Monday, April 14, 2014

မြန်မာအစိုးရတပ် ၏ ကချင်ဒေသတွင်း စစ်ရေးလှုပ်ရှားမှု အခြေအနေ Up date

 
ဧပြီ (၁၃)ရက် မနက် (၁၀း၃၀)နာရီ အချိန်က ဗန်းမော် မှ တက်လာသော အစိုးရစစ်ယာဉ်တန်း ကား အစီး(၈)စီး အင်အား (၁၀၀)ခန့်  သည် ဗန်းမော် -လွယ်ဂျယ် လမ်းအတိုင်းတက်လာပြီး မိုးမောက် အထက်ဘက် ခ၀မ်ဘမ်ကျေးရွာတွင် ရောက်ရှိနေကြောင်းသိရသည်။

ဧပြီ (၁၃) ရက် မနက် (၈း၀၀)နာရီ ခန့် က ရှမ်းမြောက် နမ့်ခမ်း မှ တက်လာသော အစိုးရ စစ်ကြောင်း ကား (၃)စီး အင်အား (ရ၀)ခန့်  ကေအိုင်အေ တပ်ရင်း (၂ရ)နယ်မြေ မန်ဝိန်းကြီး ဒေသ သို့ ဝင်ရောက်လာကြောင်း သိရသည်။

ဧပြီ (၁၃)ရက် ညနေ (၄း၅၀)နာရီ ခန့် က ရေကြောင်းမှ တက်လာသော တပ်မ(၈၈)လက်အောက်ခံတပ်များ အင်အား (ရ၀)ခန့် သည် စစ်ကား(၅)စီး အပြည့်ဖြင့် ဗန်းမော် အခြေစိုက် ဒကစ (၂၁) တပ်ရင်း သို့ ရောက်ရှိနေကြောင်း သိရသည်။

ဧပြီ (၁၃)ရက် မနက်( ရး၁၅)နာရီ ဗန်းမော် ဗျုဟာကုန်း မှ ထွက်လာသော အစိုးရတပ်အင်အား (200)ခန့်  လက်နက်ရိက္ခာ အပြည့်ဖြင့် ကားအစီး(၁၆)စီးဖြင့် ဗန်းမော် -မန်ဂျယ် -ကိုင်ထိပ်-အောက်ချောင်း ဘက်သို့ 
ဦးတည်ကာ ဆင်းသွားကြောင်းသွားကြောင်းသိရသည်။

ဧပြီ(၁၃)ရက် မနက်(၉း၀၀)နာရီခန့်  ကေအိုင်အေ တပ်မဟာ(၂) တပ်ရင်း (၁၄) နယ်မြေ လ၀ါးယန်ကျေးရွာ မှ စစ်ကား(ရ)စီးဖြင့် ထွက်လာသော မြန်မာအစိုးရတပ် အင်အား(၁၅၀)ခန့်  သည် ညနေ (၃း၀၀)နာရီ ခန့် တွင် တနိုင်းမြို့ သို့ ဝင်ရောက်လာကြောင်း ထပ်မံသိရသည်။

သတင်းရင်းမြစ် - ကချင်သတင်းဌာန

0 comments: