
တောင်ကိုရီးယား ကမ်းရိုးတန်းစောင့်တပ်နဲ့ ရေတပ်က ရေငုပ်သမားတွေဟာ ရှာဖွေရေးလုပ်ငန်း တွေကို ဧပြီလ ၁၇ ရက်နေ့မှာ စတင်နေပါပြီ။
ဂျဲဂျုကျွန်းကို ကျောင်းခရီးစဉ်နဲ့သွားတဲ့ အထက်တန်းကျောင်းသား အများအပြား အပါအ၀င် လူ ၂၉၀ ကတော့ သင်္ဘောနစ်မြှုပ်မှုအတွင်း ပျောက်ဆုံးနေဆဲပါ။ သင်္ဘောနစ်မှု ဒုတိယနေ့မှာ ပျောက်ဆုံးနေသူတွေကို ရှာဖွေရေး တိုးတက်မှုတွေကို သိရဖို့ မိသားစုဝင်တွေက ကမ်းရိုးတန်းမြို့ ဂျင်းဒိုကို စုရုံးရောက်ရှိ လာပါပြီ။
ဂျင်းဒိုကမ်းရိုးတန်းစောင့်တပ်က
အရာရှိရဲ့ အဆိုအရ သင်္ဘောနစ်မြှုပ်ရာ နေရာကရေပြင်ဟာ တောင်ကိုရီးယား
ကမ်းရိုးတန်းမှာ လှိုင်းအပြင်းဆုံး နေရာလို့ဆိုပါတယ်။ ဒါကြောင့်
တစိတ်တပိုင်း နစ်မြှုပ်နေတဲ့ သင်္ဘောရှိရာ ရေပြင်ကိုရောက်ဖို့
ရေငုပ်သမားတွေဟာ နာရီအတော်များများ ကြာအောင် ကြိုးစားခဲ့ရပါတယ်။
ဧပြီလ ၁၅ ရက်နေ့ ညနေပိုင်းက အင်ချုံဆိပ်ကမ်းက ထွက်လာချိန်မှာ သင်္ဘောပေါ်မှာ လူ အယောက် ၄၅၀ ကျော် စီးနင်းခဲ့တာပါ။ အယောက် ၃၄၀ လောက်ကတော့ ဆိုးလ်မြို့တော်နားက ဒန်ဝန်အထက်တန်းကျောင်းက ဆယ်ကျော်သက်တွေနဲ့ ဆရာတွေ ဖြစ်ပါတယ်။ လောလောဆယ် မှာတော့ လူ ၁၇၉ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီး ၆ယောက် သေဆုံးတယ်လို့ အတည်ပြုပြီးပါပြီ။
ဒီဖြစ်ရပ်ဟာ တောင်ကိုရီးယားရဲ့ ရေကြောင်းမတော်တဆမှုသမိုင်း
အနှစ် ၂၀ အတွင်း အဆိုးရွားဆုံးလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်၂၀က
ဂျပန်နိုင်ငံမှာ တည်ဆောက်ခဲ့တဲ့ ဒီသင်္ဘော ဘာကြောင့် နစ်မြှုပ်တယ်ဆိုတာတော့
မသိရသေးပါဘူး။
Copy from : DVB
ဂျဲဂျုကျွန်းကို ကျောင်းခရီးစဉ်နဲ့သွားတဲ့ အထက်တန်းကျောင်းသား အများအပြား အပါအ၀င် လူ ၂၉၀ ကတော့ သင်္ဘောနစ်မြှုပ်မှုအတွင်း ပျောက်ဆုံးနေဆဲပါ။ သင်္ဘောနစ်မှု ဒုတိယနေ့မှာ ပျောက်ဆုံးနေသူတွေကို ရှာဖွေရေး တိုးတက်မှုတွေကို သိရဖို့ မိသားစုဝင်တွေက ကမ်းရိုးတန်းမြို့ ဂျင်းဒိုကို စုရုံးရောက်ရှိ လာပါပြီ။
ဂျင်းဒိုကမ်းရိုးတန်းစောင
ဧပြီလ ၁၅ ရက်နေ့ ညနေပိုင်းက အင်ချုံဆိပ်ကမ်းက ထွက်လာချိန်မှာ သင်္ဘောပေါ်မှာ လူ အယောက် ၄၅၀ ကျော် စီးနင်းခဲ့တာပါ။ အယောက် ၃၄၀ လောက်ကတော့ ဆိုးလ်မြို့တော်နားက ဒန်ဝန်အထက်တန်းကျောင်းက ဆယ်ကျော်သက်တွေနဲ့ ဆရာတွေ ဖြစ်ပါတယ်။ လောလောဆယ် မှာတော့ လူ ၁၇၉ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီး ၆ယောက် သေဆုံးတယ်လို့ အတည်ပြုပြီးပါပြီ။
ဒီဖြစ်ရပ်ဟာ တောင်ကိုရီးယားရဲ့ ရေကြောင်းမတော်တဆမှုသမိုင်း
Copy from : DVB
0 comments:
Post a Comment