
၎ ရက် ဧပြီလ ၂၀၁၄ ခုနှစ်။
ကွတ်ခိုင်မြို့နယ် မန်နိမ်အုပ်စု သာပန်းကုန်းရွာအနီးတွင် အစိုးရတပ်နှင့် TNLA (၁၀၁)တပ်ရင်းတို့မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ကွတ်ခိုင်မြို့နယ် မန်နိမ်အုပ်စု သာပန်းကုန်းရွာအနီးတွင် အစိုးရတပ်နှင့် TNLA (၁၀၁)တပ်ရင်းတို့မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“တိုက်ပွဲက မနက် ၃ နာရီကနေ ၃ ခွဲအထိ တစ်ကြိမ်၊ ဒီနေ့လည် ၁၀-နာရီ ၂၀မိနစ်ကနေ ၁၁-နာရီအထိ တစ်ကြိမ် ၂ကြိမ်တိတိ ဖြစ်တယ်၊ ကျတော်တို့ဘက်တော့ အထိအခိုက် မရှိပါဘူး အစိုးတပ်ဘက်မှ အထိအခိုက် မသိရှိရသေးပေ’’ဟု TNLA (၁၀၁)တပ်ရင်းရင်းမှူးမှ အတည်ပြုပြောဆို။
တိုက်ပွဲတွင်ပါဝင်ခဲ့သော အစိုးရတပ်မှာ အင်အား ၄၀ ကျော်ရှိ ခလရ (၄၅)တပ်ရင်းနှင့် ၀ါယော့ ပြည့်သူ့စစ်ခန်းမှ အင်အား(၆၀)ကျော်ရှိ ပန်ဆေး ပြည့်သူ့စစ်လက်အောက်ခံ ၀ါယော့ပြည့်သူ့စစ်များ ဖြစ်သည်။
၎င်းနယ်မြေသည် TNLAမှ ပုံမှန် လုံခြုံရေးကင်းလှည့်သည့် နယ်မြေဖြစ်ပြီး ပန်ဆေးပြည့်သူ့စစ်မှလည်း စိုးမိုးထားသည့် ဘိန်းစိုက်ပျိုး နယ်မြေဖြစ်သည်။
သတင်းနှင့်ပြန်ကြားရေးဌာန
P.S.L.F/T.N.L.A
၀၉ ၄၉၃၁၄၉၅၁
၀၉ ၄၇၀၉၇၇၇၂
0 comments:
Post a Comment