
ဧပြီ (၁၆)ရက် မနေ့ က ကေအိုင်အေ တပ်မဟာ(၃) တပ်ရင်း(၁) ဒေသ ဘက်တွင် တိုက်ပွဲ ပြင်းထန်စွာ စတင်ဖြစ်ပွားနေကြောင်း သိရသည်
။ KIA တပ်မဟာ(၃) တပ်ရင်း (၂ရ)ဘက်တွင် တိုက်ပွဲများ ရက်ဆက် ဖြစ်ပွားနေရာမှ
တပ်ရင်း(၁)နယ်မြေ ဘက်တွင်ပါ စတင် ဖြစ်ပွားလာနေကြောင်း သိရသည် ။
ဧပြီ(၁၆)မနေ
့က မနက် (၅)နာရီခန့် မှ (၁၁း၃၀)နာရီ အချိန်ထိတိုင် ခါ့စူကောင် ၊
ဖါ့လွမ်ဘွမ် နှင့် ကေအိုင်အေ တပ်ဖွဲ
့ဝင်များ စခန်းချထားရာ မိုင်ဆပ်ကောင် စခန်း အနီးသို့  မြန်မာအစိုးရတပ်များ
အင်အား အလုံးအရင်း ထိုးကာ ၀င်ရောက် တိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်စွာ
စတင် ဖြစ်ပွားခဲ့ကြောင်း သိရသ ည်။
တိုက်ပွဲတွင် မိမိ ကေအိုင်အေ တပ်ဖွဲ့ ဝင် (၃)ဦး ထိခိုက်မှု ရှိခဲ့ပြီး အစိုးရတပ်ဘက်မှ ထိခိုက်ကျဆုံးမှု များပြားနေကြောင်း သိရသည် ။
Copy from - Jade Land
0 comments:
Post a Comment