Saturday, April 5, 2014

KIA,နှင့် ယနေ့ဖြစ်ပွားသောတိုက်ပွဲ၌ အစိုးရတပ်မှ ဗိုလ်မှူး တစ်ဦးကျ


ယနေ့  ၂၀၁၄၊ဧပြီ (၄)ရက် နေ့ မွန်းလွဲပိုင်း၌ ရှမ်းပြည်နယ် နှင့် ကချင်ပြည်နယ် နယ်စပ် ကချင်ပ်ြနယ် ဘက်ခြမ်းရှိ KIA,တပ်မဟာ(၃) လက်အောက်ခံ KIA,တပ်ရင်း (၂ရ)နယ်မြေဖြစ်သော မန်မောင်းကျေးရွာ အနီးသို့ စစ်ကြောင်းထိုးကာကျုးကျော်ဝင်ရောက် လှုပ်ရှားနေသော မြန်မာအစိုးရစစ်တပ် (ဆ.က.ခ-၅၆၇) တပ် နှင့် KIA,တပ်ရင်း (၂ရ) တပ်ဖွဲ့ ဝင်များ ထိတွေ့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ အစိုးရတပ် (ဆ.က.ခ-၅၆ရ)တပ်မှ ဗိုလ်မှူးမျိုးညွန့် စိုး နှင့် တပ်သား လှဝင်းရွှေ ဆိုသူ နှစ်ဦးကျဆုံးသွားကြောင်း သိရသည်။
 
ယခုရက်ပိုင်းအတွင်း KIA, နယ်မြေအသီးသီး သို့ ဗမာအစိုးရတပ်များ အင်အားအလုံးအရင်း တိုးချဲ့ နေသောကြောင့် တိုက်ပွဲများ အဆက်မပြတ် ထပ်မံဖြစ်ပွား နိုင်ကြောင်း KIA, ရှေ့ တန်းမှ အရာရှိများ သုံးသပ်ပြောကြားသည်။
 
သတင်းရင်းမြစ် - ကချင်သတင်းဌာန

0 comments: