Wednesday, May 14, 2014

အစိုးရနဲ့ ကေအိုင်အို အချက် ၅ချက် သဘောတု



ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ­်ငန်းကော်မတီနဲ့ KIO ကိုယ်စားလှယ် အဖွဲ့တွေက မေလ၂၃ ရက်နေ့မှာ ဆွေးနွေးနေကြပါတယ်။ အဲ့ဒီ့ ဆွေးနွေးပွဲကနေ အစိုးရနဲ့ ကချင်လွတ်လပ်ရေး အဖွဲ့တို့ဟာ မြစ်ကြီးနားမြို့မှာ မေလ ၁၃ ရက်နေ့က ဆွေးနွေးကြပြီး မနှစ်တုန်းက သဘောတူထားပြီးဖြစ်တဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ချုပ်ငြိမ်းရေးပူးတွဲ စောင့်ကြည့်ရေး ကော်မတီဖွဲ့စည်းဖို့ ကိစ္စအပါ­အ၀င် အချက် ၅ ချက်ကို သဘောတူလိုက်ကြ ပါတယ်။
 
ဆွေးနွေးပွဲမှာ ၂၀၁၃ အောက်တိုဘာနောက်ပိုင်း မှာဖြစ်ပေါ်ခဲ့တဲ့ အခြေအ နေတွေနဲ့ ပြီးခဲ့တဲ့နှစ်က နှစ်ဖက်အကြား သဘောတူညီထားတဲ့ အချက်တွေကို ဆွေးနွေးခဲ့ကြ ပြီး အချက် ၅ ချက်ပါ သဘောထားကို ပူးတွဲထုတ်ပြန်လိုက်ပါတယ်။
 
ဒီထုတ်ပြန်ချက်မှာ မနှစ်အောက်တိုဘာလ မြစ်ကြီးနားမြို့ တွေ့ဆုံပွဲ တုန်းက သဘော တူခဲ့ တဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေ ချုပ်ငြိမ်းရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတ­ီဖွဲ့စည်းဖို့ ကိစ္စအပါ အ၀င် အချက် ၅ ချက်ကို သဘောတူ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
 
ဒီဆွေးနွေးပွဲမှာ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း အဖွဲ့ကပြည် ထောင်စုဝန်ကြီး ဦးအောင်မင်းအပါအ၀င်၊ ၀န်ကြီး ၅ ဦးတက်ရောက်ခဲ့ပြီး ကေအိုင်အိုဖက်ကတော့ ဦးဆွမ်လွတ်ဂမ်ဦးဆောင်တဲ့ ကေအိုင်အိုအဖွဲ့တို့ ဆွေးနွေးကြတာဖြစ်ပါတယ်။ဒီဆွေးနွေးပွဲအတွင်­း အစိုးရတပ် အရာရှိတွေအပါအ၀င် လွတ်တော်ကိုယ်စား လှယ်တွေ ကုလသမဂနဲ့ တရုတ်နိုင်ငံက ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တွေနဲ့ လေ့လာစောင့်ကြည်သူအနေနဲ့ တက်ရောက်ခဲ့ပါတယ်။
 
အစည်းအဝေးပဲကို တက်ရောက်တဲ့ ကရင်အမျိုးသား အစည်းအရုံး အတွင်းရေးမှူး ပဒိုကွယ် ထူးဝင်းကတော့ အခုလို ဆွေးနွေးသဘာတူတာဟာ ကောင်းတဲ့အလားအလာဖြစ်ပြီး တပြည်လုံး အပစ်ခတ် ရပ်စဲနိုင်ရေးအတွက် ပိုပြီးအလားကောင်းတယ်လို့ ပြောပါတယ်။ အစိုးရနဲ့ကေအိုင်အို အကြားတိုက်ပ­ွဲတွေကြောင့် နဂိုက အခု မေလဆန်းပိုင်းမှာ ကျင်းပဖို့ရှိတဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်အဖွဲ့အကြား တွေ့ဆုံပွဲကို မေလနှောင်းပိုင်းကို ရွှေ့ဆိုင်းခဲ့ပါတယ်။
 
Copy from - DVB

0 comments: