၃ ရက် ဖေဖော်ဝါရီလ ၂၀၁၄။
ယနေ့ ဖေဖော်ဝါရီလ ၃ ရက် နံနက် ၀၆း၀၀ နာရီအချိန်ခန့်တွင် တအန်းတပ်မတော် (၇၁၇) တပ်ရင်း ၏ လှုပ်ရှားတပ်ဖွဲ့နှင့် မြန်မာတပ် ခလရ (၉၅) တို့ မိုးကုတ်မြို့နယ် အေးသာယာရွာ အနီးတွင် နှစ်ဖက် ရင်ဆိုင်တိုက်ပွဲဖြစ်ပွာ
မိုးကုတ်နှင့်ကျောက်မဲအစပ်တွင်ရ
တိုက်ပွဲမှာ ၀၆း၄၅ နာရီခန့်တွင်ပြီးဆုံးခဲ့ပြီး တနာရီနီးပါးကြာတိုက်ပွဲတွင် မြန်မာတပ်ဖွဲ့တို့ ဆုတ်ခွာသွားသဖြင့် တိုက်ပွဲအ ဆုံးသတ်ခဲ့သည်။
တအန်းတပ်ဖွဲ့က မြန်မာတပ် ခလရ(၉၅)၏ MA.1 တလက် သိမ်းဆီးရမိသည်ဟု တပ်ရင်း ၇၁၇ တပ်ရင်းမှူးမှ တိုက်ပွဲအစီရင်ခံစာ ပေးပို့ခဲ့သည
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၉၃၁ ၄၉၅၁
၀၉ ၄၇၀၉ ၇၇၇၂
တိုက်ပွဲ နောက်ဆက်တွဲ update...
မြန်မာတပ်မှာ ခလရ (၂၂၃) ဖြစ်ပြီး ခလရ (၉၅) မဟုတ်ပါ။
တိုက်ပွဲတွင် မြန်မာ ၂၂၃ မှ တပ်ကြပ်ကြီး တဦးကျဆုံးပြီး- MA 1 တလက်၊ ကျည် ၁၅၀ တောင့်၊ လက်ထောက်ဗုံး ကျည် ၁၂ လုံး၊ I.Com စကားပြောစက် ၂ လုံး သိမ်းဆည်းရမိသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၉၃၁ ၄၉၅၁
0 comments:
Post a Comment