယာဉ်တန်းအား KIA, မှပဒေသာမိုင်းဖြင့် ဟန့်တားတိုက်ခိုက်အပြီးမြင်တွေ့ရ စဉ်။
 
မြစ်ကြီးနား ဗန်းမော် ကားလမ်းပိုင်းမှတဆင့် မြန်မာတပ် စစ်ယာဉ်တန်း စစ်ကြောင်း မေလ(၁)ရက် နေ့ လည်ပိုင်းက ကေအိုင်အေ တပ်မဟာ(၅)ဒေသ သို့ ဦးတည်ကာ တက်သွားကြောင်းသိရသည်။ စစ်သားအပြည့်တင်ဆောင်ထားသော စစ်ကား(၁၀)စီးပါဝင်ပြီး (၃)စီး မှာ ကျောက်စခန်း မှတဆင့် ဆန်ဂန်ဒေသ ဘက်သို့ ဦးတည်ကာ တက်သွားပြီး ကျန် (ရ)စီးမှာ ဌာနချုပ်အနီး ဒေါ့ဖုန်းယန် ဒေသဘက်သို့ ဦးတည်ကာ တက်သွားကြောင်းသိရသည်။

ယခုရက်ပိုင်းအတွင်း ကေအိုင်အေ တပ်မဟာ(၅) ဒေသ ဘက်သို့  မြစ်ကြီးနား ဗန်းမော် ကားလမ်းပိုင်း နှင့် ဗန်းမော် -လိုင်ဇာ ကားလမ်းပိုင်း တို့ မှ တဆင့် မြန်မာအစိုးရတပ် စစ်ကြောင်း စစ်ယာဉ်တန်းများ တောက်လျှောက် ပို့ ဆောင်နေကာ အင်အားတိုးချဲ့ နေကြောင်း ထပ်မံသိရှိရသည် ။
တိုက်ပွဲကြီးများ ဆက်တိုက်ဖြစ်ပွားနေဆဲ အစိုးရတပ် ထိခိုက်ကျဆုံးမှုများနေ

မေလ( ၁)ရက်နေ့  ညနေ (၃း၀၀)နာရီအချိန် ခန့် က ကေအိုင်အေ တပ်မဟာ(၄) ရင်း (၃၆)နယ်မြေ လွယ်ဆာ နှင့် ဘန်ခမ်ကျေးရွာအကြား မိမိ ကေအိုင်အေ တပ်ဖွဲ့ များ နှင့် တပ်ရင်းနာမည် မသိသော မြန်မာတပ် တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားနေစဉ် မုန်းဘော့် မြန်မာတပ်စခန်းမှ လက်နက်ကြီးများ ဖြင့် မိမိကေအိုင်အေ တပ်စခန်းရှိရာများသို့ အဆက်မပြတ် ပစ်ထည့်ကာ
ပစ်ကူပေးနေခဲ့သည်။ တိုက်ပွဲတွင် မြန်မာတပ်မှ (၁၀)ဦးထက်မနည်း ကျဆုံးပြီး ထိခိုက်မှုများကြောင်း သိရသည်

ကေအိုင်အေ တပ်မဟာ(၃) ရင်း (၂ရ) နယ်မြေ ကျောက်ဖျာ ဟုခေါ်သောကျေးရွာအနီး တောင်ကုန်းပေါ်တွင် စခန်းချနေသော မြန်မာတပ် ခလရ(၆၈)(၆၉)ပူးပေါင်းတပ်ဖွဲ့  အား မေလ(၁)ရက် နေ့ လည် (၁း၀၀)နာရီခန့် အချိန်တွင် မိမိကေအိုင်အေ တပ် မှ လျှပ်တပြက် ၀င်ရောက်တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်းသိရသည်။ လျှပ်တပြက် ၀င်ရောက်တိုက်ခိုက်ခံရခြင်းကြောင့် မြန်မာတပ်များ အထိနာကာ အကျအဆုံးများစွာဖြင့် ဆုတ်ခွာသွားခဲ့သည်။ မိမိ ကေအိုင်အေ တပ်မှ ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း ထပ်မံသိရသည်။

 
Copy from - Myutsaw kasa

0 comments: